မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ ကစားသမားေဟာင္း လူးဝစ္နာနီကေတာ့ အသင္းရဲ့ ဂႏၲဝင္နည္းျပေဟာင္းႀကီး ဖာဂူဆန္ရဲ့ ထူးဆန္းတဲ့ အသင္းအေပၚ အုပ္ခ်ဳပ္မွုေတြအေၾကာင္းကို ေဖာက္သည္ခ်သြားခဲ့ပါတယ္။ နာနီဟာ လက္ရွိ အခ်ိန္မွာ ေမဂ်ာလိဂ္ကလပ္အသင္းျဖစ္တဲ့ ေအာ္လန္ဒိုစီးတီးအသင္းမွာ ကစားေနသူလည္း ျဖစ္ပါတယ္။

Photo Credit: Express.com

ယူနိုက္တက္အသင္းရဲ့ ဂႏၲဝင္နည္းျပႀကီး ဖာဂူဆန္ဟာ စည္းကမ္းပိုင္းနဲ႔ ပတ္သတ္ၿပီး ကစားသမားေတြကို အေတာ္ေလးတင္းက်ပ္သူတစ္ဦးအျဖစ္ နာမည္ႀကီးသူျဖစ္ၿပီး ပြဲအတြင္းမွာ အမွားအယြင္းလုပ္ခဲ့တဲ့ ကစားသမားေတြကို ပြဲၿပီးဆုံးခ်ိန္မွာ ဆူပူႀကိမ္းေမာင္းတတ္တဲ့ အက်င့္စရိုက္ေၾကာင့္ ေလပူမွုတ္စက္အျဖစ္ ကစားသမားေတြရဲ့ နာမည္ေျပာင္ေပးထားျခင္းကို ခံခဲ့ရသူလည္း ျဖစ္ပါတယ္။

Photo Credit: Express.com

ဒါေပမယ့္ နာနီကေတာ့ သူ႔အေနနဲ႔ ဆရာေဟာင္းဖာဂူဆန္ရဲ့ ႀကိမ္းေမာင္းမွုကို မခံရဖူးေၾကာင္း ထုတ္ေဖာ္ေျပာဆိုသြားခဲ့ၿပီး ဆရာေဟာင္းဟာ ကစားသမားေတြရဲ့ စိတ္ခံစားမွုပိုင္းကို အေကာင္းဆုံးကိုင္တြယ္နိုင္သူျဖစ္ကာ အေျခအေနနဲ႔ အခ်ိန္အခါကိုလိုက္ၿပီး သူတို႔ကို ခြင့္လႊတ္တတ္သူလို႔လည္း ခ်ီးက်ဴးသြားပါတယ္။ ဆက္လက္ၿပီး နာနီက ခရစၥမတ္ ဒါမွမဟုတ္ New Yearလိုပြဲမ်ိဳးမွာ ကစားသမားေတြဟာ အရက္ေသာက္ၿပီး ေလ့က်င့္ခန္းဆင္းဖို႔ ဖာဂူဆန္က ခြင့္ျပဳေပးထားေၾကာင္း ဆိုသြားခဲ့ပါတယ္။

Photo Credit: Express.com

အရက္ေသာက္ၿပီး ေလ့က်င့္ခန္းဆင္းတာကို ဖာဂူဆန္က ခြင့္ျပဳေပးမွုအေပၚ နာနီက ” မနက္ျဖန္မွာ ကၽြန္ေတာ့္အတြက္ အထူးစပါယ္ရွယ္ နားရက္တစ္ရက္ရွိမယ္ဆိုရင္ ဒီလိုညမွာ ကၽြန္ေတာ္က ညဘက္အျပင္သြားၿပီး ေသာက္စားလို႔ရပါတယ္။ ဒါကို ျပႆနာတစ္ရပ္လို႔ ဘယ္သူမွ မျမင္ပါဘူး။ ဒါေပမယ့္ New Yearလို ပြဲမ်ိဳးက်ေတာ့ ျပႆနာရွိလာၿပီ။ ကစားပြဲေတြကလည္းရွိေတာ့ ကၽြန္ေတာ္တို႔ ေလ့က်င့္ခန္းကို ေန႔တိုင္းလုပ္ၾကရတယ္ေလ။ ဒီလိုအခ်ိန္မွာ ေဘာ့စ္(ဖာဂူဆန္)က အရက္ေသာက္ၿပီး ေလ့က်င့္ခန္း လာဆင္းတာကို မဆူပါဘူး​။ သူက လုံးဝကို ဂ႐ုမစိုက္တာပါ ” လို႔ ဆိုသြားပါတယ္။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်း လူးဝစ်နာနီကတော့ အသင်းရဲ့ ဂန္တဝင်နည်းပြဟောင်းကြီး ဖာဂူဆန်ရဲ့ ထူးဆန်းတဲ့ အသင်းအပေါ် အုပ်ချုပ်မှုတွေအကြောင်းကို ဖောက်သည်ချသွားခဲ့ပါတယ်။ နာနီဟာ လက်ရှိ အချိန်မှာ မေဂျာလိဂ်ကလပ်အသင်းဖြစ်တဲ့ အော်လန်ဒိုစီးတီးအသင်းမှာ ကစားနေသူလည်း ဖြစ်ပါတယ်။

