အသက် (၅၅) နှစ်အရွယ် အင်္ဂလန် နိုင်ငံက မန်ယူ ပရိသတ် တွန်နီ ဝါ့တ် (Tony Ward) ဟာ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲကို လီဗာပူးလ်အသင်းက ရရှိမယ်လို့ လောင်ကြေးတင်ခဲ့ပြီး လောင်ကြေးအောင်ခဲ့တာကြောင့် ပေါင် (၉၁,၀၀၀)၊ သိန်း (၁၅၀၀) ကျော် ရရှိသွားခဲ့ပါတယ်။ ကလေး (၃) ယောက် အဖေ ဖြစ်သူ တွန်နီ ဝါ့တ်ဟာ ပြီးခဲ့တဲ့ လမှာ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ် အသင်းက လက်ရှိရာသီ ပရီးမီးယားလိဂ် ဖလားကို ရရှိပြီလို့ အတည်ပြုခဲ့ပြီးတဲ့နောက် လောင်ကြေးငွေကိုရော အနိုင်ရတဲ့ ငွေကိုရော အကုန်လုံး ပြန်လည် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

 

Photo Credit: TheSun

 

အသက် (၅၅) နှစ်အရွယ် တွန်နီ ဝါ့တ်ဟာ လွန်ခဲ့တဲ့ (၂၀၁၇) ခုနှစ်က အသက် (၈၂) နှစ်အရွယ် သူ့ရဲ့ မိခင် ဆုံးသွားတဲ့ အချိန်မှာ ပေါင် (၅၅,၀၀၀) အမွေ ရရှိခဲ့ပြီး လွန်ခဲ့တဲ့ (၂၀၁၉) ခုနှစ်က အောက်တိုဘာလမှာ လီဗာပူးလ်က ပရီးမီးယားလိဂ် ဆုဖလား ရရှိမယ်လို့ လောင်းခဲ့ပါတယ်။ သူဟာ ရရှိခဲ့တဲ့ အမွေငွေနဲ့ လီဗာပူးလ်အသင်းက လက်ရှိရာသီ ပရီးမီးယားလိဂ် ဆုဖလားကို ရရှိမှာ ဖြစ်တယ်လို့ (၄/၆) နဲ့ လောင်းခဲ့ပြီး လီဗာပူးလ်အသင်းက ပြီးခဲ့တဲ့ လမှာ ပရီးမီးယားလိဂ် ဖလား ရရှိပြီ ဖြစ်ပါတယ်လို့ အတည်ပြုတဲ့ အချိန်မှာ လောင်ကြေး အောင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: TheSun

 

တိုနီ ဝါ့တ်က “လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ် ဆုဖလားကို ရရှိနိုင်မယ့် အနေအထားမှာ အမြဲတမ်း ရှိနေခဲ့ပါတယ်။ ကျွန်တော် အကြာကြီး ငြင်းပြီးတဲ့ အချိန်မှာ လီဗာပူးလ်အသင်းကိုပဲ ရွေးချယ်ခဲ့ပါတယ်။ လက်ရှိရာသီကို ဖျက်သိမ်းမယ် ဆိုရင် ကျွန်တော့်ရဲ့ လောင်ကြေးငွေကိုပဲ ကျွန်တော် ပြန်ရမယ်လို့ ထင်ပါတယ်။ ဒါပေမယ့်လည်း အဲဒီလိုသာ ဖြစ်မယ်ဆိုရင် မမျှတဘူး။ သူတို့က လိဂ်ဖလား ရရှိမယ် ဆိုတာ ရှင်းနေခဲ့ပါတယ်”လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ တိုနီ ဝါ့တ်ဟာ (၂၀၁၉) ခုနှစ် အောက်တိုဘာလမှာ လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ်ဖလား ရရှိနိုင်တယ်လို့ ယုံကြည်စွာ လောင်းခဲ့ပြီး ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲ ဖျက်သိမ်းမယ်လို့ သတင်းတွေ ထွက်နေတဲ့ အချိန်မှာ လောင်ကြေးမအောင်မှာ စိုးရိမ်နေခဲ့ပါတယ်။