




မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းအင်အားအတွက် ပရီးမီးယားလိဂ်အတွေ့အကြုံရင့် ကစားသမား တစ်ဦးဖြစ်တဲ့ တရုတ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းရဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူး အစ်ဟာလိုကို ရာသီဝက်အငှားနဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ သိရပါတယ်။

Photo Credit: Express.com

လက်ရှိမှာတော့ အစ်ဟာလိုဟာ တရုတ်မှတဆင့် အင်္ဂလန်ကို လာရောက်နေပြီး အပြီးသတ် စာချုပ်ချုပ်ဆိုဖို့နဲ့ ကစားသမားစာရင်းမှာ ထည့်သွင်းဖို့သာ ကျန်ရှိတော့ပြီး ယူနိုက်တက် ဟာ အစ်ဟာလိုကို တစ်ပတ်လုပ်ခလစာ ပေါင် ၁ သိန်းပေးချေရမှာလို့လည်း သိထားရပါတယ်။

Photo Credit: Express.com

ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ အစ်ဟာလိုကို ရာသီဝက်အငှားနဲ့ခေါ်ယူခဲ့တာ အတ​ွက် ယူနိုက်တက်ဟာ ရှန်ဟိုင်းရှင်ဟွာကို အငှားကြေး ပေါင်၃သန်း ပေးချေခဲ့ရကြောင်း သိရပါတယ်။