စပါးအသင်းက ဘင်ဖီကာအသင်းရဲ့အသက်၂၁နှစ်အရွှယ် ပေါ်တူဂီကွင်းလယ်တိုက်စစ်ကစားသမားလေး ဂတ်စ်ဆင်ဖာနန်ဒက်စ်ကို ၁၈တာအငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီးတဲ့နောက်မှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ပရိသတ်တွေကလည်း သူတို့အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေးကို ထွက်ပေါ်လို့နေတဲ့ စပို့တင်းလစ္စဘွန်းအသင်းရဲ့ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်နဲ့ပတ်သက်ပြီး အပြောင်းအရွှေ့အပြီးမသတ်နိုင်သေးတဲ့အပေါ် အားမလိုအားမရဖြစ်နေရပြီး ဖာနန်ဒက်စ်ကို ယူနိုက်တက်ဆီ အမြန်ဆုံးလက်လွတ်ပေးဖို့ စပို့တင်းအသင်းဘက်ကို တောင်းဆိုမှုတွေပါ ပြုလုပ်လာခဲ့ပါတယ်။
အခုဆောင်းရာသီဈေးကွက်အတွင်းမှာ အပြောင်းအရွှေ့သတင်း အလှုပ်ခတ်ဆုံးဖြစ်နေရတဲ့ ဖာနန်ဒက်စ်နဲ့ ယူနိုက်တက်အသင်းတို့ဟာ သဘောတူညီမှုတွေ ရယူနိုင်ခဲ့ပြီလို့ သတင်းထွက်လာခဲ့ပေမယ့်လည်း တကယ်တမ်းမှာတော့ အပြောင်းအရွှေ့က အပြီးမသတ်နိုင်သေးတဲ့အပြင်ကို စပို့တင်းအသင်းရဲ့တရားဝင်တွစ်တာစာမျက်နှာပေါ်မှာ တင်ထားခဲ့တဲ့ အသင်းရဲ့လေ့ကျင့်ရေးခန်းဆင်းနေတဲ့ ဓါတ်ပုံတွေထဲမှာပါ ဖာနန်ဒက်စ်က ပါဝင်နေသေးတာကြောင့် ယူနိုက်တက်ပရိသတ်တွေက ဒီအပေါ်မှာ စိတ်ပျက်လာခဲ့ပြီး ဆိုရှယ်မီဒီယာတွေပေါ်မှာ ဖာနန်ဒက်စ်ကို လက်လွတ်ပေးလိုက်ဖို့ တောင်းဆိုမှုတွေနဲ့ #FreeBruno ဆိုတဲ့ စာတန်းတွေကိုလည်း ဖောဖောသီသီ သုံးစွဲလာခဲ့ကြပါတယ်။
(Unicode)
ဖာနန်ဒက်စ်ကို အမြန်ဆုံးလက်လွတ်ပေးဖို့ စပို့တင်းကို ယူနိုက်တက်ပရိသတ်တွေ တောင်းဆို
စပါးအသင်းက ဘင်ဖီကာအသင်းရဲ့အသက်၂၁နှစ်အရွှယ် ပေါ်တူဂီကွင်းလယ်တိုက်စစ်ကစားသမားလေး ဂတ်စ်ဆင်ဖာနန်ဒက်စ်ကို ၁၈တာအငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီးတဲ့နောက်မှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ပရိသတ်တွေကလည်း သူတို့အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေးကို ထွက်ပေါ်လို့နေတဲ့ စပို့တင်းလစ္စဘွန်းအသင်းရဲ့ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်နဲ့ပတ်သက်ပြီး အပြောင်းအရွှေ့အပြီးမသတ်နိုင်သေးတဲ့အပေါ် အားမလိုအားမရဖြစ်နေရပြီး ဖာနန်ဒက်စ်ကုုိ ယူနိုက်တက်ဆီ အမြန်ဆုံးလက်လွတ်ပေးဖို့ စပို့တင်းအသင်းဘက်ကို တောင်းဆိုမှုတွေပါ ပြုလုပ်လာခဲ့ပါတယ်။
