ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘဏ္ဍာရေးအရ အရှုံးပေါ်ခဲ့ပေမယ့် အသင်းရဲ့ ဝန်ထမ်းတွေ အားလုံးကို လစာ တိုးပေးခဲ့ကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ကွင်းဝင်ကြေး မရရှိတဲ့ ကိုဗစ်ကာလ အတွင်းမှာ အသင်းရဲ့ ဝန်ထမ်းတွေကို အခြား ပရီးမီးယားလိဂ် အသင်းတချို့လို လစာ လျှော့ချခြင်း မရှိခဲ့သလို ယခုနှစ်မှာဆိုရင် လစာငွေတောင် တိုးမြှင့်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Metro

မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းဝန်ထမ်းတွေ အားလုံးရဲ့ တနာရီစာ လုပ်အားခကို တိုးမြှင့်ပေးခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

ထွက်ပေါ်လာတဲ့ သတင်းတွေအရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းဝန်ထမ်းတွေရဲ့ တနာရီစာ လုပ်အားခကို ၁၀ပေါင် အထိ တိုးမြှင့်ပေးဖို့ စီစဉ်ခဲ့တာ ဖြစ်ကြောင်း သိရပြီး အဆိုပါ လစာတိုးပေးမှုကြောင့် ယခင်က တနာရီကို ၂၀ပေါင် ရနေတဲ့ ဝန်ထမ်း တဦးဟာ ယခုအခါမှာတော့ ၃၀ပေါင် အထိ ရရှိမှာပဲ ဖြစ်ပါတယ်။

Photo Credit: Metro

အဲ့ဒါအပြင် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနှစ် ဘောလုံးရာသီ မစတင်မီမှာ အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ အိုးထရက်ဖို့ဒ်ကို အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ခဲ့ပြီး အဆိုပါ ကုန်ကျစရိတ်တွေဟာ ပေါင် ၂၀သန်းကျော် အထိ ရှိကြောင်း နာမည်ကြီး အင်္ဂလန် သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနက ဖော်ပြထားပါတယ်။