Photo Credit: Express.com

ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်နည်းပြကြီး ဖာဂူဆန်ဟာ စည်းကမ်းပိုင်းနဲ့ ပတ်သတ်ပြီး ကစားသမားတွေကို အတော်လေးတင်းကျပ်သူတစ်ဦးအဖြစ် နာမည်ကြီးသူဖြစ်ပြီး ပွဲအတွင်းမှာ အမှားအယွင်းလုပ်ခဲ့တဲ့ ကစားသမားတွေကို ပွဲပြီးဆုံးချိန်မှာ ဆူပူကြိမ်းမောင်းတတ်တဲ့ အကျင့်စရိုက်ကြောင့် လေပူမှုတ်စက်အဖြစ် ကစားသမားတွေရဲ့ နာမည်ပြောင်ပေးထားခြင်းကို ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

Photo Credit: Express.com

ဒါပေမယ့် နာနီကတော့ သူ့အနေနဲ့ ဆရာဟောင်းဖာဂူဆန်ရဲ့ ကြိမ်းမောင်းမှုကို မခံရဖူးကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပြီး ဆရာဟောင်းဟာ ကစားသမားတွေရဲ့ စိတ်ခံစားမှုပိုင်းကို အကောင်းဆုံးကိုင်တွယ်နိုင်သူဖြစ်ကာ အခြေအနေနဲ့ အချိန်အခါကိုလိုက်ပြီး သူတို့ကို ခွင့်လွှတ်တတ်သူလို့လည်း ချီးကျူးသွားပါတယ်။ ဆက်လက်ပြီး နာနီက ခရစ္စမတ် ဒါမှမဟုတ် New Yearလိုပွဲမျိုးမှာ ကစားသမားတွေဟာ အရက်သောက်ပြီး လေ့ကျင့်ခန်းဆင်းဖို့ ဖာဂူဆန်က ခွင့်ပြုပေးထားကြောင်း ဆိုသွားခဲ့ပါတယ်။

Photo Credit: Express.com

အရက်သောက်ပြီး လေ့ကျင့်ခန်းဆင်းတာကို ဖာဂူဆန်က ခွင့်ပြုပေးမှုအပေါ် နာနီက ” မနက်ဖြန်မှာ ကျွန်တော့်အတွက် အထူးစပါယ်ရှယ် နားရက်တစ်ရက်ရှိမယ်ဆိုရင် ဒီလိုညမှာ ကျွန်တော်က ညဘက်အပြင်သွားပြီး သောက်စားလို့ရပါတယ်။ ဒါကို ပြဿနာတစ်ရပ်လို့ ဘယ်သူမှ မမြင်ပါဘူး။ ဒါပေမယ့် New Yearလို ပွဲမျိုးကျတော့ ပြဿနာရှိလာပြီ။ ကစားပွဲတွေကလည်းရှိတော့ ကျွန်တော်တို့ လေ့ကျင့်ခန်းကို နေ့တိုင်းလုပ်ကြရတယ်လေ။ ဒီလိုအချိန်မှာ ဘော့စ်(ဖာဂူဆန်)က အရက်သောက်ပြီး လေ့ကျင့်ခန်း လာဆင်းတာကို မဆူပါဘူး​။ သူက လုံးဝကို ဂရုမစိုက်တာပါ ” လို့ ဆိုသွားပါတယ်။