အီဗရာဟီမိုဗစ် ဝိန်းရူနီ လူးဝစ်နာနီတို့လို မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားတွေက အမေရိကိန်ဘောလုံးပြိုင်ပွဲကြီးဖြစ်တဲ့ မေဂျာလိဂ်ပြိုင်ပွဲမှာ သွားရောက်ကစားခဲ့ကြပြီး အခုလည်း ယူနိုက်တက်အသင်းသားတစ်ယောက်ဖြစ်တဲ့ ဂျာဗီးယားဟာနန်ဒက်ဇ်ကပါ မေဂျာလိဂ်ကလပ် အယ်အေဂလက်ဆီအသင်းကို ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ကာ အေစီမီလန်အသင်းဆီကို ပြန်လည်ရောက်ရှိသွားခဲ့တဲ့ ဝါရင့်တိုက်စစ်မှူးကြီး ဇလာတန်အီဗရာဟီမိုဗစ်နေရာကို အစားထိုးဝင်ရောက်တော့မှာလို့ သိရှိရပါတယ်။

Photo Credit : AS English

အသက်၃၁နှစ်အရွှယ် မက္ကဆီကိုတိုက်စစ်ကစားသမား ဟာနန်ဒက်ဇ်ဟာ ဒီရာသီကမှ ဝက်စ်ဟမ်းအသင်းကနေ ဆီဗီလာဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ လပိုင်းလောက်ကိုပဲ ဖြတ်သန်းခဲ့ပြီးနောက်မှာ အယ်အေဂလက်ဆီအသင်းဆီကို ထပ်မံပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ Sports Illustrated သတင်းမီဒီယာကနေ ဖော်ပြချက်အရ အယ်အေဂလက်ဆီအသင်းဟာ ဟာနန်ဒက်ဇ်အတွက် ဆီဗီလာအသင်းကို ယူရို၈.၅သန်းနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဟာနန်ဒက်ဇ်ကိုတော့ တစ်ပတ်လုပ်ခ ပေါင်၉သောင်းနဲ့ တစ်နှစ်လုပ် ပေါင်၄.၆သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit : The National

အယ်အေဂလက်ဆီအသင်းနဲ့ ၃နှစ်စာချုပ်ချုပ်ဆိုဖြစ်ခဲ့တဲ့ ဟာနန်ဒက်ဇ်ဟာ ၂၀၁၀ခုနှစ်ကမှ မက္ကဆီကိုကလပ် ချီဗက်စ်အသင်းကနေ ယူနိုက်တက်ဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းမှာ နေရာသိပ်မရခဲ့ပေမယ့်လည်း အသင်းအတွက် ပါဝင်ကစားခွင့်ရတဲ့ ပွဲတိုင်းလိုလိုမှာတော့ သွင်းဂိုးရအောင် သွင်းယူခဲ့ကာ အသင်းနဲ့ ပရီးမီးယားလိဂ်ဖလား၂လုံးကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပါသေးတယ်။ ဟာနန်ဒက်ဇ်က ယူနိုက်တက်အသင်းအပြင် ရီးရဲလ်မက်ဒရစ် လေဗာကူဆင် ဝက်စ်ဟမ်းနဲ့ ဆီဗီလာအသင်းတွေမှာလည်း ပါဝင်ကစားခဲ့ဖူးပြီးတော့ မက္ကဆီကိုလက်ရွေးစင်အသင်းအတွက်လည်း ပွဲပေါင်းတစ်ရာကျော် ပါဝင်ကစားခဲ့ကာ သူရဲ့အသင်းသစ် အယ်အေဂလက်ဆီအသင်းမှာ သူအမြဲတမ်းဝတ်ဆင်နေကြ ကျောနံပါတ်ဖြစ်တဲ့ ၁၄ကိုပဲ ဝတ်ဆင်မှာဖြစ်ပါတယ်။ အယ်အေဂလက်ဆီအသင်းကတော့ မေဂျာလိဂ်ဘောလုံးရာသီသစ်ရဲ့အဖွင့်ပွဲစဉ်အဖြစ် လာမယ့်ဖေဖော်ဝါရီလ ၁၅ရက်နေ့မှာ တိုရန်တိုအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာပဲဖြစ်ပါတယ်။

(Zawgyi)

ေမဂ်ာလိဂ္ၿပိဳင္ပြဲကုိ ေရာက္ရွိလာခဲ့ၿပီျဖစ္တဲ႔ ယူႏုိက္တက္တုိက္စစ္မွဴးေဟာင္း ဟာနန္ဒက္ဇ္

