မန်ချက်စတာယူနိုက်တက်အသင်းမှာ ၁၀နှစ်ကြာ ဖြတ်သန်းခဲ့ပြီး အသင်းနဲ့ ဆုဖလားပေါင်းများစွာကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ အန်တိုနီယိုဗလန်စီယာကတော့ လက်ရှိမှာ သူရဲ့မွေးရပ်မြေဖြစ်တဲ့ အီကွေဒေါနိုင်ငံက LDU ကွီတိုအသင်းမှာ ပါဝင်ကစားနေပေမယ့်လည်း သူနှစ်ပေါင်းများစွာ ကျင်လည်ဖြတ်သန်းခဲ့တဲ့ အင်္ဂလန်မြေကို လွမ်းဆွတ်နေတာကြောင့် အင်္ဂလန်ဘောလုံးပြိုင်ပွဲအတွင်း တကျော့ပြန် လာရောက်ကစားဖို့ကို ဆန္ဒရှိလို့နေပြီး လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲကြ ကလပ်အသင်းတစ်သင်းသင်းဆီမှာ သွားရောက်ကစားဖွယ်ရှိနေတယ်လို့ ဗြိတိန်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ကြပါတယ်။
Photo Credit : Twitter
(Unicode)
အင်္ဂလန်မှာ တကျော့့ပြန်လာရောက်ကစားချင်နေတဲ့ ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း
မန်ချက်စတာယူနိုက်တက်အသင်းမှာ ၁၀နှစ်ကြာ ဖြတ်သန်းခဲ့ပြီး အသင်းနဲ့ ဆုဖလားပေါင်းများစွာကို ပိုင်ဆိုင်နိုင်ခဲ့တဲဲ့ အန်တိုနီယိုဗလန်စီယာကတော့ လက်ရှိမှာ သူရဲ့မွေးရပ်မြေဖြစ်တဲ့ အီကွေဒေါနိုင်ငံက LDU ကွီတိုအသင်းမှာ ပါဝင်ကစားနေပေမယ့်လည်း သူနှစ်ပေါင်းများစွာ ကျင်လည်ဖြတ်သန်းခဲ့တဲ့ အင်္ဂလန်မြေကို လွမ်းဆွတ်နေတာကြောင့် အင်္ဂလန်ဘောလုံးပြိုင်ပွဲအတွင်း တကျော့ပြန် လာရောက်ကစားဖို့ကို ဆန္ဒရှိ်လို့နေပြီး လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲကြ ကလပ်အသင်းတစ်သင်းသင်းဆီမှာ သွားရောက်ကစားဖွယ်ရှိနေတယ်လို့ ဗြိတိန်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ကြပါတယ်။
Photo Credit : Primicias
အသက်၃၄နှစ်အရွှယ်ရှိပြီ ဗလန်စီယာဟာ ယူနိုက်တက်အသင်းမှာ ၂၀၀၉ခုနှစ်ကနေ စတင်ဖြတ်သန်းခဲ့ဖူးသူဖြစ်ကာ အသင်းခေါင်းဆောင်အဖြစ်နဲ့လည်း နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် ဇွန်လကမှ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ ညာခြမ်းတောင်ပံကစားသမားဖြစ်သူ ဗလန်စီယာဟာ သူရဲ့မွေးရပ်မြေက အသင်းဖြစ်တဲ့ ကွီတိုအသင်းနဲ့ ၂၀၁၉ ကိုပါအီကွေဒေါ ရှုံးထွက်ဖလားကို ပိုင်ဆိုင်နိုင်ခဲ့ပေမယ့်လည်း သူရဲ့ဘောလုံးသမားဘဝကို အဆုံးမသတ်ခင်မှာ အင်္ဂလန်မြေကို တကျော့ပြန် ပြန်လည်ပြောင်းရွှေ့ချင်နေပြီး ပရီးမီးယားလိဂ်မှာ ကစားခွင့်မရတောင် လိဂ်ချန်ပီယံရှစ်လောက်မှာ ပါဝင်ကစားချင်နေတယ်လို့ သိရှိရပါတယ်။
Photo Credit : The Sport Review
အယ်နေဆီယွန်နယ်အသင်းနဲဲ့ စီနီယာကစားသမားဘဝကို စတင်ခဲ့တဲ့ ဗလန်စီယာဟာ ဗီလာရီးရဲလ်အသင်းမှာ ပါဝင်ခဲ့ဖူးသလို ဝီဂန်အသင်းမှာလည်း ၂နှစ်ကြာ ပါဝင်ကစားခဲဲ့ဖူးပါသေးတယ်။ ဗလန်စီယာဟာ ယူနိုက်တက်အသင်းကနေ ခရစ္စတီယာနိုရော်နယ်ဒို ထွက်ခွာသွားချိန်မှ အသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ညာတောင်ပံကစားသမားအဖြစ်ရော ညာနောက်ခံလူအဖြစ်နဲ့ပါ ကစားပေးနိုင်ခဲ့ကာ ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ််ဖလား ၂ကြိမ် ၊ ယူရိုပါလိဂ်ဖလား ၁ကြိမ် ၊ အက်အေဖလား ၁ကြိမ် ၊ လိဂ်ဖလား ၂ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၃ကြိမ်အထိ ပိုင်ဆိုင်နိုင်ခဲဲ့ပါတယ်။ သူ့ကို ယူနိုက်တက်ကစားသမားဟောင်းဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းက သူပူးတွဲပိုင်ဆိုင်လို့ထားတဲ့ မေဂျာလိဂ်အသင်းသစ် အင်တာမိုင်ယာမီအတွက် ခေါ်ယူအားဖြည့်ချင်နေပေမယ့်လည်း ဗလန်စီယာကိုယ်တိုင်က ဗြိတိန်အခြေစိုက် OmniSports ဘောလုံးသမားအေဂျင်စီလုပ်ငန်းနဲ့ စာချုပ်ချုပ်ဆိုထားတာဖြစ်လို့ အင်္ဂလန်ကို တကျော့ပြန်လာမယ့်ကိစ္စသာ ဖြစ်ပေါ်လာနိုင်ဖွယ် ရှိလို့နေပါတယ်။