စပိန်နိုင်ငံ သတင်းမီဒီယာတွေကနေ ထွက်ပေါ်လာတဲ့ သတင်းများအရ မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့် ဇန်နဝါရီ ဆောင်းရာသီ အပြောင်းအရွှေ့ကာလအတွင်းမှာ ခရစ္စတီယာနိုရော်နယ်လ်ဒိုကို လက်လွတ်သွားရမယ်ဆိုရင် ရော်နယ်လ်ဒိုရဲ့ လက်ရွေးစင်အသင်းဖော် တိုက်စစ်ကစားသမား ဂျာအိုဖီးလစ်ကို အသက်လက်တီကိုမက်ဒရစ်အသင်းကနေ အငှားနဲ့ ခေါ်ယူသွားလိမ့်မယ်လို့ ဖော်ပြလာခဲ့ပါတယ်။

Ronaldo trained away from the first-tram today after refusing to come off the bench against Tottenham

Photo Credit : The Sun

ပေါ်တူဂီ ထိပ်တန်းကစားသမားကြီး ရော်နယ်လ်ဒိုဟာ ယူနိုက်တက်က စပါးအသင်းကို (၂)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်းမှာ အသင်းအတွက် လုံးဝ ပါဝင်ကစားခွင့် မရခဲ့သလို ပွဲမပြီးခင်မှာပဲ ကွင်းထဲကနေ ထွက်ခွာသွားလို့ ဝေဖန်မှုတွေနဲ့ပါ ရင်ဆိုင်ခဲ့ရပါတယ်။ နောက်ဆက်တွဲ သတင်းတွေအရ ရော်နယ်လ်ဒိုဟာ စပါးနဲ့ပွဲမှာ လူစားဝင် ပါဝင်ဖို့အတွက်ပါ ငြင်းဆန်ခဲ့တယ်လို့ သတင်းထွက်လာခဲ့သေးတာကြောင့် ရော်နယ်လ်ဒိုရဲ့ ဒီအပြုအမှုတွေကို လက်မခံနိုင်တဲ့ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က ဒီနေ့ညမှာ ကစားရမယ့် ချယ်လ်ဆီးနဲ့ ပွဲစဉ်အတွက် လူစာရင်းကနေ ချန်လှပ်သွားဖို့ ဆုံးဖြတ်ခဲ့တဲ့အပြင် လာမယ့် ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာခွင့် ပြုသွားဖို့ပါ စီစဉ်လာခဲ့ပါတယ်။

Manchester United could target Joao Felix to replace Cristiano Ronaldo

Photo Credit : The Sun

တကယ်လို့ ယူနိုက်တက်အနေနဲ့ လာမယ့် ဇန်နဝါရီလအတွင်း ရော်နယ်လ်ဒိုကို လက်လွတ်လိုက်ရမယ်ဆိုရင် ရော်နယ်လ်ဒိုနေရာမှာ ပြန်လည် အစားထိုးဖို့အတွက် ဈေးကွက်ထဲ တိုက်စစ်ကစားသမားတစ်ဦးကို မဖြစ်မနေ ခေါ်ယူသွားဖွယ် ရှိနေရပြီး လတ်တလောမှာတော့ ပေါ်တူဂီ ကြယ်ပွင့်ကစားသမား ဂျာအိုဖီးလစ်ကို ခေါ်ယူဖို့ ရှိနေတယ်လို့ သိရပါတယ်။ ရော်နယ်လ်ဒိုနဲ့ တစ်နိုင်ငံတည်းသားတွေဖြစ်တဲ့ ဖီးလစ်ဟာ ဘင်ဖီကာအသင်းမှာ ပါဝင်ခဲ့စဉ်ကတည်းက ယူနိုက်တက်ရဲ့ အဓိကပစ်မှတ် ကစားသမားတစ်ဦး ဖြစ်ခဲ့ရပြီး ဒီနှစ်နွေဈေးကွက်မှာလည်း ယူနိုက်တက်က ခေါ်ယူဖို့ ထပ်မံ ကြိုးစားခြင်းခံခဲ့ရပါသေးတယ်။ လက်ရှိအချိန်မှာတော့ ဖီးလစ်ဟာ အသက်လက်တီကိုအသင်းနဲ့ နောက်ဆုံးကစားခဲ့ရတဲ့ ပွဲစဉ်(၆)ပွဲအတွင်း မိနစ်အနည်းငယ်လေးသာ ကစားခဲ့ရသလို (၂)ပွဲဆက်တိုက် unused substitute player ဖြစ်ခဲ့ရတာကြောင့် အသင်းမှာ မပျော်မရွှင် ဖြစ်နေရပြီး အသင်းကနေ ထွက်ခွာသွားချင်နေတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုး ဖြစ်နေရတဲ့ ဖီးလစ်ကို ယူနိုက်တက်အသင်းက ရော်နယ်လ်ဒိုနေရာ အစားထိုးဖို့အတွက် ဆောင်းဈေးကွက်ထဲမှာ အငှားနဲ့ ခေါ်ယူပြီး နွေမှာ အပြီးသတ် ခေါ်ယူသွားဖွယ် ရှိနိုင်တယ်လို့ စပိန်အခြေစိုက် outlet ဖြစ်တဲ့ Deportes Cuatro ကနေ ဖော်ပြလာခဲ့ပါတယ်။