လာမယ့်ဘောလုံးရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းကို စတင်ကိုင်တွယ်သွားတော့မယ့် နည်းပြသစ် အဲရစ်တန်ဟက်ဂ်အတွက် ယူနိုက်တက်ဘက်က အပြောင်းအရွှေ့ အသုံးစရိတ်အဖြစ် ပေါင်သန်း(၁၀၀)အထိ ခွင့်ပြုထားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် တန်ဟက်ဂ်ကတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်မယ့် ကစားသမားတွေထဲကမှ အကောင်းဆုံး ကစားသမားတွေကိုသာ ရှာဖွေထားဖို့ အသင်းရဲ့ ကင်းထောက်တွေကို တာဝန်ပေးထားတယ်လို့ သိရှိရပါတယ်။

Erik ten Hag has told Man Utd to find the best free transfers available this summer with the club operating on a budget

Photo Credit : The Sun

ယူနိုက်တက်အသင်းဟာ အသင်းရဲ့ ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ရဲ့ ခေတ်အလွန်မှာ အပြောင်းအရွှေ့ အသုံးစရိတ်အဖြစ် စုစုပေါင်း တစ်ဘီလီယံလောက်အထိပါ သုံးစွဲထားခဲ့တာဖြစ်ပြီး ယူရိုပါလိဂ်ဖလား(၁)လုံး အက်အေဖလား(၁)လုံး လိဂ်ဖလား(၁)လုံးနဲ့ ကွန်မြူနတီဒိုင်း(၁)ကြိမ် ရယူနိုင်ခဲ့ပြီး နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ဘောလုံးရာသီ (၅)ရာသီဆက်တိုက် ဆုဖလားလက်မဲ့ ဘောလုံးရာသီတွေအဖြစ်နဲ့ ဖြတ်သန်းခဲ့ရသလို ကစားသမားတွေအတွက် ငွေကြေးများစွာ သုံးစွဲခဲ့ပြီး ခေါ်ယူခဲ့တဲ့ ကစားသမားများစွာကလည်း အသင်းအပေါ် သိပ်အကျိုးမပြုနိုင်သူတွေ ဖြစ်နေရပါတယ်။

Phillips on Man Utd transfer rumours

Photo Credit : CaughtOffside

ဒီလို အခြေအနေတွေကြောင့် ယူနိုက်တက်နည်းပြသစ်အဖြစ် တာဝန်ယူသွားတော့မယ့် တန်ဟက်ဂ်က စျေးကွက် ဖွင့်လှစ်ချိန်အတွင်း ငွေကြေးသုံးစွဲမှုတွေ ခပ်ကြမ်းကြမ်း လုပ်ဆောင်ဖို့ထက် free agents ကစားသမားတွေထဲကမှ အကောင်းဆုံး ကစားသမားများကို ခေါ်ယူသွားချင်နေပြီး ကင်းထောက်တွေကိုလည်း တာဝန်ပေးထားအပ်ထားတယ်လို့ သိရပါတယ်။ လာမယ့်စျေးကွက်ထဲ လက်ရှိကလပ်အသင်းတွေနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးကြတော့မယ့် ကစားသမားတွေစာရင်းမှာ ဂျုဗင်တပ်စ် တိုက်စစ်ကစားသမား ပေါ်လိုဒီဘားလား အေစီမီလန် ကွင်းလယ်ကစားသမား ဖရန့်ကတ်ဆေး ဘာစီလိုနာ တိုက်စစ်ကစားသမား အူစမန်ဒမ်ဘီလီ ပီအက်စ်ဂျီ တိုက်စစ်ကစားသမား ကီလီယန်အမ်ဘာပေ အေစီမီလန် နောက်ခံကစားသမား အလက်စီယိုရိုမက်နိုဂလီတို့လို ထိပ်တန်းကစားသမား အများအပြား ပါဝင်လို့နေပြီး လက်ရှိမှာလည်း ယူနိုက်တက်ဘက်က ဒီဘားလားနဲ့ ဒမ်ဘီလီတို့ကို ပစ်မှတ်ထားနေတဲ့အပြင် တန်ဟက်ဂ်ကလည်း သူ့အသင်းဟောင်း အေဂျက်စ်ရဲ့ ညာနောက်ခံကစားသမား နူဆီယာမာဇရာအူရီကိုပါ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့ ဆန္ဒရှိလို့နေပါတယ်။