MySport Myanmar

မန်ယူပစ်မှတ် အန်တိုနီနဲ့ မာတီနက်ဇ်တို့အတွက် ပေါင်(၁၁၅)သန်းထိ ဈေးသတ်မှတ်ထား

အေဂျက်စ်အသင်းက သူတို့အသင်းရဲ့ အဓိက ကစားသမားနှစ်ဦးဖြစ်တဲ့ တောင်ပံကစားသမား အန်တိုနီနဲ့ နောက်ခံကစားသမား လီဆန်ဒရိုမာတီနက်ဇ်တို့အတွက် နှစ်ဦးပေါင်း ပြောင်းကြေးရွှေ့ကို ပေါင်(၁၁၅)သန်းအထိ တန်ကြေး သတ်မှတ်ထားတာကြောင့် ဒီကစားသမားနှစ်ဦးလုံးကို ပစ်မှတ်ထားနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းက ဒီတန်ကြေးအတိုင်း ကမ်းလှမ်းလာနိုင်မလားဆိုတာ စောင့်ကြည့်သွားရတော့မှာ ဖြစ်ပါတယ်။

Photo Credit : The Sun

ယူနိုက်တက်နည်းပြသစ် အဲရစ်တန်ဟက်ဂ်ဟာ သူရဲ့အသင်းဟောင်း အေဂျက်စ်အသင်းရဲ့ ကစားသမားတွေကို ယူနိုက်တက်အသင်းဆီ ခေါ်ဆောင်ချင်နေပြီး တင်ဘာ အန်တိုနီ မာတီနက်ဇ်တို့ကို အလိုရှိနေပါတယ်။ ဒါပေမယ့် နောက်ခံလူ တင်ဘာက အေဂျက်စ်မှာပဲ ဆက်လက်ကျန်ရှိနေဖို့ သေချာနေတာကြောင့် အန်တိုနီနဲ့ မာတီနက်ဇ်တို့ကိုသာ ပစ်မှတ်ဆက်ထားနေရပြီး မာတီနက်ဇ်ကိုလည်း ယူနိုက်တက်နဲ့အပြိုင် အာဆင်နယ်ကပါ စိတ်ဝင်စားနေသလို ဒုတိယမြောက် ကမ်းလှမ်းချက်အဖြစ် ပေါင်(၃၅)သန်းနဲ့ ထပ်မံကမ်းလှမ်းခဲ့ပါသေးတယ်။ အေဂျက်စ်ဘက်ကတော့ အာဆင်နယ်ရဲ့ ပေါင်(၃၅)သန်းတန် ကမ်းလှမ်းမှုကို ထပ်မံပယ်ချထားခဲ့ပြီး သူတို့ကစားသမားရဲ့ တန်ကြေးက ပေါင်(၄၅)သန်းအထိ ရှိနေတယ်လို့ သတ်မှတ်ထားခဲ့ပါတယ်။

Photo Credit : The Sun

ဒါကြောင့် ယူနိုက်တက်အနေနဲ့ အာဂျင်တီးနား ဗဟိုခံစစ်ကစားသမား မာတီနက်ဇ်အတွက် ပေါင်(၄၅)သန်းထိ အသုံးပြုရမှာ ဖြစ်သလို နောက်ထပ် ပစ်မှတ်ဖြစ်သူ အန်တိုနီအတွက်ကိုလည်း ပေါင်သန်း(၇၀)ထိ အသုံးပြုရလိမ့်မယ်လို့ အေဂျက်စ်ဘက်က သတိပေးထားပါတယ်။ နွေဈေးကွက်အတွင်း ဟယ်လာအပါအဝင် အသင်းရဲ့ အဓိက ကစားသမား အများအပြားကို လက်လွတ်ထားခဲ့ရတဲ့ အေဂျက်စ်အသင်းဟာ အခုလည်း နောက်ထပ် main players တွေကို ထပ်မံလက်လွတ်ရဖို့ ရှိနေတဲ့အတွက် ပြောင်းရွှေ့ကြေး များစွာနဲ့မှသာ လက်လွတ်သွားဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဘက်ကလည်း လက်ရှိအချိန်ထိ ကစားသမားသစ် တစ်ဦးမှကို မခေါ်ယူနိုင်သေးပဲ ခေါ်ယူချင်နေတဲ့ ကစားသမား အရေအတွက်သာ တဖြည်းဖြည်းနဲ့ တိုးပွားလာခဲ့ပြီး နည်းပြတန်ဟက်ဂ်ကလည်း သူရဲ့ တပည့်ဟောင်းတွေကိုသာ အသင်းဆီ ခေါ်ဆောင်ချင်နေခဲ့ပါတယ်။ လက်ရှိမှာတော့ ယူနိုက်တက်က ကွင်းလယ်လူ ဖရန်ကီဒီယွန်းရဲ့ အပြောင်းအရွှေ့ကိုသာ အာရုံစိုက်နေပြီး ခေါ်ယူနိုင်ဖို့က ရာခိုင်နှုန်း အရမ်းများနေရပြီး ကစားသမားဘက်က သဘောတူညီမှုကိုသာ စောင့်ဆိုင်းနေရတာ ဖြစ်ပါတယ်။

Exit mobile version