ကမ္ဘာကျော်ဗြိတိန်သတင်းမီဒီယာကြီးတစ်ခုဖြစ်တဲ့ The Sun က ပရီးမီးယားလိဂ်ပြိုင်ပွဲတလျှောက် နောက်ခံလူတွေထဲကမှ အကောင်းဆုံးနောက်ခံလူတစ်ဦးကို ဖော်ထုတ်ဖို့အတွက် သူတို့ရဲ့ ပရိသတ်တွေဆီကနေ မဲပေးရွေးချယ်မှုတွေကို တောင်းခံခဲ့ရမှာ လူအယောက်(၉၀၀၀)လောက်အထိ မဲပေးသွားခဲ့ပြီး မဲပေးမှုရဲ့ အဆုံးသတ်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အင်္ဂလန်နောက်ခံကစားသမား ရီယိုဖာဒီနန်က မဲအများဆုံးနဲ့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနောက်ခံလူတစ်ယောက်အဖြစ် ရွေးချယ်ခံလိုက်ရတယ်လို့ သိရှိရပါတယ်။

Photo Credit : Getty Image

The Sun က မန်ချက်စတာယူနိုက်တက် နောက်ခံလူ ဖာဒီနန် မန်စီးတီးနောက်ခံလူဟောင်း ဗင်းဆင့်ကွန်ပနီ ချယ်လ်ဆီးနောက်ခံလူဟောင်း အာဆင်နယ်နောက်ခံလူဟောင်း တိုနီအဒမ် လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်နဲ့ အခြားနောက်ခံလူများဆိုပြီး (၆)မျိုးခွဲခြားပေးထားကာ ပရိသတ်တွေဆီကနေ မဲပေးမှုကို တောင်းခံခဲ့ရာ အင်္ဂလန်နောက်ခံလူဟောင်းဖာဒီနန်က မဲပေးမှုအားလုံးရဲ့ ၃၀%နဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ကာ သူရဲ့နောက်မှာ တယ်ရီက ၁၉%နဲ့ ဒုတိယနေရာ ဗန်ဒိုက်က ၁၆%နဲ့ တတိယနေရာ တိုနီအဒမ်က ၁၃%နဲ့ စတုတ္ထနေရာနဲ့ နောက်ဆုံးနေရာမှာတော့ ကွန်ပနီက ၉% နဲ့ အသီးသီးရပ်တည်လို့နေပါတယ်။

Photo Credit : Getty Image

အခုလို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနောက်ခံလူအဖြစ် ရွေးချယ်ခံလိုက်ရတဲ့ ဖာဒီနန်ဟာ လက်ရှိမှာတော့ ဘောလုံးသမားဘဝကနေ အနားယူထားခဲ့ပြီး ဘောလုံးနည်းပြတစ်ယောက်အဖြစ် ပြောင်းလဲလုပ်ကိုင်ခြင်းမရှိသေးပဲ ဗြိတိန်ရဲ့ အားကစားရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ BT Sport မှာ ဘောလုံးပွဲသုံးသပ်သူအဖြစ် တာဝန်ယူဆောင်ရွှက်နေသလို ဘောလုံးအေဂျင်စီတစ်ခုကိုလည်း တည်ထောင်လို့ထားပါတယ်။ ဖာဒီနန်ဟာ ၂၀၀၂ခုနှစ်ကမှ လိဒ်ယူနိုက်တက်အသင်းက မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပေါင်(၁၈)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး တားမြစ်ဆေးသုံးစွဲမှုကြောင့် ပွဲပယ်ခံခဲ့ရပေမယ့်လည်း ပွဲပယ်ပြစ်ဒဏ်ကနေ လွတ်မြောက်လာချိန်မှာတော့ ယူနိုက်တက်အတွက် အကောင်းဆုံးကစားပေးနိုင်ခဲ့ပြီး အသင်းနဲ့ (၁၂)တာအထိ ဖြတ်သန်းခဲ့ကာ ချန်ပီယံလိဂ်ဖလား(၁)လုံးနဲ့ ပရီးမီးယားလိဂ်ဖလားတို့ကို (၆)လုံးအထိ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဖာဒီနန်ရဲ့ ဒုတိယနေရာမှာရှိနေတဲ့ ဂျွန်တယ်ရီကတော့ လက်ရှိမှာ အက်စတွန်ဗီလာအသင်းရဲ့ လက်ထောက်နည်းပြရာထူးအဖြစ် တာဝန်ယူဆောင်ရွှက်လို့နေပါတယ်။