






{Unicode}

နည်းပြ ဆိုးလ်ရှားဟာ ဝုဗ်လ်အသင်းရဲ့ ကစားသမားတွေ ဖြစ်ကြတဲ့ တိုက်စစ်မှူး ဂျီမီနက်စ် နဲ့ ကွင်းလယ်လူ နီဗက်စ်တိုကို အခုလ ဇန်နဝါရီလ အပြောင်းအရွေ့မှာ ခေါ်ယူချင်နေပါတယ်လို Goal သတင်းက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ သူတိုနှစ်ဦးဟာ လက်ရှိရာသီမှာ ပရီးမီးယားလိဂ် ပွဲစဥ် (၂၁) ပွဲ ကစားထားရာမှာ တိုက်စစ်မှူး ဂျီမီနက်စ်က သွင်းဂိုး (၈) ဂိုး နဲ့ ဂိုးဖန်တီးမှု (၆) ကြိမ် ပြုလုပ်ထားပြီး ကွင်းလယ်လူ နီဗက်စ်ကတော့ သွင်းဂိုး (၂) ဂိုး နဲ့ ဂိုးဖန်တီးမှု (၁) ကြိမ် ပြုလုပ်ထားပါတယ်။


Photo Credit: Gettyimage

မန်ယူ နည်းပြ ဆိုးလ်ရှားဟာ မန်ယူအသင်းကနေ တိုက်စစ်မှူး လူကာကူ နဲ့ တိုက်စစ်မှူး ဆန်းချက်တို ထွက်သွားခဲ့တာကြောင့် တိုက်စစ်အင်အားကို ထပ်ဖြည့်ချင်ပြီး ဝုဗ်လ် တိုက်စစ်မှူး ဂျီမီနက်စ်ကို ခေါ်ယူဖို စိတ်ဝင်စားလာတာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ တိုက်စစ်မှူး မန်ဇူကစ် နဲ့ တိုက်စစ်မှူး ဟာလန်းတိုကို ခေါ်ယူဖို ကြိုးစားခဲ့ပေမဲ့ ကျရှုးခဲ့ပြီး မန်ဇူကစ်က ကာတာကလပ် အယ်လ်ဒူဟေးလ်ကို ပြောင်းခဲ့သလို ဟာလန်းက ဒေါ့မွန်အသင်းကို ပြောင်းသွားခဲ့တာပဲ ဖြစ်ပါတယ်။


Photo Credit: Gettyimage

မန်ယူအသင်းဟာ ရာသီဝက်အတွင်းမှာ ကွင်းလယ်ကနေ ဖန်တီးမှု အားနည်းခဲ့ပြီး အခုအချိန်မှာ ကွင်းလယ်လူ ပေါ့လ်ဘာကလည်း ဒဏ်ရာရနေတာကြောင့် ပွဲထွက်မကစားနိုင်ဘဲ အနားယူနေရသလို ဂျုဗင်တပ် အသင်းကို ပြန်သွားဖို ချိတ်ဆက်နေတယ်လို သတင်းတွေ ထွက်နေပါတယ်။ နည်းပြ ဆိုးလ်ရှားဟာ မန်ယူအသင်းကနေ ပေါ့လ်ဘာ ထွက်သွားရင် သူ့ရဲ့ နေရာကို အစားထိုးဖို စပါး ကွင်းလယ်လူ အဲရစ်ဆင် နဲ့ လက်စတာ ကွင်းလယ်လူ မက်ဒီဆင်တိုကို ချိတ်ဆက်နေတယ်လို သတင်းထွက်နေပြီး အခုလည်း ကွင်းလယ်လူ နီဗက်စ်ကို ခေါ်ယူဖို စိတ်ဝင်စားလာတာဖြစ်ပါတယ်။