ကမ္ဘာပေါ်မှာ ပရိသတ်အားပေးမှုအများဆုံး ရရှိထားတဲ့ ဘောလုံးအသင်းတွေရဲ့ထိပ်ဆုံးနေရာမှာ မန်ချက်စတာယူနိုက်တက်အသင်း ပါဝင်နေပါတယ်။ ကမ္ဘာ့နေရာ အနှံအပြားက ဘောလုံးဝါသနာရှင်တွေရဲ့အားပေးခြင်းကို ပိုင်ဆိုင်ထားရသလို ကမ္ဘာကျော် အောင်မြင်ကျော်ကြားနေသူတွေရဲ့ အနှစ်သက်ဆုံးအသင်းတွေထဲမှာ ယူနိုက်တက်က ပါဝင်နေပြန်ပါတယ်။ ဒီလို ယူနိုက်တက်အသင်းကို အရူးအမှုး အားပေးနေတဲ့ ကမ္ဘာကျော် လူပုဂ္ဂိုလ်တွေထဲမှာ WBC ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံကြီး တိုင်ဆန်ဖူရီလည်း ပါဝင်လို့နေပါတယ်။

Photo Credit : TalkSport

အသက်(၃၁)နှစ်အရွှယ်ရှိပြီဖြစ်တဲဲ့ ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့သားဖြစ်သူ ကမ္ဘာကျော် လက်ဝှေ့အကျော်အမော်ကြီး တိုင်ဆိုင်ဖူရီဟာ ငယ်စဉ်ကတည်းက မန်ချက်စတာယူနိုက်တက်အသင်းကို အားပေးခဲ့သူဖြစ်ပြီး သူရဲ့အသင်းက အခုလို ရာသီအကုန်မှာ အဆင့်(၃)နေရာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ ပိုင်ဆိုင်ခဲ့ရတဲ့အတွက် ဖူရီက အရမ်းဝမ်းမြောက်နေခဲ့ပြီး သူရဲ့တွစ်တာပေါ်မှာလည်း ယူနိုက်တက်အသင်းနဲ့ ပတ်သက်တဲ့ အောင်ပွဲခံပို့စ်တစ်ခုကို ဖော်ပြသွားခဲ့ပါတယ်။ ဖူရီဟာ သူရဲ့တွစ်တာမှာ ယူနိုက်တက်နည်းပြဆိုးလ်ရှားရဲ့ဓါတ်ပုံနဲ့အတူ “ငါတို့တွေ လုပ်ဆောင်နိုင်ခဲ့ပြီ။ ချန်ပီယံလိဂ်ကို ငါတို့တွေ ပြန်ကစားနိုင်ပြီ။ ငါတို့တွေ ပြန်လာပြီ” လို့ဆိုတဲ့ စာသားတွေကိုပါ ရေးသားထားခဲ့ပါတယ်။

Photo Credit : TalkSport

Gypsy King လို့ နာမည်ပြောင်ပေးထားခံရတဲ့ ဟဲဗီးဝိတ်ချန်ပီယံ တိုင်ဆန်ဖူရီဟာ သူရဲ့လက်ဝှေ့ကစားသမားဘဝမှာ လုံးဝကို ရှံးပွဲမရှိအောင် ထိုးသတ်ထားနိုင်ခဲ့ပြီး စုစုပေါင်း ပွဲပေါင်း(၃၁)ပွဲထိုးသတ်ခဲ့ရာမှာ တစ်ပွဲလေးပဲ သရေကျခဲ့ပြီး ပွဲ(၃၀)ကို အနိုင်ရခဲ့သလို အဲ့ဒီထဲကမှ (၂၁)ပွဲကို အလဲထိုးအနိုင်ယူခဲ့တာဖြစ်ပါတယ်။ အရက်နဲ့ မူးယစ်ဆေးဝါးတွေရဲ့ကျေးကျွန်ဖြစ်ခဲ့ပြီး စိတ်ကျဝေဒနာကိုပါ ခံစားခဲ့ရဖူးတဲ့ တိုင်ရန်ဖူရီဟာ ဖေဖော်ဝါရီလအတွင်းမှာ ဒီယွန်တေးဝိုင်းဒါလ်ကို အလဲထိုးနိုင်ခဲ့ပြီး ယူနိုက်တက်နည်းပြဆိုးလ်ရှားက အသင်းဆီ လာရောက်ဖို့ ဖိတ်ကြားခဲ့ပြီး သူရဲ့အသင်းသားတွေအတွက် စိတ်ဓါတ်ခွန်အား မြင့်တင်နိုင်စေမယ့် အားပေးစကားတွေ ပြောကြားပေးဖို့ ဖိတ်ကြားခြင်းကိုခံခဲ့ရပါသေးတယ်။ မန်ချက်စတာယူနိုက်တက်အသင်းကို တိုင်ဆန်ဖူရီလိုပဲ အားကစားနယ်ပယ်အတွင်းက အကျော်အမော်ကြီးတွေဖြစ်တဲ့ ကမ္ဘာကျော် လက်ဝှေ့ကစားသမား မေဝယ်သာ ၊ ဂေါက်သီးရိုက် အားကစားသမား မက်အီရွိုင်းလ် ၊ တာတိုအပြေးချန်ပီယံ အူစိန်ဘော့နဲ့ WWE နပန်းသမား 619 ခေါ် ရေးမက်စ်တီယိုတို့လည်း ယူနိုက်တက်အသင်းရဲ့ ပရိသတ်တွေအဖြစ် အားပေးနေကြလျက်ရှိပါတယ်။