ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာတော့ ကွင်းလယ်လူ အနည်းဆုံး နှစ်ဦးကို ခေါ်ယူဖို့ အတွက် ပစ်မှတ်ထားနေတဲ့ အသင်းဖြစ်ပြီး အသင်းနဲ့ သင့်တော်မယ့် ကွင်းလယ်လူတွေကို လက်ရှိအချိန်ကတည်းက ရှာဖွေနေပြီလည်း ဖြစ်ပါတယ်။




အဆိုပါ ကွင်းလယ်လူကတော့ အက်စ်တွန်ဗီလာအသင်းရဲ့ အသင်းခေါင်းဆောင် ဂရီးလစ်ခ်ျ ပဲ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်း ပိုင်ဆိုင်တဲ့ အိုးထရက်ဖို့ဒ်ကွင်းမှာ ဘောလုံးကစားနိုင်ဖို့ဆိုတာဟာ သူ့ရဲ့ အိမ်မက်ပါလို့ ထုတ်ပြောထားတဲ့ ဂရီးလစ်ခ်ျဟာ ယူနိုက်တက်ရဲ့ ပရိသတ်တစ်ဦး ဖြစ်နိုင်ကြောင်း ယူနိုက်တက်ပရိသတ်တွေကသုံးသပ်ထားကြသလို ဂရီးလစ်ခ်ျကို အသင်းမှာလည်း လာရောက်ကစားစေလိုနေပါတယ်။


နောက်ဆုံးရရှိတဲ့ သတင်းတစ်ပုဒ်အရ ဂရီးလစ်ခ်ျနဲ့ အက်စ်တွန်ဗီလာအသင်းတို့ကြားထဲမှာ ချုပ်ဆိုထားတဲ့ စာချုပ်အရ ဂရီးလစ်ခ်ျရဲ့ စာချုပ် ဖျက်သိမ်းကြေးဟာ နည်းပါးနေတာကြောင့် ယူနိုက်တက်အနေနဲ့ ဂရီးလစ်ခ်ျကို လွယ်ကူစွာ ခေါ်ယူနိုင်ဖွယ်ရှိနေကြောင်း သိရပါတယ်။ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဂရီးလစ်ခ်ျရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင်၄၅သန်းသာ ရှိတယ်လို့ သိရှိရပြီး ဒီပမာဏဟာ ယူနိုက်တက် အတွက်တော့ သဘောကျစရာကောင်းတဲ့ ပမာဏ တစ်ခုဖြစ်နေပါတယ်။

ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့စျေးကွက်မှာတော့ ကွင်းလယ်လူ အနည်းဆုံး နှစ်ဦးကို ခေါ်ယူဖို့ အတွက် ပစ်မှတ်ထားနေတဲ့ အသင်းဖြစ်ပြီး အသင်းနဲ့ သင့်တော်မယ့် ကွင်းလယ်လူတွေကို လက်ရှိအချိန်ကတည်းက ရှာဖွေနေပြီလည်း ဖြစ်ပါတယ်။

Photo Credit: Express.com

လတ်တလောမှာတော့ ယူနိုက်တက်ဟာ လက်စတာအသင်းရဲ့ ကွင်းလယ်လူ မက်ဒီဆင် ကို ခေါ်ယူဖို့အတွက် ဆန္ဒရှိနေပေမယ့် လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မသေချာတဲ့ အနေအထားတစ်ခုကြောင့် မက်ဒီဆင်ကို ခေါ်ယူရန် ကမ်းလှမ်းမှုဟာ အနည်းငယ် ခက်ခဲ နိုင်ပါတယ်။ လက်ရှိမှာတော့ ယူနိုက်တက်ရဲ့ ကွင်းလယ်ပြဿနာကို ဖြေရှင်းပေးနိုင်မယ့် ကွင်းလယ်လူ တစ်ဦးရှိနေပါတယ်။

Photo Credit: Express.com

အဆိုပါ ကွင်းလယ်လူကတော့ အက်စ်တွန်ဗီလာအသင်းရဲ့ အသင်းခေါင်းဆောင် ဂရီးလစ်ချ် ပဲ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်း ပိုင်ဆိုင်တဲ့ အိုးထရက်ဖို့ဒ်ကွင်းမှာ ဘောလုံးကစားနိုင်ဖို့ဆိုတာဟာ သူ့ရဲ့ အိမ်မက်ပါလို့ ထုတ်ပြောထားတဲ့ ဂရီးလစ်ချ်ဟာ ယူနိုက်တက်ရဲ့ ပရိသတ်တစ်ဦး ဖြစ်နိုင်ကြောင်း ယူနိုက်တက်ပရိသတ်တွေကသုံးသပ်ထားကြသလို ဂရီးလစ်ချ်ကို အသင်းမှာလည်း လာရောက်ကစားစေလိုနေပါတယ်။

Photo Credit: Express.com

နောက်ဆုံးရရှိတဲ့ သတင်းတစ်ပုဒ်အရ ဂရီးလစ်ချ်နဲ့ အက်စ်တွန်ဗီလာအသင်းတို့ကြားထဲမှာ ချုပ်ဆိုထားတဲ့ စာချုပ်အရ ဂရီးလစ်ချ်ရဲ့ စာချုပ် ဖျက်သိမ်းကြေးဟာ နည်းပါးနေတာကြောင့် ယူနိုက်တက်အနေနဲ့ ဂရီးလစ်ချ်ကို လွယ်ကူစွာ ခေါ်ယူနိုင်ဖွယ်ရှိနေကြောင်း သိရပါတယ်။ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဂရီးလစ်ချ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင်၄၅သန်းသာ ရှိတယ်လို့ သိရှိရပြီး ဒီပမာဏဟာ ယူနိုက်တက် အတွက်တော့ သဘောကျစရာကောင်းတဲ့ ပမာဏ တစ်ခုဖြစ်နေပါတယ်။