မန္ယူ ပရိသတ္ေတြဟာ အဂၤါေန႔ ညေနပိုင္းက မန္ယူအသင္းရဲ႕ ဒုတိယ အမႈေဆာင္ အရာရွိခ်ဳပ္ အက္ဒ္ ဝုတ္ဝက္ဒ္ရဲ႕ အိမ္ကို မီးရႈးမီးပန္းေတြနဲ႔ တိုက္ခိုက္ခဲ့ၿပီး မီးေလာင္ေစႏိုင္တဲ့ ပစၥည္းေတြနဲ႔ ပစ္ေပါက္ခဲ့ၾကပါတယ္။ မန္ယူ ပရိသတ္ေတြရဲ႕ တိုက္ခိုက္မႈ ပုံရိပ္ေတြဟာ ဗီဒီယိုနဲ႔ အြန္လိုင္းမွာ ပ်ံ႕သြားခဲ့ၿပီး အခ်ိဳ႕ မန္ယူ ပရိသတ္ေတြ ဆိုရင္ေတာ့ အက္ဒ္ ဝုတ္ဝက္ဒ္ရဲ႕ အိမ္ၿခံစည္း႐ိုးေတြကို အေရာင္ေဆး ဖ်န္းခဲ့ၾကသလို မီးရႈံးမီးပန္းေတြကို အိမ္ၿခံထဲ ပစ္ေပါက္ခဲ့ၾကတာပဲ ျဖစ္ပါတယ္။

Photo Credit: Goal

Goal သတင္းက အက္ဒ္ ဝုတ္ဝက္ဒ္ နဲ႔ သူ႔ရဲ႕ မိသားစုဝင္ေတြဟာ သူတို႔ရဲ႕ အိမ္ တိုက္ခိုက္ခံရတဲ့ အခ်ိန္မွာ အိမ္မွာ ရွိမေနခဲ့ၾကဘူးလို႔ ေဖာ္ျပခဲ့ၿပီး တစ္ေယာက္မွ ဒဏ္ရာ မရခဲ့ၾကေပမဲ့ ရဲေတြက အမႈကို စုံးစမ္းစစ္ေဆးေနၿပီ ျဖစ္ပါတယ္။ မန္ခ်က္စတာ ယူႏိုက္တက္အသင္းကေတာ့ အသင္း ပရိသတ္ေတြရဲ႕ လုပ္ရပ္ကို ရႈတ္ခ်သြားခဲ့ၿပီး တရားခံေတြကိုသာ မိသြားမယ္ သိသြားမယ္ဆိုရင္ တစ္သက္တာ ပြဲၾကည့္ခြင့္ ပိတ္ပင္ခံရမွာ ျဖစ္ၿပီး ျပစ္ဒဏ္ ခ်မွတ္ခံရမယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။

Photo Credit: Goal

အဂၤါေန႔ညမွာ မန္ယူအသင္း ထုတ္ျပန္ခဲ့တာက “မန္ခ်က္စတာ ယူႏိုက္တက္ ေဘာလုံးအသင္း အေနနဲ႔ ကြၽန္ေတာ္တို႔ အလုပ္သမား တစ္ဦးရဲ႕ အိမ္အျပင္ဘက္မွာ တိုက္ခိုက္မႈ ျဖစ္ပြားခဲ့တာကို သိရွိရပါတယ္။ ေဘာလုံး အသိုင္းအဝိုင္းက ကြၽန္ေတာ္တို႔ရဲ႕ ေနာက္မွာ ရပ္တည္ေပးမယ္လို႔ ယုံၾကည္ၿပီး တိုက္ခိုက္မႈကို သိရဖို႔ မန္ခ်က္စတာ ရဲအဖြဲ႕ နဲ႔ ေဆာင္႐ြက္ေနၿပီ ျဖစ္ပါတယ္။ တစ္ဦးတစ္ေယာက္ကို အျပစ္ရွိတယ္လို႔ သိရမယ္ ဒါမွမဟုတ္ ပါဝင္တယ္လို႔ ေတြ႕ရမယ္ ဆိုရင္ တစ္သက္တာ ပြဲၾကည့္ခြင့္ ပိတ္ပင္ခံရမွာ ျဖစ္ၿပီး ျပစ္ဒဏ္ ခ်မွတ္ခံရပါမယ္”လို႔ ေဖာ္ျပခဲ့ပါတယ္။

