မန်ချက်စတာယူနိုက်တက်အသင်းကတော့ ၂၀၂၀ ခုနှစ်အစပိုင်းမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲ ၅ပွဲအထိ ကစားခဲ့ပြီးနောက်မှာ တန်းဆင်းဇုန်ထဲရောက်ရှိလို့နေတဲ့ နော်ဝစ်ချ်စီးတီးအသင်းကို ၄ဂိုး ဂိုးမရှိနဲဲ့ ဂိုးပြတ်နိုင်ခဲ့တဲ့ ပွဲစဉ်ကလွဲပြီး ကျန်တဲ့ပွဲတွေမှာ ရလဒ်မကောင်းခဲ့တာကို အားလုံးလည်း သိကြမှာပဲဖြစ်ပါတယ်။ အဓိကတော့ ယူနိုက်တက်အသင်းဟာ ရပ်ဖိုဒ့် ပေါ့ဘာ တွမ်မီနေးတို့လို အဓိက ကစားသမားတွေ ဒဏ်ရာရပြီးနောက်ပိုင်းမှာ ယူနိုက်တက်ရဲဲ့စွမ်းဆောင်ရည်တွေ ကျဆင်းလာခဲ့ရပြီး ရလဒ်တွေပါ ထပ်တူကျဆင်းလာခဲ့ရကာ ဇန်နဝါရီလအတွင်းမှာပဲ ရှံးပွဲ၃ပွဲအထိကို ရှိထားခဲ့ရပါတယ်။

Photo Credit : Getty Images

ဒါကြောင့်မို့ ယူနိုက်တက်အသင်းဟာ ဇန်နဝါရီလအတွင်းနဲ့ ဖေဖော်ဝါရီလအစမှာ ကစားခဲ့တဲဲ့ ပရီးမီးယားလိဂ်ပွဲစဉ်၅ပွဲမှာ အာဆင်နယ် လီဗာပူးလ် ဘန်လေအသင်းတို့ကို ရှံးနိမ့်ခဲ့ရပြီး ဝုလ်ဗ်ကို ဂိုးမရှိသရေသာ ကျခဲ့ရတဲ့အတွက် ၅ပွဲအတွင်း ရသင့်တဲ့အမှတ် ၁၅မှတ်ထဲကမှ ၄မှတ်ပဲ ပိုင်ဆိုင်ခဲ့ရပြီး၂၀၂၀နှစ်အစပိုင်းအတွင်း ကစားခဲ့တဲဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေမှာ တတိယမြောက် ရလဒ်အနည်းဆုံးအသင်းဖြစ်နေကာ အသင်းနှစ်သင်းလုံးကို တန်းစီလိုက်မယ်ဆိုရင် ယူနိုက်တက်က တန်းဆင်းဇုန်ထဲမှာပင် ရောက်ရှိလို့နေရကြောင်း The Sun သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Getty Images

၂၀၂၀နှစ်ပိုင်းအတွင်းမှာ ရမှတ်အပြည့်အဝရယူနိုင်တဲ့ အသင်းအဖြစ် လီဗာပူးလ်အသင်းက ၁၈မှတ်အပြည့်နဲ့ ထိပ်ဆုံးမှာ ရပ်တည်လျက်ရှိကာ လက်ရှိအမှတ်ပေးဇယားရဲ့ အဆင့်ရနေရာမှာ ရောက်ရှိနေတဲ့ ယူနိုက်တက်အသင်းကတော့ ရလဒ်တွေ တောက်လျှောက်ဆိုးရွှားလျက်ရှိနေကာ ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် အဆင့်၄နေရာကို ရောက်ရှိနေတဲ့ ချယ်လ်ဆီးအသင်း ရမှတ်၆မှတ်အထိကို ကွာဟလျက်ရှိနေပါတယ်။ ပိုဆိုးတာကတော့ ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ပွဲဆက်တိုက် နိုင်ပွဲဲရော ဂိုးပေါက်ပါ ပျောက်ဆုံးခဲ့ရပြီး ဘန်လေ ဝုလ်ဗ်အသင်းတွေနဲ့ အိုးထရက်ဖိုဒ့်မှာ ကစားခဲ့ရတဲ့ အိမ်ကွင်းပွဲဲစဉ်တွေမှာလည်း သွင်းဂိုး၁ဂိုးမှတောင် မရယူနိုင်ခဲ့ပါဘူး။ အခုတော့ ယူနိုက်တက်အသင်းက ဆောင်းရာသီနားရက် ၁၆ရက် ရရှိထားလို့ အပူပိုင်းဒေသတစ်ခုခုမှာ လေ့ကျင့်ခန်းဆင်းဖွယ်ရှိနေပါတယ်။