နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းကတော့ လက်ရှိရာသီ ပြိုင်ပွဲစုံ ပြိုင်ပွဲမှာ ပင်နယ်တီ (၂၂) ကြိမ်အထိ ရရှိခဲ့တဲ့ အတွက်ကြောင့် ပြီးခဲ့တဲ့ နောက်ဆုံး (၃) ရာသီအတွင်းမှာ အာဆင်နယ်အသင်း ရရှိခဲ့တဲ့ ပင်နယ်တီ စုစုပေါင်း အကြိမ်အရေ အတွက်ထက် ပိုများနေပါတယ်။ လက်ရှိရာသီ ဥရောပ ထိပ်သီး (၅) လိဂ်မှာ မန်ယူအသင်းက ပင်နယ်တီ အများဆုံး ရရှိထားပြီး မန်ယူအသင်းရဲ့ ပင်နယ်တီ (၂၂) ကြိမ်ထက် ပင်နယ်တီ အများဆုံး နောက်ဆုံး အကြိမ် ရရှိခဲ့တဲ့ အသင်းက (၂၀၁၅-၁၆) ခုနှစ်မှာ ပင်နယ်တီ (၂၄) ကြိမ် ရရှိခဲ့တဲ့ ဘာစီလိုနာအသင်း ဖြစ်ပါတယ်။

Photo Credit: TheSun

မန်ယူအသင်းဟာ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပြီးခဲ့တဲ့ လက ပင်နယ်တီ (၁၄) ကြိမ်မြောက် ရရှိခဲ့စဉ်က ပရီးမီးယားလိဂ် ပြိုင်ပွဲမှာလည်း ပင်နယ်တီ အများဆုံး ရရှိတဲ့ အသင်း ဖြစ်သွားခဲ့ပြီး နောက်ဆုံး ကစားခဲ့တဲ့ (၂) ရာသီအတွင်းမှာ ပင်နယ်တီ စုစုပေါင်း (၃၇) ကြိမ်အထိ ရရှိခဲ့ပါတယ်။ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ လက်ရှိရာသီမှာ ပင်နယ်တီ (၂၂) ကြိမ် ရရှိခဲ့ပြီး ပြီးခဲ့တဲ့ ရာသီကလည်း ပင်နယ်တီ (၁၅) ကြိမ် ရရှိခဲ့တာကြောင့် နှစ်ရာသီကို ပေါင်းလိုက်ရင် လွန်ခဲ့တဲ့ (၂) ရာသီအတွင်းမှာ ပင်နယ်တီ စုစုပေါင်း (၃၇) ကြိမ်အထိ ရရှိခဲ့တာ ဖြစ်ပါတယ်။

Photo Credit: TheSun

အာဆင်နယ်အသင်းဟာ လွန်ခဲ့တဲ့ (၂၀၁၇-၁၈) ရာသီကနေ လက်ရှိအချိန်အထိ၊ (၃) နှစ်အတွင်း ပင်နယ်တီ (၂၀) သာ ရရှိခဲ့ပြီး မန်ယူအသင်း လက်ရှိရာသီမှာ ရရှိခဲ့တဲ့ ပင်နယ်တီ (၂၂) ကြိမ်က အာဆင်နယ်အသင်းရဲ့ (၃) ရာသီအတွင်းမှာ ရရှိခဲ့တဲ့ ပင်နယ်တီထက် ပိုများပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိရာသီမှာလည်း ပင်နယ်တီ (၅) ကြိမ်သာ ရရှိခဲ့တာကြောင့် မန်ယူအသင်းရဲ့ လက်ရှိရာသီ ပင်နယ်တီ ရရှိမှု (၂၂) ကြိမ်နဲ့ ယှဉ်လိုက်မယ် ဆိုရင် မန်ယူအသင်းက အာဆင်နယ်အသင်းထက် လက်ရှိရာသီမှာ ပင်နယ်တီ (၄) ဆ ပိုမို ရရှိထားပါတယ်။ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းကတော့ လက်ရှိရာသီမှာ ရရှိထားတဲ့ ပင်နယ်တီ (၂၂) ကြိမ်မှာ (၄) ကြိမ်သာ မဂိုးခဲ့တာ ဖြစ်ပြီး ကျန်တဲ့ ပင်နယ်တီ (၁၈) ကြိမ်ကို ဂိုးအဖြစ် အမှားအယွင်း မရှိ ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။