{Unicode}

မန်ယူ ပရိသတ်တွေဟာ အင်္ဂါနေ့ ညနေပိုင်းက မန်ယူအသင်းရဲ့ ဒုတိယ အမှုဆောင် အရာရှိချုပ် အက်ဒ် ဝုတ်ဝက်ဒ်ရဲ့ အိမ်ကို မီးရှုးမီးပန်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီး မီးလောင်စေနိုင်တဲ့ ပစ္စည်းတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ မန်ယူ ပရိသတ်တွေရဲ့ တိုက်ခိုက်မှု ပုံရိပ်တွေဟာ ဗီဒီယိုနဲ့ အွန်လိုင်းမှာ ပျံ့သွားခဲ့ပြီး အချို့ မန်ယူ ပရိသတ်တွေ ဆိုရင်တော့ အက်ဒ် ဝုတ်ဝက်ဒ်ရဲ့ အိမ်ခြံစည်းရိုးတွေကို အရောင်ဆေး ဖျန်းခဲ့ကြသလို မီးရှုံးမီးပန်းတွေကို အိမ်ခြံထဲ ပစ်ပေါက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

Goal သတင်းက အက်ဒ် ဝုတ်ဝက်ဒ် နဲ့ သူ့ရဲ့ မိသားစုဝင်တွေဟာ သူတို့ရဲ့ အိမ် တိုက်ခိုက်ခံရတဲ့ အချိန်မှာ အိမ်မှာ ရှိမနေခဲ့ကြဘူးလို့ ဖော်ပြခဲ့ပြီး တစ်ယောက်မှ ဒဏ်ရာ မရခဲ့ကြပေမဲ့ ရဲတွေက အမှုကို စုံးစမ်းစစ်ဆေးနေပြီ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ အသင်း ပရိသတ်တွေရဲ့ လုပ်ရပ်ကို ရှုတ်ချသွားခဲ့ပြီး တရားခံတွေကိုသာ မိသွားမယ် သိသွားမယ်ဆိုရင် တစ်သက်တာ ပွဲကြည့်ခွင့် ပိတ်ပင်ခံရမှာ ဖြစ်ပြီး ပြစ်ဒဏ် ချမှတ်ခံရမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Photo Credit: Goal

အင်္ဂါနေ့ညမှာ မန်ယူအသင်း ထုတ်ပြန်ခဲ့တာက “မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်း အနေနဲ့ ကျွန်တော်တို့ အလုပ်သမား တစ်ဦးရဲ့ အိမ်အပြင်ဘက်မှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကို သိရှိရပါတယ်။ ဘောလုံး အသိုင်းအဝိုင်းက ကျွန်တော်တို့ရဲ့ နောက်မှာ ရပ်တည်ပေးမယ်လို့ ယုံကြည်ပြီး တိုက်ခိုက်မှုကို သိရဖို့ မန်ချက်စတာ ရဲအဖွဲ့ နဲ့ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်ကို အပြစ်ရှိတယ်လို့ သိရမယ် ဒါမှမဟုတ် ပါဝင်တယ်လို့ တွေ့ရမယ် ဆိုရင် တစ်သက်တာ ပွဲကြည့်ခွင့် ပိတ်ပင်ခံရမှာ ဖြစ်ပြီး ပြစ်ဒဏ် ချမှတ်ခံရပါမယ်”လို့ ဖော်ပြခဲ့ပါတယ်။