မေန႔ညက ကစားသြားခဲ႔တဲ႔ လိဂ္ဖလားဆီမီးဖုိင္နယ္ ပထမအေက်ာ့ရဲ႕ပထမပြဲစဥ္အတြင္းမွာ မန္စီးတီးအသင္းက အိမ္ရွင္မန္ခ်က္စတာယူႏုိက္တက္အသင္းကုိ ၁ဂုိး၃ဂုိးနဲ႔ အႏုိင္ရယူခဲ႔ၿပီး ဒုတိယအေက်ာ့ကုိ ဆက္လက္မကစားရေသးခင္မွာပဲ ဖုိင္နယ္အဆင့္ကုိ ထပ္မံတတ္လွမ္းႏုိင္ဖုိ႔ အေျခအေနေကာင္းတစ္ခုကုိ ပုိင္ဆုိင္သြားခဲ႔ရပါတယ္။ မန္စီးတီးအသင္းဟာ အဲ႔ဒီပြဲစဥ္အတြင္းမွာ ၿမိဳ႕ခံၿပိဳင္ဘက္ ယူႏုိက္တက္အသင္းကုိ အစစအရာရာ အသာစီးရယူႏုိင္ခဲ႔တဲ႔အျပင္ သြင္းဂုိး၃ဂုိးလုံးကုိလည္း ပထမပုိင္း ပြဲကစားခ်ိန္အတြင္းမွာပဲ သြင္းယူႏုိင္ခဲ႔တာျဖစ္ပါတယ္။

Photo Credit : The Sun

ယူႏုိက္တက္အသင္းဟာ အဆုိပါပြဲစဥ္မွာ အသင္းရဲ႕ေနာက္ခံကစားသမား မက္ဂြိဳင္းယား ကြင္းလယ္ကစားသမားေတြျဖစ္တဲ႔ ေပါ့ဘာ တြမ္မီေနးနဲ႔ တုိက္စစ္ကစားသမား မာစီယဲလ္တုိ႔ကုိ ထည့္သြင္းႏုိင္ျခင္းမရွိလုိ႔ ကစားပုံက အားနည္းခ်က္ေတြျဖစ္ေပၚခဲ႔ရၿပီး အဓိကေတာ့ ကြင္းလယ္နဲ႔ခံစစ္ပုိင္းက အားအနည္းဆုံး ျဖစ္ခဲ႔ရပါတယ္။ ဒါေၾကာင့္ပဲ မန္စီးတီးအသင္းက ပထမပုိင္းမွာ ဘာနာဒုိေဆးဗား မာရက္ဇ္နဲ႔ ပါရဲရားရဲ႕ကုိယ့္ဂုိးကုိယ္သြင္းယူမႈေတြကေန အျပတ္အသတ္ ဦးေဆာင္ႏုိင္ခဲ႔ရတာျဖစ္ပါတယ္။ ဒီရလဒ္ဟာ ၁၉၉၇ခုႏွစ္ေနာက္ပုိင္း ပထမပုိင္းအၿပီး အဆုိးရႊားဆုံး ျဖစ္ေနခဲ႔ရသလုိ ယူႏုိက္တက္ပရိသတ္ေတြဘက္ကေန ဒါကုိ လက္သင့္ခံဖုိ႔ ခက္ခဲလြန္းတာေၾကာင့္ ပထမပုိင္းပြဲကစားခ်ိန္အၿပီးမွာပဲ ကြင္းထဲကေန ထြက္ခြာသြားခဲ႔ၾကပါတယ္။

Photo Credit : Getty Images

ဒုတိယပုိင္းမွာေတာ့ ယူႏုိက္တက္အသင္းက နည္းဗ်ဴဟာအေျပာင္းအလဲေတြျပဳလုပ္ခဲ႔ၿပီး တုိက္စစ္မွဴးရပ္ဖုိဒ့္ရဲ႕အေရးပါလွတဲ႔ ေခ်ပဂုိးတစ္ဂုိးကုိလည္း ေျပာင္းလဲသြင္းယူႏုိင္ခဲ႔ပါတယ္။ ဒါေပမယ့္လည္း ေနာက္ထပ္ေခ်ပဂုိးေတြ ထပ္မံရယူႏုိင္ဖုိ႔အတြက္ လုံေလာက္တဲ႔ဖိအားေပးမႈေတြ ဆက္လက္ျပဳလုပ္ႏုိင္ခဲ႔ျခင္းမရွိလုိ႔ ပြဲအၿပီးမွာ ၁ဂုိး၃ဂုိးနဲ႔ အရွုံးေပးလုိက္ရတာပဲျဖစ္ပါတယ္။ အခုဆုိရင္ ယူႏုိက္တက္နည္းျပဆုိးလ္ရွားဟာ ယူႏုိက္တက္ရဲ႕ယာယီနည္းျပျဖစ္ၿပီးေနာက္ ယူႏုိက္တက္အတြက္ ကုိင္တြယ္ခဲ႔တဲ႔ ၄၂ပြဲမွာ ၁၆ပြဲကုိ အႏုိင္ရခဲ႔တာေၾကာင့္ အသင္းပရိသတ္ေတြက ဆုိးလ္ရွားကုိ အသင္းနည္းျပရာထူးကေန ထြက္ခြာေစခ်င္ေနၿပီး စပါးအသင္းရဲ႕နည္းျပေဟာင္း ပုိခ်က္တီႏုိနဲ႔ အစားထုိးေစခ်င္ေနပါတယ္။ လတ္တေလာမွာလည္း ယူႏုိက္တက္အသင္းက ပြဲက်ပ္ေတြကုိ ဆက္တုိက္ရင္ဆုိင္ရဦးမွာျဖစ္လုိ႔ ဒီဇန္နဝါရီမွာပဲ ယူႏုိက္တက္တုိ႔ နည္းျပအေျပာင္းအလဲ ျဖစ္သြားမလားဆုိတာ ေစာင့္ၾကည့္ရပါလိမ့္မယ္။

