စပိန်နိုင်ငံက အသင်းတွေအရ လာမယ့်ရာသီမှာ ချန်ပီယံလိဂ် ကစားဝင်ခွင့် ရရှိထားပြီဖြစ်တဲ့ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ ဘာစီလိုနာအသင်းကနေ ထွက်သွားချင်နေတဲ့ တိုက်စစ်မှူး မက်ဆီကို အပြောင်းအရွှေ့ ကိစ္စအတွက် ဆက်သွယ်သွားခဲ့တယ်လို့ ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ ယခုအပတ် အင်္ဂါနေ့က ဘာစီလိုနာအသင်းကို အသင်းကနေ ထွက်သွားဖို့ တောင်းဆိုသွားခဲ့ပြီး တိုက်စစ်မှူး မက်ဆီကို ခေါ်ယူချင်တဲ့ ပရီးမီးယားလိဂ် အသင်းတွေကတော့ မန်ယူအသင်း၊ မန်စီးတီးအသင်း နဲ့ ချဲလ်ဆီးအသင်းတို့ ဖြစ်ပါတယ်။

Photo Credit: TheSun

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်က ဆန်ချိုကို ပေါင် (၁၀၈) သန်းနဲ့ ခေါ်နိုင်တယ်လို့ ဒေါ့မွန်အသင်းရဲ့ ကမ်းလှမ်းခြင်းကို ခံခဲ့ရပေမယ့်လည်း ပြောင်းရွှေ့ကြေး များတယ်လို့ ယူဆတာကြောင့် အပြောင်းအရွှေ့ ကိစ္စကို ဆက်မညှိနှိုင်းတော့ဘဲ ရပ်တန့်ပစ်လိုက်တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မန်ယူအသင်းရဲ့ ထိပ်သီး အကြီးပိုင်တွေဟာ မက်ဆီရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ကြတာ ဖြစ်ပြီး တိုက်စစ်မှူး မက်ဆီကို ဘာစီလိုနာ အသင်းကနေ ခေါ်ယူနိုင်တဲ့ ငွေကြေး အင်အား ရှိပါတယ်လို့လည်း သတင်းတွေ များစွာက ဖော်ပြသွားခဲ့ကြတာပဲ ဖြစ်ပါတယ်။

 

Photo Credit: TheSun

ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ ဘာစီလိုနာအသင်းကနေ ထွက်သွားမယ် ဆိုရင် အသင်းဖော်ဟောင်း နေမာနဲ့ အတူ တွဲကစားဖို့ ပီအက်စ်ဂျီအသင်းကို ပြောင်းသွားနိုင်ချေရှိသလို၊ နည်းပြဟောင်း ပက် ဂွါဒီယိုလာနဲ့ ပြန်လက်တွဲဖို့ မန်စီးတီးအသင်းကို ပြောင်းနိုင်ချေလည်း ရှိပါတယ်။ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ ဆန်ချိုကို ပေါင် (၁၀၈) သန်း ပေးဖို့ များတယ်လို့ ယူဆခဲ့ပေမယ့် ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူးလို့ သတ်မှတ်ခံရတဲ့ မက်ဆီကိုတော့ ဘယ်လောက်ပေးရ ခေါ်ယူချင်နေတယ်လို့ TheSun သတင်း နဲ့ စပိန်သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။