ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိ ဇန်နဝါရီအပြောင်းအရွှေ့ ဈေးကွက်မှာတော့ စပို့တင်းလစ္စဘွန်းအသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ကို ပြောင်းရွှေ့ကြေး ပေါင်၆၀သန်းနဲ့ ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံး အနေအထားတစ်ရပ်မှာ ရှိနေခဲ့ပါတယ်။







ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိ ဇန်နဝါရီအပြောင်းအရွှေ့ စျေးကွက်မှာတော့ စပို့တင်းလစ္စဘွန်းအသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ကို ပြောင်းရွှေ့ကြေး ပေါင်၆၀သန်းနဲ့ ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံး အနေအထားတစ်ရပ်မှာ ရှိနေခဲ့ပါတယ်။

Photo Credit: Express.com

သတင်းတွေအရတော့ ယနေ့မနက်မှာပဲ ယူနိုက်တက်အသင်းဟာ ဖာနန်ဒက်စ်အတွက် နောက်ဆုံး အပြောင်းအရွှေ့လုပ်ဆောင်မှုတွေကို လုပ်ဆောင်ဖို့ ရှိနေကြောင်း ပေါ်တူဂီသတင်းစာတွေက ဖော်ပြထားကြပြီး ဖာနန်ဒက်စ်အနေနဲ့လည်း မကြာခင်မှာပဲ အင်္ဂလန်ကို ရောက်လာဖို့ ရှိနေကြောင်း သိရပါတယ်။

Photo Credit: Express.com

ယူနိုက်တက်အသင်းရဲ့ ပရိသတ်တွေဟာ အသင်းအနေနဲ့ ဖာနန်ဒက်စ်ကို ခေါ်ယူပြီးပါက နောက်ထပ် ကွင်းလယ်ကစားသမားတစ်ဦး ခေါ်ယူဖို့ မရှိနိုင်တော့ဘူးလို့ သုံးသပ်ထားကြပေမယ့် ယူနိုက်တက်အသင်းနဲ့ နီးစပ်သူတွေက ယူနိုက်တက်အသင်းဟာ ဖာနန်ဒက်စ်ကို ခေါ်ယူပြီးပါကလည်း အသင်းရဲ့ ပစ်မှတ်ကစားသမား ဖြစ်တဲ့ မက်ဒီဆင်ကို လာမယ့် နွေရာသီမှာ ခေါ်ယူဖို့ ရှိနေတယ်လို့ ဝန်ခံသွားခဲ့ကြပါတယ်။

Photo Credit: Express.com

လက်စတာစီးတီးအသင်းရဲ့ အဓိက ကွင်းလယ်လူ မက်ဒီဆင်ဟာ ယူနိုက်တက်အသင်းရဲ့ ကာလရှည်ပစ်မှတ်ကစားသမားဖြစ်ပြီး လက်ရှိ ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းယားနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေသူ ဖြစ်တာကြောင့် ယူနိုက်တက်ဟာ မက်ဒီဆင်ကို ခေါ်ယူနိုင်ဖို့ရှိနေပြီး ပြောင်းရွှေ့ကြေးအနေနဲ့ ပေါင်၇၀သန်းခန့် သုံးစွဲရဖို့တော့ ရှိနေပါတယ်။