ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် တစ်ကမ္ဘာလုံးမှာ စီးပွားရေးကျဆင်းမှုတွေနဲ့ ရင်ဆိုင်နေရပြီး ဒီဂယက်က ဘောလုံးနယ်ပယ်အထိကိုပါ ရိုက်ခတ်လာခဲ့ရပါတယ်။ ဘောလုံးပွဲတွေ ရပ်နားထားခဲ့ရတာကြောင့် ဘောလုံးအသင်းတွေမှာ ဝင်ငွေတွေ နည်းပါးလာခဲ့ရသလို ဘောလုံးသမားတွေရဲ့ တန်ဖိုးတွေကလည်း တရိပ်ရိပ်နဲ့ ကျဆင်းလာခဲ့ရပါတယ်။ အခု ကိုရိုနာဗိုင်းရပ်စ်ဂယက် စီးပွားရေးတွေ ကျဆင်းမှုကြောင့် ကမ္ဘာကျော် ဘောလုံးအသင်း မန်ချက်စတာယူနိုက်တက်ရဲဲ့ အကြွေးပမာဏကို ပေါင်(၁၂၇)သန်းကနေ ပေါင်သန်း(၄၃၀)အထိကို မြင့်တတ်လာခဲ့ရတယ်လို့ သိရှိရပါတယ်။

Photo Credit : Financial Press

ယူနိုက်တက်အသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲခွင့်မရတဲ့အပြင် အခုလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲတွေ မကျင်းပနိုင်ရတာမို့ အသင်းရဲ့ ဝင်ငွေတွေ ထိုးကျလာခဲ့ရတာဖြစ်ပါတယ်။ အခု ကပ်ဆိုက်နေတဲ့ကာလအတွင်း ဒေါ်လာစျေး အတတ်အကျမမှန်ခြင်းကလည်း ယူနိုက်တက်အသင်း ဘဏ္ဍာရေးထိခိုက်မှုရဲ့ အကြောင်းအရင်းတစ်ခုလည်း ဖြစ်စေခဲ့ရပါတယ်။ ယူနိုက်တက်အသင်းပိုင်ရှင်ဖြစ်တဲ့ ဂလေဇာမိသားစုဟာလည်း အသင်းကို ဝယ်ယူစဉ်ကတည်းက အကြွေးတွေနဲ့ လုံးပန်းနေရသလို အသင်းကို ဝယ်ယူခဲ့တဲဲ့ ၂၀၀၃ခုနှစ်ကနေစတင်ပြီး အကြွေးသံသရာ လည်နေခဲ့ပါတယ်။

Photo Credit : FMT

ယူနိုက်တက်ရဲ့ ၂၀၂၀ခုနှစ် ပထမ(၃)လပတ် ဘဏ္ဍာရေးစာရင်းရှင်းတမ်းအရတော့ ဇန်နဝါရီလ(၁)ရက်နေ့က မတ်လ(၃၁)ရက်နေ့အထိ ပေါင်(၃.၃)သန်းတောင် အရှံးပေါ်ခဲ့ရပါတယ်။ ဒါ့အပြင် မတ်လအတွင်း ယှဉ်ပြိုင်ကစားဖို့ရှိနေတဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း(၃)ပွဲကို ကိုရိုနာဗိုင်းရပ်စ်ပြသာနာကြောင့် ရွှေ့ဆိုင်းလိုက်ရတဲ့အတွက် ပေါင်((၈)သန်းလောက် နစ်နာခဲဲ့ရသလို ယူရိုပါလိဂ််နဲဲ့ အက်အေဖလားပြိုင်ပွဲတွေ မကစားရတဲ့အတွက်လည်း အသင်းရဲ့ ဝင်ငွေတွေ သိသိသာသာ ကျဆင်းသွားခဲ့ရပါတယ်။ ဒီလို ဘောလုံးပွဲတွေ ရပ်ဆိုင်းထားရချိန်မှာ ရုပ်သံထုတ်လွှင်ခနဲ့ ကွင်းဝင်ကြေးတွေလည်း မရရှိနိုင်တော့တဲ့အတွက် ပြီးခဲ့တဲ့နှစ်က ဝင်ငွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဝင်ငွေ(၁၉%)အထိ ကို ကျဆင်းခဲ့ပြီး ဝင်ငွေက ပေါင်(၁၂၃.၇)သန်းသာ ရရှိထားခဲ့ပါတယ်။ လက်ရှိ ယူနိုက်တက်အသင်းရဲ့ တစ်နှစ်တာအတွင်း အကြွေးပမာဏ မြင့်တတ်လာမှုကတော့ (၄၂%)အထိတောင် ရှိနေကြောင်းကိုလည်း သိရှိရပါတယ်ခင်ဗျာ။