ပရီးမီးယားလိဂ္ရဲ့ နာမည္ႀကီးအသင္းျဖစ္တဲ့ မန္ခ်က္စတာယူနိုက္တက္အသင္းကေတာ့ ေပၚတူဂီကလပ္ စပို႔တင္းလစၥဘြန္းအသင္းရဲ့ အသင္းေခါင္းေဆာင္နဲ႔ အဓိက ကြင္းလယ္လူ ဘ႐ူနို ဖာနန္ဒက္စ္ကို ေခၚယူဖို႔အတြက္ လက္ရွိ အခ်ိန္အထိ လက္မေလၽွာ့ေသးပဲ စပို႔တင္းထံကို ေနာက္ဆုံးကမ္းလွမ္းခ်က္တစ္ႀကိမ္ ျပဳလုပ္ခဲ့ေၾကာင္း အဂၤလန္သတင္းမီဒီယာေတြက ေဖာ္ျပခဲ့ၾကပါတယ္။

Photo Credit: Metro.com

ၿပီးခဲ့တဲ့ေႏြရာသီ အေျပာင္းအေရႊ႕မွာေရာ ၊ ယခု ဇန္နဝါရီလအေျပာင္းအေရႊ႕အတြင္းမွာပါ ယူနိုက္တက္အသင္းဟာ ဖာနန္ဒက္စ္ကို ေခၚယူဖို႔ ကမ္းလွမ္းမွုအႀကိမ္ႀကိမ္ ျပဳလုပ္ခဲ့ေပမယ့္ စပို႔တင္းအသင္း အလိုရွိတဲ့ ေျပာင္းေရႊ႕ေၾကးနဲ႔ ကြာဟေနတာေၾကာင့္ လက္ရွိအခ်ိန္အထိ အေျပာင္းအေရႊ႕ဟာ မၿပီးျပတ္ေသးတာလဲ ျဖစ္ပါတယ္။

Photo Credit: Metro.com

ဖာနန္ဒက္စ္ဘက္ကေတာ့ စပို႔တင္းအသင္းမွ ထြက္ခြာကာ စိန္ေခၚမွုအသစ္ေတြကို ရင္ဆိုင္လိုေနၿပီး ယူနိုက္တက္အသင္းထံကို ေျပာင္းေရႊ႕ဖို႔ စိတ္ဝင္စားေနပါတယ္။ အဂၤလန္သတင္းမီဒီယာေတြရဲ့ ေနာက္ဆုံးေဖာ္ျပခ်က္အရေတာ့ ယူနိုက္တက္အသင္းဟာ စပို႔တင္းအသင္းကို ေပါင္၇၀သန္း တန္ေၾကးရွိတဲ့ ကမ္းလွမ္းမွု တစ္ခုနဲ႔ ကမ္းလွမ္းထားကာ အဆိုပါကမ္းလွမ္းမွုကိုလည္း ေနာက္ဆုံးကမ္းလွမ္းခ်က္လို႔ အမည္ေပးထားေၾကာင္း သိရပါတယ္။

Photo Credit: Metro.com

ယူနိုက္တက္ဟာ ဖာနန္ဒက္စ္အတြက္ ကနဦး ေျပာင္းေရႊ႕ေၾကး ေပါင္၅၅သန္းနဲ႔အတူ ေနာက္ထပ္ ေပါင္၁၅သန္းေပးေခ်မယ္ဆိုတဲ့ ကမ္းလွမ္းမွုတစ္ခုနဲ႔ စပို႔တင္းအသင္းထံကို ကမ္းလွမ္းထားခဲ့တာျဖစ္ၿပီး စပို႔တင္းဘက္က ဆုံးျဖတ္ခ်က္ ခ်ဖို႔သာ လိုအပ္ပါေတာ့တယ္။ လက္ရွိမွာေတာ့ ဖာနန္ဒက္စ္ဟာ မာရီတီမို အသင္းနဲ႔ပြဲစဥ္အတြက္ စပို႔တင္းအသင္းရဲ့ လူစာရင္းမွာ ပါဝင္ေနကာ ေလ့က်င့္မွုေတြ ျပဳလုပ္လို႔ ေနပါတယ္။

ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကတော့ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းရဲ့ အသင်းခေါင်းဆောင်နဲ့ အဓိက ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူဖို့အတွက် လက်ရှိ အချိန်အထိ လက်မလျှော့သေးပဲ စပို့တင်းထံကို နောက်ဆုံးကမ်းလှမ်းချက်တစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း အင်္ဂလန်သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

Photo Credit: Metro.com

ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာရော ၊ ယခု ဇန်နဝါရီလအပြောင်းအရွှေ့အတွင်းမှာပါ ယူနိုက်တက်အသင်းဟာ ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ကမ်းလှမ်းမှုအကြိမ်ကြိမ် ပြုလုပ်ခဲ့ပေမယ့် စပို့တင်းအသင်း အလိုရှိတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကွာဟနေတာကြောင့် လက်ရှိအချိန်အထိ အပြောင်းအရွှေ့ဟာ မပြီးပြတ်သေးတာလဲ ဖြစ်ပါတယ်။

Photo Credit: Metro.com

ဖာနန်ဒက်စ်ဘက်ကတော့ စပို့တင်းအသင်းမှ ထွက်ခွာကာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်လိုနေပြီး ယူနိုက်တက်အသင်းထံကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။ အင်္ဂလန်သတင်းမီဒီယာတွေရဲ့ နောက်ဆုံးဖော်ပြချက်အရတော့ ယူနိုက်တက်အသင်းဟာ စပို့တင်းအသင်းကို ပေါင်၇၀သန်း တန်ကြေးရှိတဲ့ ကမ်းလှမ်းမှု တစ်ခုနဲ့ ကမ်းလှမ်းထားကာ အဆိုပါကမ်းလှမ်းမှုကိုလည်း နောက်ဆုံးကမ်းလှမ်းချက်လို့ အမည်ပေးထားကြောင်း သိရပါတယ်။

Photo Credit: Metro.com

ယူနိုက်တက်ဟာ ဖာနန်ဒက်စ်အတွက် ကနဦး ပြောင်းရွှေ့ကြေး ပေါင်၅၅သန်းနဲ့အတူ နောက်ထပ် ပေါင်၁၅သန်းပေးချေမယ်ဆိုတဲ့ ကမ်းလှမ်းမှုတစ်ခုနဲ့ စပို့တင်းအသင်းထံကို ကမ်းလှမ်းထားခဲ့တာဖြစ်ပြီး စပို့တင်းဘက်က ဆုံးဖြတ်ချက် ချဖို့သာ လိုအပ်ပါတော့တယ်။ လက်ရှိမှာတော့ ဖာနန်ဒက်စ်ဟာ မာရီတီမို အသင်းနဲ့ပွဲစဉ်အတွက် စပို့တင်းအသင်းရဲ့ လူစာရင်းမှာ ပါဝင်နေကာ လေ့ကျင့်မှုတွေ ပြုလုပ်လို့ နေပါတယ်။