MySport Myanmar

ရာဘီယော့ အပြင် နောက်ထပ် free agent player တစ်ဦးကိုပါ မန်ယူ မျက်စိကျ

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နွေမှာ ဂျုဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အက်ဒရီယန်ရာဘီယော့ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတဲ့အပြင် ရာဘီယော့လိုပဲ လာမယ့်နွေမှာ free agent ဖြစ်တော့မယ့် လက်စတာ ကွင်းလယ်လူ ယိုရီတီလေမန်းစ်ကိုလည်း မျက်စိကျနေတယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နွေမှာကတညးက ဂျုဗင်တပ်စ်ရဲ့ ပြင်သစ် ကွင်းလယ်လူ ရာဘီယော့ကို ခေါ်ယူဖို့ နီးစပ်ခဲ့ပေမယ့်လည်း လစာပိုင်း အဆင်မပြေမှုကြောင့် အပြောင်းအရွှေ့က ဖြစ်မလာခဲ့ရပဲ ပျက်ပြယ်ခဲ့ရပါတယ်။ ဒါပေမယ့် ယူနိုက်တက်က ရာဘီယော့ကို ခေါ်ယူဖို့ လက်မလျှော့သေးပဲ လာမယ့် ဈေးကွက်ထဲမှာပါ free transfer နဲ့ ခေါ်ယူဖို့ ထပ်မံ ကြိုးပမ်းနေပါသေးတယ်။

Photo Credit : Leicester Mercury

ဒီလို ရာဘီယော့ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်က ကစားသမားတစ်ဦးကိုပါ ချိန်ရွယ်လာခဲ့ပြန်ပါတယ်။ သူကတော့ လာမယ့်နွေမှာ လက်စတာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဘယ်လ်ဂျီယံ ကွင်းလယ်လူ တီလေမန်းစ်ပဲ ဖြစ်ပါတယ်။ တီလေမန်းစ်ဟာ ယခင်ကတည်းက ယူနိုက်တက်နဲ့ သတင်းထွက်ခဲ့ဖူးတဲ့ ကစားသမား ဖြစ်သလို လက်စတာအသင်းရဲ့ အဓိက ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ လက်စတာကလည်း တန်းဆင်းရတော့မယ့် အနေအထားမှာ ရှိနေတဲ့အပြင် တီလေမန်းစ်ကလည်း အသင်းနဲ့ သက်တမ်းမတိုးလို့တော့တဲ့ အခြေအနေမှာ ရှိနေတဲ့အတွက် လက်စတာတို့ ဒီနွေမှာပဲ တီလေမန်းစ်ကို သေချာပေါက် လက်လွတ်ရပါတော့မယ်။

Photo Credit : Leicester Mercury

ဒီအခွင့်အရေးကို အသုံးချသွားဖို့အတွက် လီဗာပူးလ် အာဆင်နယ်အသင်းတွေက အပြိုင်အဆိုင် ဖြစ်နေသလို တီလေမန်းစ် race ထဲကိုလည်း ယူနိုက်တက်ပါ ဝင်ရောက်လာဖွယ် ရှိနေပါတယ်။ ယူနိုက်တက်အနေနဲ့ အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် ကစားသမားတစ်ဦးခန့်လောက် အားဖြည့်ရဖို့ ရှိနေချိန် တိုက်စစ်နဲ့ ခံစစ်အတွက်ကိုလည်း အသုံးစရိတ် ခပ်များများ အသုံးချရဖို့လည်း ရှိနေတာဖြစ်လို့ အသင်းကွင်းလယ်အတွက် ပြောင်းရွှေ့ကြေး မပါဝင်ပဲ ခေါ်ယူလို့ရနိုင်မယ့် free agent ကစားသမားတွေကိုသာ ဦးစားပေး ပစ်မှတ်ထားလာနိုင်ပါတယ်။

Exit mobile version