Photo Credit : Getty Images
အခုဆောင်းရာသီစျေးကွက်အတွင်းမှာ အပြောင်းအရွှေ့သတင်း အလှုပ်ခတ်ဆုံးဖြစ်နေရတဲ့ ဖာနန်ဒက်စ်နဲ့ ယူနိုက်တက်အသင်းတို့ဟာ သဘောတူညီမှုတွေ ရယူနိုင်ခဲ့ပြီလို့ သတင်းထွက်လာခဲ့ပေမယ့်လည်း တကယ်တမ်းမှာတော့ အပြောင်းအရွှေ့က အပြီးမသတ်နိုင်သေးတဲ့အပြင်ကို စပို့တင်းအသင်းရဲ့တရားဝင်တွစ်တာစာမျက်နှာပေါ်မှာ တင်ထားခဲ့တဲ့ အသင်းရဲ့လေ့ကျင့်ရေးခန်းဆင်းနေတဲ့ ဓါတ်ပုံတွေထဲမှာပါ ဖာနန်ဒက်စ်က ပါဝင်နေသေးတာကြောင့် ယူနိုက်တက်ပရိသတ်တွေက ဒီအပေါ်မှာ စိတ်ပျက်လာခဲ့ပြီး ဆိုရှယ်မီဒီယာတွေပေါ်မှာ ဖာနန်ဒက်စ်ကို လက်လွတ်ပေးလိုက်ဖို့ တောင်းဆိုမှုတွေနဲ့ #FreeBruno ဆိုတဲ့ စာတန်းတွေကိုလည်း ဖောဖောသီသီ သုံးစွဲလာခဲ့ကြပါတယ်။
Photo Credit : Getty Images
စပို့တင်းအသင်းရဲ့တွစ်တာဓါတ်ပုံအောက်မှာ ယူနိုက်တက်ပရိသတ်တွေက “ငါတို့ကစားသမားကို လက်လွတ်ပေးပါတော့” “မင်းတို့တွေ အပြောင်းအရွှေ့ကို အပြီးသတ်သင့်ပြီလေ” “သူက ဘာလို့များ စပို့တင်းအသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်မှာ ရှိနေသေးရတာလဲ။  အခုချက်ချင်း ငါတို့ဆီကို လွတ်လိုက်တော့” အစရှိတဲ့ မှတ်ချက်စကားတွေနဲ့ ဖာနန်ဒက်စ်ကို ယူနိုက်တက်ဆီ အမြန်ဆုံးရောင်းချအောင် တောင်းဆိုထားကြပါတယ်။ နောက်ဆုံးကြားသိထားရတဲ့ သတင်းတွေအရတော့ ကစားသမားကိုယ်တိုင်က ယူနိုက်တက်မှာ လာရောက်ကစားဖို့ စိတ်ဆန္ဒပြင်းပြလို့နေပေမယ့်လည်း အသင်းနှစ်သင်းကြားမှာ ပြောင်းရွှေ့ကြေးနဲ့ပတ်သက်ပြီး ညှိနှိုင်းနေရဆဲဖြစ်လို့သာ အပြီးမသတ်နိုင်သေးရတာဖြစ်ပြီး စပို့တင်းအသင်းဘက်ကနေ ပေါင်၅၁သန်းအပြင် ယူနိုက်တက်အသင်းသားတချို့ကိုလည်း ပြောင်းရွှေ့ကြေး တစိတ်တပိုင်းအနေနဲ့ အလိုရှိနေတာကြောင့်မို့ ဆက်လက်ဆွေးနွေးနေရတာလို့ သိပါတယ်။ ဒါပေမယ့် အခုဆောင်းစျေးကွက် ၂ပတ်လောက်ကျန်ရှိနေသေးလို့ ဖာနန်ဒက်စ်အနေနဲ့ ယူနိုက်တက်ကစားသမားဖြစ်လာဖို့ အခွင့်အရေးများစွာ ရှိနေသေးတယ်လို့ ယူဆရမှာပါ။