ဂျာမနီနိုင်ငံက ပြည်တွင်းသတင်းတွေမှာ ဖော်ပြထားတာက ဒေါ့မွန်အသင်းက မန်ယူအသင်း အနေနဲ့ ဆန်ချိုကို သြဂုတ်လ (၁၀) ရက်နေ့ နောက်ဆုံး ထားပြီး ခေါ်ယူရမှာ ဖြစ်ပြီး သြဂုတ်လ (၁၀) ရက်ကျော်လွန်သွားရင် အပြောင်းအရွေ့ မလုပ်တော့ဘူးလို့ ဖော်ပြကြတာ ဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲက ဒေါ့မွန်အသင်းဟာ အသင်းရဲ့ တောင်ပံ ကစားသမား ဆန်ချိုကို ပေါင် သန်း (၁၀၈) သတ်မှတ်ထားတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ရက်အနည်းငယ်က မန်ယူအသင်းဟာ ဆန်ချိုကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်တယ်လို့လည်း သတင်းထွက်ခဲ့ပါတယ်။

 

 

Photo Credit: TheSun

ဂျာမနီနိုင်ငံ အခြေစိုက် Bild သတင်းက ဒေါ့မွန်အသင်းဟာ ဆန်ချိုကို အပြီးသတ် ခေါ်ယူရမယ့် နေ့ရက်ကို သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်လို့ ဖော်ပြသွားခဲ့ပြီး မန်ယူအသင်းအနေနဲ့ ဆန်ချိုကို ပေါင် (၁၀၈) သန်းနဲ့ သတ်မှတ်ရက်အတွင်း ခေါ်ယူနိုင်ဖို့အတွက် ကြိုးစားဖို့ လိုအပ်နေပါတယ်။ ပရီးမီးယားလိဂ် အသင်းတွေဟာ လာမယ့် ကြာသပတေးနေ့မှာ အပြောင်းအရွေ့ ဈေးကွက်ကို ရက်ထပ်တိုးဖို့အတွက် အစည်းအဝေး ပြုလုပ်သွားကြမှာ ဖြစ်ပြီး အပြောင်းအရွေ့ ဈေးကွက်ကို လာမယ့် အောက်တိုဘာလအထိ တိုးမလား၊ မတိုးဘူးလား ဆိုတာကို ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

Photo Credit: TheSun

ဂျာမနီ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲက ဒေါ့မွန်အသင်းဟာ အသက် (၂၀) အရွယ် အသင်းရဲ့ တောင်ပံကစားသမား ဆန်ချိုကို ပေါင် သန်း (၁၀၈) နဲ့ အောက် ကမ်းလှမ်းလာတဲ့ ဘယ်အသင်းကိုမဆို စဉ်းစားပေးသွားမှာ မဟုတ်ပါဘူးလို့ သဘောထား ပြတ်ပြတ်သားသား ထုတ်ပြန်ခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်က ဆန်ချိုဟာ မန်ယူအသင်းအနေနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပေမယ့်လည်း ဒေါ့မွန်အသင်း နဲ့ မန်ယူအသင်း အကြားမှာ ဆန်ချိုရဲ့ ပြောင်းရွေ့ကြေးကို ညှိုနှိုင်းလို့ မရသေးတာက ပြဿနာ ဖြစ်နေပါတယ်။ ဆန်ချိုဟာ မန်ယူအသင်းကို (၅) နှစ်စာချုပ်နဲ့ ပြောင်းရွေ့လာဖွယ် ရှိပေမယ့်လည်း တကယ်လို့ မန်ယူအသင်းက မြန်မြန် မလှုပ်ရှားဘူးဆိုရင် ဆန်ချိုကို ခေါ်ယူဖို့ ခက်ခဲသွားနိုင်တာ ဖြစ်ပါတယ်။