ဘာစီလိုနာအသင်းရဲ့ နယ်သာလန် တိုက်စစ်ကစားသမား မန်ဖစ်ဒီပိုင်းဟာ ရာသီအစမှာတုန်းက အသင်းအတွက် ပွဲကစားခွင့်တွေ များစွာရရှိခဲ့ပေမယ့်လည်း နည်းပြသစ်ဇာဗီရဲ့ လက်အောက်မှာတော့ ဇာဗီက ဒီပိုင်းထက် ဖာတီ ဒမ်ဘီလီတို့ကို နေရာပေးလာခဲ့သလို ဆောင်းစျေးကွက်မှာလည်း တိုက်စစ်ပိုင်းအတွက် အူဘာမီယန်း ဖယ်ရန်တောရက်စ် အဒါမာထရာအိုရေးတို့ကို ခေါ်ယူခဲ့ပြီး ဒီကစားသမားတွေကိုသာ အသင်းတိုက်စစ်မှာ နေရာပိုပေးနေတာကြောင့် ဒီပိုင်းအနေနဲ့ ဒီရာသီအကုန်မှာပဲ ဘာစီလိုနာနဲ့ လမ်းခွဲဖွယ် ရှိနေရပါတယ်။

Barcelona forward Memphis Depay 'rejects Newcastle United move' - Sports  Mole

Photo Credit : Sport Mole

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းဖြစ်သူ ဒီပိုင်းဟာ ပြီးခဲ့တဲ့နွေကမှ လိုင်ယွန်အသင်းကနေ ဘာစီလိနာအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့့ရောက်ရှိလာခဲ့တာဖြစ်ပြီး ရာသီအစပိုင်းမှာ နယ်သာလန်လူမျိုးနည်းပြ ရော်နယ်ကိုးမန်းကြောင့် ပွဲကစားခွင့်တွေ ရရှိခဲ့သလို ဒီပိုင်းကိုယ်တိုင်ကပါ အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဒီပိုင်း အပါအဝင် ဘာစီလိုနာ ကစားသမားတွေက ကိုးမန်းလက်အောက်မှာ ခြေစွမ်းပြဖို့ ရုန်းကန်လာခဲ့ရပြီး ရလဒ်တွေလည်း ဆိုးလာခဲ့တာကြောင့် အသင်းက ကိုးမန်းကို ထုတ်ပယ်ကာ ဇာဗီနဲ့ ပြန်လည်အစားထိုးခဲ့ရပါတယ်။

Arsenal, Newcastle and Everton chase Memphis Depay as Barcelona look to  cash in - Paper Round - Eurosport

Photo Credit : Eurosport

ဘာစိလိုနာအသင်းကို ဇာဗီ ရောက်ရှိလာပြီးနောက်ပိုင်း ဒီပိုင်းရဲ့ ပွဲကစားခွင့်တွေက အကန့်အသတ်နဲ့ ဖြစ်လာခဲ့ရသလို လက်ရှိ အသင်းရဲ့ တိုက်စစ်ပိုင်းမှာ အရေအတွက် များပြားနေတာကြောင့် ဒီပိုင်းအနေနဲ့ အသင်းကို ပြောင်းရွှေ့ရောက်ရှိပြီး တစ်ရာသီအကြာမှာပဲ ပြန်လည်လက်တွဲဖြုတ်သွားဖို့ စဉ်းစားလာခဲ့ရတာ ဖြစ်သလို ဒီပိုင်းကိုလည်း အာဆင်နယ်အသင်း အပါအဝင် ပရီးမီးယားလိဂ် ကလပ်အသင်းတွေက စောင့်ကြည့်လျက် ရှိနေတယ်လို့ သိရပါတယ်။ ယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးတဲ့ အသက်(၂၈)နှစ်အရွှယ် နယ်သာလန်ကစားသမား ဒီပိုင်းကို အာဆင်နယ် နယူူးကာဆယ်နဲ့ အဲဗာတန်အသင်းတွေကနေ စိတ်ဝင်စားနေကြသလို ပေါ်လိုဒီဘားလားကို လက်လွတ်သွားရတော့မယ့် ဂျုဗင်တပ်စ်အသင်းကလည်း ဒီပိုင်းကို စောင့်ကြည့်လို့နေပါတယ်။ ဒီအသင်းတွေထဲမှာ တိုက်စစ်ပိုင်း အားဖြည့်တင်းမှုကို မဖြစ်မနေ လုပ်ဆောင်သွားရမယ့် အာဆင်နယ်က ဒီပိုင်းကို ခေါ်ယူဖို့ စိတ်အဝင်စားဆုံး ဖြစ်နေရပြီး နယူးကာဆယ်ကလည်း နွေစျေးကွက်ထဲ ကစားသမားသစ် အဝယ်ခပ်ကြမ်းကြမ်း ပြုလုပ်ဖို့အတွက် ဒီပိုင်းကို အလိုရှိနေသလို အဲဗာတန်ကလည်း ရစ်ချာလီဆန် ကဲလ်ဗတ်လီဝင်တို့ ထွက်ခွာသွားရင် သူတို့နေရာမှာ အစားထိုးဖို့အတွက် ဒီပိုင်းကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။