(Unicode)

ပထမပိုင်းအပြီးမှာပဲ အိုးထရက်ဖိုဒ့်ကွင်းထဲကနေ ပြန်သွားခဲ့ကြတဲ့ ယူနိုက်တက်ပရိသတ်များ

မနေ့ညက ကစားသွားခဲ့တဲ့ လိဂ်ဖလားဆီမီးဖိုင်နယ် ပထမအကျော့ရဲ့ပထမပွဲစဉ်အတွင်းမှာ မန်စီးတီးအသင်းက အိမ်ရှင်မန်ချက်စတာယူနိုက်တက်အသင်းကို ၁ဂိုး၃ဂိုးနဲ့ အနိုင်ရယူခဲ့ပြီး ဒုတိယအကျော့ကို ဆက်လက်မကစားရသေးခင်မှာပဲ ဖိုင်နယ်အဆင့်ကို ထပ်မံတတ်လှမ်းနိုင်ဖို့ အခြေအနေကောင်းတစ်ခုကို ပိုင်ဆိုင်သွားခဲ့ရပါတယ်။ မန်စီးတီးအသင်းဟာ အဲ့ဒီပွဲစဉ်အတွင်းမှာ မြို့ခံပြိုင်ဘက် ယူနိုက်တက်အသင်းကို အစစအရာရာ အသာစီးရယူနိုင်ခဲ့တဲ့အပြင် သွင်းဂိုး၃ဂိုးလုံးကိုလည်း ပထမပိုင်း ပွဲကစားချိန်အတွင်းမှာပဲ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

Photo Credit : The Sun

ယူနိုက်တက်အသင်းဟာ အဆိုပါပွဲစဉ်မှာ အသင်းရဲ့နောက်ခံကစားသမား မက်ဂွိုင်းယား ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ပေါ့ဘာ တွမ်မီနေးနဲ့ တိုက်စစ်ကစားသမား မာစီယဲလ်တို့ကို ထည့်သွင်းနိုင်ခြင်းမရှိလို့ ကစားပုံက အားနည်းချက်တွေဖြစ်ပေါ်ခဲ့ရပြီး အဓိကတော့ ကွင်းလယ်နဲ့ခံစစ်ပိုင်းက အားအနည်းဆုံး ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့်ပဲ မန်စီးတီးအသင်းက ပထမပိုင်းမှာ ဘာနာဒိုဆေးဗား မာရက်ဇ်နဲ့ ပါရဲရားရဲ့ကိုယ့်ဂိုးကိုယ်သွင်းယူမှုတွေကနေ အပြတ်အသတ် ဦးဆောင်နိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒီရလဒ်ဟာ ၁၉၉၇ခုနှစ်နောက်ပိုင်း ပထမပိုင်းအပြီး အဆိုးရွှားဆုံး ဖြစ်နေခဲ့ရသလို ယူနိုက်တက်ပရိသတ်တွေဘက်ကနေ ဒါကို လက်သင့်ခံဖို့ ခက်ခဲလွန်းတာကြောင့် ပထမပိုင်းပွဲကစားချိန်အပြီးမှာပဲ ကွင်းထဲကနေ ထွက်ခွာသွားခဲ့ကြပါတယ်။

Photo Credit : Getty Images

ဒုတိယပိုင်းမှာတော့ ယူနိုက်တက်အသင်းက နည်းဗျူဟာအပြောင်းအလဲတွေပြုလုပ်ခဲ့ပြီး တိုက်စစ်မှူးရပ်ဖိုဒ့်ရဲ့အရေးပါလှတဲ့ ချေပဂိုးတစ်ဂိုးကိုလည်း ပြောင်းလဲသွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ထပ်ချေပဂိုးတွေ ထပ်မံရယူနိုင်ဖို့အတွက် လုံလောက်တဲ့ဖိအားပေးမှုတွေ ဆက်လက်ပြုလုပ်နိုင်ခဲ့ခြင်းမရှိလို့ ပွဲအပြီးမှာ ၁ဂိုး၃ဂိုးနဲ့ အရှုံးပေးလိုက်ရတာပဲဖြစ်ပါတယ်။ အခုဆိုရင် ယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ ယူနိုက်တက်ရဲ့ယာယီနည်းပြဖြစ်ပြီးနောက် ယူနိုက်တက်အတွက် ကိုင်တွယ်ခဲ့တဲ့ ၄၂ပွဲမှာ ၁၆ပွဲကို အနိုင်ရခဲ့တာကြောင့် အသင်းပရိသတ်တွေက ဆိုးလ်ရှားကို အသင်းနည်းပြရာထူးကနေ ထွက်ခွာစေချင်နေပြီး စပါးအသင်းရဲ့နည်းပြဟောင်း ပိုချက်တီနိုနဲ့ အစားထိုးစေချင်နေပါတယ်။ လတ်တလောမှာလည်း ယူနိုက်တက်အသင်းက ပွဲကျပ်တွေကို ဆက်တိုက်ရင်ဆိုင်ရဦးမှာဖြစ်လို့ ဒီဇန်နဝါရီမှာပဲ ယူနိုက်တက်တို့ နည်းပြအပြောင်းအလဲ ဖြစ်သွားမလားဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။