MySport Myanmar

ဒီဘားလားရဲ့ အေးဂျင့်နဲ့ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းထွက်နေတဲ့ ယူနိုက်တက်

အီတလီ အခြေစိုက် TuttoMercatoWeb သတင်းမီဒီယာရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ဂျုဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အာဂျင်တီးနား တိုက်စစ်ကစားသမား ပေါ်လိုဒီဘားလားကို နွေစျေးကွက်ထဲမှာ ခေါ်ယူသွားဖို့အတွက် ဒီဘားလားရဲ့ အေးဂျင့်နဲ့ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Spurs Web

အသက်(၂၈)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား ဒီဘားလားဟာ လာမယ့်နွေရာသီမှာပဲ ဂျုဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး ဒီဘားလားကိုယ်တိုင်ကလည်း ဂျုဗီနဲ့ သက်တမ်းတိုးတော့မှာ မဟုတ်ကြောင်း ထုတ်ပြန်ထားခဲ့တာဖြစ်လို့ နွေစျေးကွက်ထဲမှာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်မှာ ဖြစ်ပါတယ်။ ဒီဘားလားလို အရည်အသွေးမြင့် ကစားသမားမျိုးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့အတွ် ဥရောပ ကလပ်အသင်းများစွာက စိတ်ဝင်စားနေကြပြီး ယူနိုက်တက်အသင်းဟာလည်း ဒီအသင်းတွေထဲမှာ တစ်သင်းအပါအဝင် ဖြစ်နေရသလို ဒီဘားလား ပါလာမိုအသင်းမှာ ကစားခဲ့စဉ်ကတည်းက ယူနိုက်တက်ဟာ ဒီဘားလားကို ခေါ်ယူချင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Sporting News

လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ယူနိုက်တက်အသင်းရဲ့ တာဝန်ရှိသူတွေဟာ ဒီဘားလားရဲ့ အေးဂျင့်ဖြစ်သူနဲ့ တွေ့ဆုံနေကြပြီး ဒီဘားလားရဲ့အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။ ယူနိုက်တက်နဲ့ ဒီဘားလားတို့ဟာ အပြောင်းအရွှေ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ယခင်ကတည်းက သတင်းတွေ ထွက်ပေါ်ထားခဲ့ကြတာဖြစ်သလို မကြာခင်မှာ free agent ဖြစ်တော့မယ့် ဒီဘားလားကိုလည်း ယူနိုက်တက်အသင်းက ခေါ်ယူသွားဖို့ ဟန်ပြင်လာခဲ့တာ ဖြစ်ပါတယ်။ ဒီဘားလားကို ယူနိုက်တက်အပြင် နောက်ထပ် ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ တော့တင်ဟမ်နဲ့ အာဆင်နယ်အသင်းတွေကလည်း စိတ်ဝင်စားနေကြပြီး အင်တာမီလန်အသင်းကလည်း အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့အတွက် ဒီဘားလားကို အလိုရှိနေပါတယ်။ ၂၀၁၂ခုနှစ်ကတည်းက အီတလီစီးရီးအေမှာ ကျင်လည်နေခဲ့တဲ့ ဒီဘားလားဟာ ၂၀၁၅ခုနှစ်မှာပဲ ပါလာမိုကနေ ဂျုဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းအတွက် (၂၈၆)ပွဲမှာ (၁၁၃)ဂိုးထိ သွင်းယူပေးနိုင်ခဲ့ပြီး အသင်းနဲ့လည်း စီးရီးအေချန်ပီယံဆုကို (၅)နှစ်ဆက်တိုက် ရယူနိုင်ခဲ့သလို ကိုပါအီတလီယာချန်ပီယံ (၄)ကြိမ် အီတလီစူပါဖလား (၃)ကြိမ်ထိပါ ရယူနိုင်ခဲ့ပါတယ်။

Exit mobile version