ဘာစီလိုနာအသင်းရဲ့ တောင်ပံကစားသမား အူစမန်ဒမ်ဘီလီကတော့ လက်ရှိနွေစျေးကွက်အတွင်းမှာ အသင်းကနေ ရောင်းချခံရဖို့ နီးစပ်နေသူဖြစ်ပြီး သူ့ကို မန်ချက်စတာယူနိုက်တက်အသင်းကနေ တစ်ရာသီအငှားနဲ့ ခေါ်ယူသွားချင်နေတယ်လို့ သတင်းမီဒီယာအများစုကနေ ဖော်ပြထားခဲ့ပေမယ့် လက်ရှိ ဂျုဗင်တပ်စ်အသင်းကလည်း ဒမ်ဘီလီကို အလိုရှိလာခဲ့ပြန်ပြီး သူတို့ရဲ့ ကစားသမား ဒေါက်ဂလပ်ကော်စတာကိုပါ ပြောင်းရွှေ့ကြေး တစိတ်တပိုင်းအဖြစ်နဲ့ပါ အလိုက်ပေးကမ်းလှမ်းဖွယ် ရှိနေတယ်လို့ သိရှရပါတယ်။

Photo Credit : Metro

အသက်(၂၃)နှစ်အရွှယ်ရှိ ပြင်သစ်တောင်ပံတိုက်စစ်ကစားသမား ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းကို ပေါင်(၁၃၆)သန်းလောက်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် မယ်မယ်ရရ ကစားပေးရခြင်းမရှိပဲ ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေရသူဖြစ်သလို စည်းကမ်းပိုင်းလည်း အားနည်းလွန်းသူဖြစ်လို့ သူ့ကို နည်းပြရော်နယ်ကိုးမန်းက အသင်းကနေ ရောင်းထုတ်ချင်နေတာဖြစ်ပါတယ်။ ဒမ်ဘီလီကို ယူနိုက်တက်ဘက်ကနေ စိတ်ဝင်စားနေသလို ဂျုဗင်တပ်စ်အသင်းကလည်း ခေါ်ယူသွားချင်နေကာ ကော်စတာကိုပါ အလိုက်ပေးကမ်းလှမ်းသွားဖို့ စီစဉ်နေပြီလို့ နာမည်ကျော် အီတလီသတင်းဌာန Tuttosports ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sky Sports

တကယ်တော့ ဒမ်ဘီလီရော ဒေါက်ဂလပ်ကော်စတာရောပါ ယူနိုက်တက်ရဲ့ပစ်မှတ်ထဲမှာ ပါဝင်နေတဲ့ ကစားသမားတွေဖြစ်ပြီး ဒေါ့မွန်တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို မခေါ်ယူနိုင်ခဲ့ရင် Back-up Plan အဖြစ်နဲ့ ပစ်မှတ်ထားထားတဲ့သူတွေဖြစ်လို့ တကယ်လို့သာ ဂျုဗင်တပ်စ်ရဲ့ ကမ်းလှမ်းချက်ကို ဘာစီလိုနာဘက်နေ လက်ခံလာခဲ့မယ်ဆိုရင်တော့ ယူနိုက်တက်ရဲ့ပစ်မှတ်(၂)ဦးကို တပြိုင်နက်တည်း ဆုံးရှံးရဖွယ် ရှိနေပါတယ်။ ဒါပေမယ့်လည်း ဒမ်ဘီလီကတော့ ဘာစီလိုနာကနေ ထွက်ခွာသွားဖို့ လုံးဝစိတ်ဆန္ဒမရှိပဲ အသင်းမှာဆက်နေရင်းနဲ့ ပုံမှန်နေရာအတွက် တိုက်ပွဲဝင်သွားဖို့ကိုသာ စိတ်အားထက်နေတယ်လို့ နာမည်ကျော် ဘောလုံးဂျာနယ်လစ် ဖာဘရီဇီယိုရဲ့တွစ်တာစာမျက်နှာပေါ်ကနေ ဖော်ပြလို့ထားပါတယ်။ ဘာစီလိုနာအသင်းကတော့ ဒီနှစ်ဘောလုံးရာသီမှာ အသင်းကို အကောင်းဆုံးပြန်လည်တည်ဆောက်ဖို့အတွက် အသုံးစရိတ် လိုအပ်နေလို့ ဒမ်ဘီလီလို အသက်ငယ်ရွှယ်ပြီး တန်ကြေးကောင်းကောင်းရနိုင်မယ့် ကစားသမားတစ်ယောက်ကို ရောင်းထုတ်ကာ သူတို့အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ လိုင်ယွန်တိုက်စစ်ကစားသမား မန်ဖစ်ဒီပိုင်းကို ပြန်လည်ခေါ်ယူသွားဖို့ ချိန်ရွှယ်နေတာဖြစ်ပါတယ်။