MySport Myanmar

မန်ယူပစ်မှတ် ဖီးလစ်ကို အသင်းကနေ ရောင်းချဖို့ ဆန္ဒရှိနေတဲ့ အသက်လက်တီကို

အသက်လက်တီကိုမက်ဒရစ်အသင်းဟာ သူတို့အသင်းရဲ့ တိုက်စစ်ကစားသမားလေး ဂျာအိုဖီးလစ်ကို လာမယ့် ဇန်နဝါရီ ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာပဲ ရောင်းထုတ်သွားဖို့ ဆန္ဒရှိနေတာကြောင့် ကမ်းလှမ်းမှုတွေကို နားစွှင့်သွားဖို့ပါ ရှိနေတဲ့အတွက် ဒါဟာ ဖီးလစ်ကို အလိုရှိနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းအတွက် သတင်းကောင်းတစ်ခု ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။

Photo Credit : The Sun

ယူနိုက်တက်အသင်းဟာ ပေါ်တူဂီကြယ်ပွင့်လေး ဖီးလစ်ကို ဘင်ဖီကာအသင်းမှာ ကစားနေစဉ်ကတည်းက ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး အသက်လက်တီကိုအသင်းဆီ မပြောင်းရွှေ့ခင်ထိ ကမ်းလှမ်းမှုတွေလည်း လုပ်ဆောင်ခဲ့ပါသေးတယ်။ လက်ရှိမှာလည်း ယူနိုက်တက်ဟာ တိုက်စစ်ပိုင်း အားနည်းချက်တွေကို ပြန်လည် အားဖြည့်ဖို့အတွက် ဖီးလစ်လို တိုက်စစ်ကစားသမားတစ်ဦးကို အလိုရှိနေပြီး လာမယ့် ဆောင်းဈေးကွက်ထဲမှာပဲ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေရာ အသက်လက်တီကိုအသင်းကလည်း သူတို့ကစားသမားကို ဆောင်းဈေးကွက်အတွင်းမှာ ရောင်းထုတ်သွားဖို့ ဆန္ဒရှိလာခဲ့ပါတယ်။

Photo Credit : Eurosport

ဖီးလစ်ဟာ အသက်လက်တီကိုအသင်းရဲ့ အရေးပါလှတဲ့ ကစားသမားတစ်ဦး ဖြစ်နေပေမယ့်လည်း နောက်ပိုင်းပွဲစဉ်တွေအတွင်း ပွဲကစားခွင့်တွေ အလွန်နည်းပါးလာခဲ့ရလို့ ကစားသမားကိုယ်တိုင် စိတ်ပျက်နေရသလို အသက်လက်တီကိုဘက်ကလည်း ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီး ယူရိုပါလိဂ်တောင် မရောက်ရှိခဲ့လို့ အသင်း ဘဏ္ဍာရေးပိုင်းမှာ ထိခိုက်စရာတွေ ရှိလာနိုင်တဲ့အတွက် ဖီးလစ်လို ထိပ်တန်းကစားသမားတွေကို ရောင်းထုတ်ရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ လက်ရှိမှာလည်း ဖီးလစ်နဲ့ အသက်လက်တီကိုနည်းပြ ဆီမြွန်နီတို့ကြားမှာ မပြေလည်မှုတွေ ရှိနေရတာကြောင့် ကစားသမားကိုယ်တိုင်က အသင်းနဲ့ လမ်းခွဲဖို့ စိတ်အားထက်သန်နေသလို သူရဲ့လက်ရွေးစင် အသင်းဖော်တွေဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒို ဘရူနိုဖာနန်ဒက်စ်နဲ့ ဒီယိုဂိုဒါလော့တို့ ရှိရာ ယူန်ိုက်တက်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် ဖီးလစ်ဟာ လက်ရှိမှာ ဂိုးသွင်းအားတွေ ကျဆင်းနေသူ ဖြစ်နေတာတောင် သူရဲ့တန်ကြေးက မနည်းလှတာမို့ ယူနိုက်တက်အနေနဲ့ ဖီးလစ်ကို ခေါ်ယူဖို့က ထင်ထားတာထက်ကို ခက်ခဲနိုင်သလို အသက်လက်တီကိုကလည်း သူတို့အသင်းနဲ့ ၂၀၂၆ခုနှစ်အထိ နှစ်ရှည် သက်တမ်းရှိထားတဲ့ ဖီးလစ်ကို ကြိုက်ဈေးတောင်းလာနိုင်တာမို့ ယူနိုက်တက်တို့ အကျပ်ရိုက်လာနိုင်ပါတယ်။

Exit mobile version