မန္ယူအသင္းဟာ တနဂၤေႏြညက လီဗာပူးလ္အသင္းနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ ကစားသမားေတြကို မထိန္းခ်ဳပ္ႏိုင္မႈနဲ႔ ဘာလုံးအဖြဲ႕ခ်ဳပ္ (FA) ရဲ႕ စြဲခ်က္တင္မႈကို ခံေနရၿပီး လာမယ့္ ၾကာသပေတးေန႔အထိ အယူခံဝင္လို႔ ရတာ ျဖစ္ပါတယ္။ မန္ယူ ကစားသမားေတြထဲက အထူးသျဖင့္ ဂိုးသမား ဒီဂီယာဟာ ပြဲခ်ိန္ (၂၆) မိနစ္က လီဗာပူးလ္ ေနာက္ခံလူ ဗန္ဒိုက္ရဲ႕ ေခါင္းတိုက္မႈကေန ဖာမင္ႏိုရဲ႕ သြင္းဂိုးကို ခြင့္ျပဳခဲ့ရတဲ့ အခ်ိန္မွာ ေဒါသႀကီးစြာနဲ႔ ကြင္းလယ္ဒိုင္ကို ေျပာဆိုခဲ့ပါတယ္။

Photo Credit: Goal

လီဗာပူးလ္ ေနာက္ခံလူ ဗန္ဒိုက္ဟာ အျမင့္ေဘာနဲ႔ မတင္ေပးတဲ့ ေဘာလုံးကို မန္ယူ ဂိုးသမား ဒီဂီယာနဲ႔ အၿပိဳင္ ေခါင္းတိုက္တဲ့ အခါမွာ ေဘာလုံးက ျပန္ထြက္သြားၿပီး လီဗာပူးလ္ တိုက္စစ္မႉး ဖာမင္ႏိုက လိမ္ေခါက္ၿပီး ကန္သြင္းခဲ့ပါတယ္။ မန္ယူ ဂိုးသမား ဒီဂီယာဟာ ဂိုးသြားတဲ့ အခ်ိန္မွာ ကြင္းလယ္ဒိုင္ကို ေစာဒက သြားတတ္ခဲ့တာေၾကာင့္ အဝါကဒ္ အျပခံခဲ့ရၿပီး သြင္းဂိုးကို VAR နဲ႔ ျပန္ၾကည့္တဲ့ အခါမွာ ျပန္လည္ ပယ္ဖ်က္ခဲ့တာေၾကာင့္ ႏွစ္ဦးႏွစ္ဖက္ အနည္းငယ္ ျပန္အဆင္ေျပသြားခဲ့ပါတယ္။

Photo Credit: Goal

ေဘာလုံး အဖြဲ႕ခ်ဳပ္ (FA) ကေတာ့ မန္ယူ ကစားသမားေတြရဲ႕ အျပဳအမႈေၾကာင့္ မန္ယူအသင္းကို စြဲခ်က္တင္သြားခဲ့ၿပီး ေဘာလုံး အဖြဲ႕ခ်ဳပ္က “မန္ယူအသင္းဟာ ေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ စည္းမ်ဥ္းကို ခ်ိဳးေဖာက္ခဲ့တာေၾကာင့္ စြဲခ်က္တင္ခံရတာပါ။ မန္ယူအသင္းက တနဂၤေႏြေန႔ညက လီဗာပူးလ္ အသင္းနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ အသင္းကစားသမားေတြရဲ႕ အျပဳအမႈကို မထိန္းခ်ဳပ္ႏိုင္တာေၾကာင့္ စြဲခ်က္တင္ခံရတာပါပဲ။ မန္ယူအသင္းအေနနဲ႔ ၾကာသပေတးေန႔အထိ အယူခံဝင္ႏိုင္ပါတယ္”လို႔ ေဖာ္ျပသြားခဲ့ပါတယ္။

{Unicode}

မန်ယူအသင်းဟာ တနင်္ဂနွေညက လီဗာပူးလ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ကစားသမားတွေကို မထိန်းချုပ်နိုင်မှုနဲ့ ဘာလုံးအဖွဲ့ချုပ် (FA) ရဲ့ စွဲချက်တင်မှုကို ခံနေရပြီး လာမယ့် ကြာသပတေးနေ့အထိ အယူခံဝင်လို့ ရတာ ဖြစ်ပါတယ်။ မန်ယူ ကစားသမားတွေထဲက အထူးသဖြင့် ဂိုးသမား ဒီဂီယာဟာ ပွဲချိန် (၂၆) မိနစ်က လီဗာပူးလ် နောက်ခံလူ ဗန်ဒိုက်ရဲ့ ခေါင်းတိုက်မှုကနေ ဖာမင်နိုရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ရတဲ့ အချိန်မှာ ဒေါသကြီးစွာနဲ့ ကွင်းလယ်ဒိုင်ကို ပြောဆိုခဲ့ပါတယ်။

Photo Credit: Goal

လီဗာပူးလ် နောက်ခံလူ ဗန်ဒိုက်ဟာ အမြင့်ဘောနဲ့ မတင်ပေးတဲ့ ဘောလုံးကို မန်ယူ ဂိုးသမား ဒီဂီယာနဲ့ အပြိုင် ခေါင်းတိုက်တဲ့ အခါမှာ ဘောလုံးက ပြန်ထွက်သွားပြီး လီဗာပူးလ် တိုက်စစ်မှူး ဖာမင်နိုက လိမ်ခေါက်ပြီး ကန်သွင်းခဲ့ပါတယ်။ မန်ယူ ဂိုးသမား ဒီဂီယာဟာ ဂိုးသွားတဲ့ အချိန်မှာ ကွင်းလယ်ဒိုင်ကို စောဒက သွားတတ်ခဲ့တာကြောင့် အဝါကဒ် အပြခံခဲ့ရပြီး သွင်းဂိုးကို VAR နဲ့ ပြန်ကြည့်တဲ့ အခါမှာ ပြန်လည် ပယ်ဖျက်ခဲ့တာကြောင့် နှစ်ဦးနှစ်ဖက် အနည်းငယ် ပြန်အဆင်ပြေသွားခဲ့ပါတယ်။

Photo Credit: Goal

ဘောလုံး အဖွဲ့ချုပ် (FA) ကတော့ မန်ယူ ကစားသမားတွေရဲ့ အပြုအမှုကြောင့် မန်ယူအသင်းကို စွဲချက်တင်သွားခဲ့ပြီး ဘောလုံး အဖွဲ့ချုပ်က “မန်ယူအသင်းဟာ ဘောလုံးအဖွဲ့ချုပ်ရဲ့ စည်းမျဉ်းကို ချိုးဖောက်ခဲ့တာကြောင့် စွဲချက်တင်ခံရတာပါ။ မန်ယူအသင်းက တနင်္ဂနွေနေ့ညက လီဗာပူးလ် အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ အသင်းကစားသမားတွေရဲ့ အပြုအမှုကို မထိန်းချုပ်နိုင်တာကြောင့် စွဲချက်တင်ခံရတာပါပဲ။ မန်ယူအသင်းအနေနဲ့ ကြာသပတေးနေ့အထိ အယူခံဝင်နိုင်ပါတယ်”လို့ ဖော်ပြသွားခဲ့ပါတယ်။