အက်စတွန်ဗီလာအသင်းရဲ့ နည်းပြ ဒန် စမစ်ကတော့ မန်ယူအသင်းနဲ့ ကစားရမယ့် ပရီးမီးယား လိဂ်ပွဲစဉ်မတိုင်ခင် ဘယ်အသင်းမှာမဆို အားနည်းချက်ရှိပြီး မန်ယူအသင်းရဲ့ အားနည်းချက်ကို အသုံးပြုချသွားမှာ ဖြစ်သလို သူတို့ရဲ့ အားသာချက်ကို အားနည်းစေမယ်လို့ ပြောသွားပါတယ်။ နည်းပြ ဒန် စမစ်ရဲ့ အက်စတွန်ဗီလာအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ တန်းဆင်းဇုန် အဆင့် (၁၈) နေရာမှာ  ရပ်တည်နေပြီး ပြီးခဲ့တဲ့ အပတ်က လီဗာပူးလ်အသင်းကို (၂-ဝ) ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီး လာမယ့် ပွဲစဉ် အဖြစ် ကြာသပတေးနေ့ညမှာ မန်ယူအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။

Photo Credit: YahooSports

နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ အဆင့် (၄) နေရာကို ဝင်ခွင့် ရရှိဖို့ တိုက်ပွဲဝင်နေရတဲ့ အသင်း ဖြစ်တာကြောင့် လက်ကျန်ပွဲစဉ်မှာ အမှားခံမှာ မဟုတ်ဘဲ နောက်ဆုံး ကစားသွားခဲ့တဲ့ ပြိုင်ပွဲစုံ ပွဲစဉ် (၁၆) ပွဲဆက် ရှုံးပွဲ မရှိ စံချိန်ကောင်းကိုလည်း ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အက်စတွန်ဗီလာအသင်းရဲ့ နည်းပြ ဒန် စမစ်ကတော့ ဘယ်အသင်းမှာ မဆို အားနည်းချက် ရှိတယ်လို့ ပြောကြားသွားခဲ့တာ ဖြစ်ပြီး မန်ယူအသင်းနဲ့ ကစားရမယ့် ပွဲစဉ်မှာ မန်ယူအသင်းရဲ့ အားနည်းချက်ကို အသုံးချသွားမှာ ဖြစ်တယ်လို့လည်း စိန်ခေါ်သွားခဲ့ပါတယ်။

Photo Credit: YahooSports

အက်စတွန်ဗီလာက နည်းပြ ဒန် စမစ်က “မန်ယူအသင်းက အလွန် ကောင်းတဲ့ အသင်း ဖြစ်ပြီး သူတို့ တိုးတတ်လာခဲ့ကြပါတယ်။ ဖာနန်ဒက်စ်က ကောင်းစွာ ကစားနေပြီး မန်ယူအသင်းဟာ ရှေ့တန်းမှာ ပြေးအား နဲ့ ရုန်းအား ရှိတယ်။ ဒါပေမယ့် သူတို့ ဘုန်းမောက်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ပေးဂိုး အနည်းငယ် ရှိခဲ့ပါတယ်။ ဘယ်အသင်းမှာ မဆို သူတို့ရဲ့ အားနည်းချက်တွေကို မြင်တွေ့ရပါတယ်။ ကျွန်တော်တို့ လီဗာပူးလ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း အသုံးချလို့ ရမယ့် အားနည်းချက် ရှိတယ်လို့ ခံစားခဲ့ပါတယ်။ ဒါက ကျွန်တော်တို့ နည်းပြတွေရဲ့ အလုပ်ပဲ ဖြစ်ပြီး အားနည်းချက်တွေကို ခွဲခြမ်းစိတ်ဖြာရပါမယ်။ သူတို့ရဲ့ အားနည်းချက်ကို အသုံးချနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပြီး သူတို့ရဲ့ အားသာချက်ကိုပါ အားနည်းအောင် လုပ်ရမယ်”လို့ ပြောခဲ့ပါတယ်။