MySport Myanmar

လာဇီယို ကွင်းလယ်လူ ဆာဗစ်ကို ခေါ်ယူဖို့ တရားဝင် ဆွေးနွေးနေတဲ့ မန်ယူ

AURONZO DI CADORE, ITALY - JULY 15: Sergej Milinkovic Savic of SS Lazio in action during the SS Lazio pre-season training camp on July 15, 2019 in Auronzo di Cadore, Italy. (Photo by Marco Rosi/Getty Images)

အီတလီ စူပါအေးဂျင့် ရော်ဘတ်တို ဒေ ဖန်တီကတော့ ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့်ရာသီ အတွက် အင်အားဖြည့်တင်းမှု တရပ်အနေနဲ့ လာဇီယို ကွင်းလယ်လူ မီလင်ကိုဗစ် ဆာဗစ်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ ကွင်းလယ်လူတွေ ဖြစ်ကြတဲ့ ပေါ့ဘာ ၊ မာတစ် ၊ လင်ဂတ်နဲ့ မာတာတို့လို ကစားသမားတွေကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပြုထားတာကြောင့် အသင်းရဲ့ ကစားကွက်နဲ့ အံဝင်ခွင်ကျ ဖြစ်မယ့် ထိပ်တန်း ကွင်းလယ်လူ နှစ်ဦးကို ပြန်လည် ခေါ်ယူဖို့ စီစဉ်ထားတဲ့ အသင်းပဲ ဖြစ်ပါတယ်။

Photo Credit: Team Talk

တဖက်မှာတော့ အသက် ၂၇နှစ် အရွယ် ဆားဘီးယားကြယ်ပွင့် ကွင်းလယ်လူ မီလင်ကိုဗစ် ဆာဗစ်ဟာ လာဇီယိုနဲ့အတူ စီးရီးအေပြိုင်ပွဲမှာ တောက်ပနေတဲ့ ကွင်းလယ်လူ တဦး ဖြစ်ပြီး လာဇီယိုအတွက် ယခုနှစ် ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၄၇ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၁ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၄ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ မီလင်ကိုဗစ် ဆာဗစ်ဟာ အီတလီ စီးရီးအေရဲ့ အကောင်းဆုံး ဗဟိုကွင်းလယ်လူ အဖြစ် သတ်မှတ်ခံထားရပြီး မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဥရောပ အသင်းကြီး အများစုက ဆာဗစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

Photo Credit: Team Talk

နာမည်ကြီး အီတလီ စူပါအေးဂျင့် တဦး ဖြစ်သူ ဒေ ဖန်တီကတော့ လက်ရှိအချိန်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ဆာဗစ်တို့ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ထားခြင်း မရှိပေမယ့် မန်ချက်စတာ ယူနိုက်တက် ဆာဗစ်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေသလို ခေါ်ယူနိုင်ဖို့လည်း နီးစပ်နေကြောင်း ဆိုပါတယ်။

ဖန်တီက – “ကျွန်တော် ခင်ဗျားတို့ကို ပြောနိုင်တာ တခုက အခုချိန်မှာ ဆာဗစ် တယောက် အိုးထရက်ဖို့ဒ်ဆီ ရောက်ဖို့ လမ်းစများနေတယ် ဆိုတာပါပဲ။ သူနဲ့ နီးစပ်တဲ့ လူတချို့ကတော့ ဆာဗစ်ဟာ အိုးထရက်ဖို့ဒ်ဆီ သွားဖို့ စဉ်းစားနေပြီလို့ ဝန်ခံထားကြပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။

Exit mobile version