အီတလီကလပ် ဗင်နီဇီယာအသင်းနဲ့ လက်တွဲဖြုတ်သွားတော့မယ့် မန်ချက်စတာယူနိုက်တက် တောင်ပံကစားသမားဟောင်းကြီး လူးဝစ်နာနီဟာ လက်ရှိမှာ အသက်အရွယ်အရ ဘောလုံးသမားဘဝကနေ အဆုံးသတ်ရမယ့် အရွယ်မျိုးကို ရောက်ရှိနေသေးပေမယ့် သူရဲ့ကစားသမားဘဝကို ဇာတ်မသိမ်းနိုင်သေးတဲ့အပြင် သြစတြေးလျ အေလိဂ်ထိပ်တန်းကလပ် မဲလ်ဘုန်းဗစ်ထရီအသင်းဆီပါ ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။

Former Manchester United Star Nani Makes Return To European Football After  MLS Departure

Photo Credit : SPORTbible

အသက်(၃၅)နှစ်အရွယ်ရှိ ပေါ်တူဂီလက်ရွေးစင်ဟောင်း လူးဝစ်နာနီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီကမှ မေဂျာလိဂ်ကလပ် အော်လန်ဒိုအသင်းကနေ အီတလီကလပ် ဗင်နီဇီယာအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေး တစ်နှစ်ခွဲစာချုပ်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး စီးရီးအေ(၁၀)ပွဲထိ ကစားခဲ့ရပေမယ့် သူရဲ့အသင်းကို စီးရီးအေမှာပဲ ဆက်လက်ကျန်ရှိနေအောင် မစွမ်းဆောင်နိုင်ခဲ့သလို အသင်းကလည်း ရာသီအကုန်မှာ တန်းဆင်းသွားခဲ့ရပါတယ်။ လက်ရှိ စီးရီးဘီဆီ ရောက်ရှိသွားခဲ့တဲ့ ဗင်နီဇီယာဟာ နာနီနဲ့ လမ်းခွဲရတော့မယ့် အခြေအနေမျိုးကို ရောက်ရှိနေပြီဖြစ်ပြီး နာနီကလည်း free agent ကစားသမားဘဝကို ပြန်လည်မရောက်ခင်မှာ မဲလ်ဘုန်းဗစ်ထရီအသင်းနဲ့ ဆက်သွယ်လာခဲ့ပါတယ်။

Man Utd legend Nani is heading to Australia for his next football adventure

Photo Credit : The Sun

သြစတြေးလျ အေလိဂ်ရဲ့ အထင်ကရ ဘောလုံးအသင်းကြီးဖြစ်တဲ့ မဲလ်ဘုန်းဗစ်ထရီအသင်းဟာ ခရစ္စတယ်ပဲလေ့စ် ကစားသမားဟောင်း တိုနီပိုပိုဗစ် ကိုင်တွယ်နေတဲ့ အသင်းဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီက အေလိဂ်မှာ ဒုတိယနေရာကို ရရှိခဲ့ပါတယ်။ လာမယ့် ဘောလုံးရာသီသစ်မှာတော့ အေလိဂ် အမှတ်ပေးချန်ပီယံဆုကို အသေအချာ စိန်ခေါ်သွားနိုင်ဖို့အတွက် နာနီလို နာမည်ကျော် ဘောလုံးသမားတစ်ဦးကို ခေါ်ယူအားဖြည့်သွားဖို့ ပြင်ဆင်နေတာ ဖြစ်သလို နာနီကိုယ်တိုင်ကလည်း သြစတြေးလျကို ပြောင်းရွှေ့လာဖို့ စိတ်အားထက်သန်နေပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ (၈)နှစ်တာအထိ လက်တွဲခဲ့ဖူးတဲ့ တောင်ပံကစားသမား နာနီဟာ ယူနိုက်တက်နဲ့အတူ ချန်ပီယံလိဂ် ပရီးမီးယားလိဂ်တွေလို အဓိကဆုဖလားတွေကို ပိုင်ဆိုင်နိုင်ခဲ့ပြီး ကစားသမားဘဝတလျှောက်မှာလည်း ယူနိုက်တက် ဖီနာဘာချီ စပို့တင်းလစ္စဘွန်း ဗလင်စီယာ လာဇီယို အော်လန်ဒိုစီးတီးနဲ့ ဗင်နီဇီယာအသင်းတွေမှာပါ ပါဝင်ကစားခဲ့ဖူးပါတယ်။ ဒါ့အပြင် ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့အတူ ယူရို-၂၀၁၆မှာ ချန်ပီယံဆု ပိုင်ဆိုင်နိုင်ခဲ့သေးတဲ့ နာနီဟာ ပေါ်တူဂီအတွက်ကိုလည်း ပွဲပေါင်း(၁၁၂)ပွဲအထိ ပါဝင်ထားနိုင်ခဲ့ပါတယ်။