အီဗရာဟီမုိဗစ္ ဝိန္းရူနီ လူးဝစ္နာနီတုိ႔လုိ မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ကစားသမားေတြက အေမရိကိန္ေဘာလုံးၿပိဳင္ပြဲႀကီးျဖစ္တဲ႔ ေမဂ်ာလိဂ္ၿပိဳင္ပြဲမွာ သြားေရာက္ကစားခဲ႔ၾကၿပီး အခုလည္း ယူႏုိက္တက္အသင္းသားတစ္ေယာက္ျဖစ္တဲ႔ ဂ်ာဗီးယားဟာနန္ဒက္ဇ္ကပါ ေမဂ်ာလိဂ္ကလပ္ အယ္ေအဂလက္ဆီအသင္းကုိ ေျပာင္းေရႊ႕သြားခဲ႔ၿပီျဖစ္ကာ ေအစီမီလန္အသင္းဆီကုိ ျပန္လည္ေရာက္ရွိသြားခဲ႔တဲ႔ ဝါရင့္တုိက္စစ္မွဴးႀကီး ဇလာတန္အီဗရာဟီမုိဗစ္ေနရာကို အစားထုိးဝင္ေရာက္ေတာ့မွာလုိ႔ သိရွိရပါတယ္။

Photo Credit : AS English

အသက္၃၁ႏွစ္အရႊယ္ မကၠဆီကုိတုိက္စစ္ကစားသမား ဟာနန္ဒက္ဇ္ဟာ ဒီရာသီကမွ ဝက္စ္ဟမ္းအသင္းကေန ဆီဗီလာဆီကုိ ေရာက္ရွိလာခဲ႔တာျဖစ္ၿပီး အသင္းနဲ႔ လပုိင္းေလာက္ကုိပဲ ျဖတ္သန္းခဲ႔ၿပီးေနာက္မွာ အယ္ေအဂလက္ဆီအသင္းဆီကုိ ထပ္မံေျပာင္းေရႊ႕ခဲ႔တာျဖစ္ပါတယ္။ Sports Illustrated သတင္းမီဒီယာကေန ေဖာ္ျပခ်က္အရ အယ္ေအဂလက္ဆီအသင္းဟာ ဟာနန္ဒက္ဇ္အတြက္ ဆီဗီလာအသင္းကုိ ယူရုိ၈.၅သန္းနဲ႔ ကမ္းလွမ္းခဲ႔တာျဖစ္ၿပီး ဟာနန္ဒက္ဇ္ကုိေတာ့ တစ္ပတ္လုပ္ခ ေပါင္၉ေသာင္းနဲ႔ တစ္ႏွစ္လုပ္ ေပါင္၄.၆သန္းနဲ႔ ေခၚယူခဲ႔တာျဖစ္တယ္လုိ႔ သိရွိရပါတယ္။

Photo Credit : The National

အယ္ေအဂလက္ဆီအသင္းနဲ႔ ၃ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိျဖစ္ခဲ႔တဲ႔ ဟာနန္ဒက္ဇ္ဟာ ၂၀၁၀ခုႏွစ္ကမွ မကၠဆီကုိကလပ္ ခ်ီဗက္စ္အသင္းကေန ယူႏုိက္တက္ဆီကုိ ေရာက္ရွိလာခဲ႔တာျဖစ္ၿပီး အသင္းမွာ ေနရာသိပ္မရခဲ႔ေပမယ့္လည္း အသင္းအတြက္ ပါဝင္ကစားခြင့္ရတဲ႔ ပြဲတုိင္းလုိလုိမွာေတာ့ သြင္းဂုိးရေအာင္ သြင္းယူခဲ႔ကာ အသင္းနဲ႔ ပရီးမီးယားလိဂ္ဖလား၂လုံးကုိလည္း ပုိင္ဆုိင္ႏုိင္ခဲ႔ပါေသးတယ္။ ဟာနန္ဒက္ဇ္က ယူႏုိက္တက္အသင္းအျပင္ ရီးရဲလ္မက္ဒရစ္ ေလဗာကူဆင္ ဝက္စ္ဟမ္းနဲ႔ ဆီဗီလာအသင္းေတြမွာလည္း ပါဝင္ကစားခဲ႔ဖူးၿပီးေတာ့ မကၠဆီကုိလက္ေရြးစင္အသင္းအတြက္လည္း ပြဲေပါင္းတစ္ရာေက်ာ္ ပါဝင္ကစားခဲ႔ကာ သူရဲ႕အသင္းသစ္ အယ္ေအဂလက္ဆီအသင္းမွာ သူအၿမဲတမ္းဝတ္ဆင္ေနၾက ေက်ာနံပါတ္ျဖစ္တဲ႔ ၁၄ကုိပဲ ဝတ္ဆင္မွာျဖစ္ပါတယ္။ အယ္ေအဂလက္ဆီအသင္းကေတာ့ ေမဂ်ာလိဂ္ေဘာလုံးရာသီသစ္ရဲ႕အဖြင့္ပြဲစဥ္အျဖစ္ လာမယ့္ေဖေဖာ္ဝါရီလ ၁၅ရက္ေန႔မွာ တုိရန္တုိအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမွာပဲျဖစ္ပါတယ္။