မန္ယူအသင္းဟာ တြန္မီေနး နဲ႔ ေပါ့ဘာတုိ႔လုိ ကမၻာ့အဆင့္ ကြင္းလယ္ ကစားသမားေတြ ရွိေနေပမဲ့လည္း ႏွစ္ဦးစလုံးက ဒဏ္ရာရေနတာေၾကာင့္ ကြင္းလယ္လူ ေခၚယူဖုိ႔ အေရးႀကီးေနပါတယ္။ ကြင္းလယ္လူ တြန္မီေနးဟာ ေနာက္ (၂) လၾကာအထိ ပဲြထြက္ပါဝင္လာႏုိင္ဖြယ္ မရွိေသးသလုိ ကြင္းလယ္လူ ေပါ့ဘာကလည္း ေနာက္ (၁) လၾကာ ကစားႏုိင္ဖြယ္ မရွိေသးတာပဲ ျဖစ္ပါတယ္။ မန္ယူအသင္းဟာ ေပါ့ဘာ နဲ႔ တြန္မီေနး မပါဘဲ လက္က်န္ပဲြစဥ္ေတြကုိ ဆက္ ကစားသြားမယ့္ ဆုိရင္ အာဆင္နယ္အသင္းကုိ ရႈံးခဲ့သလုိပဲ အျခား ပဲြစဥ္ေတြကုိ ရႈံးနိမ့္သြားႏုိင္တာ ျဖစ္ပါတယ္။

Photo Credit: DailyMail

ESPN နဲ႔ DailyMail သတင္းကေတာ့ မန္ယူအသင္းဟာ ဂ်ဳဗင္တပ္ ကြင္းလယ္လူ အမ္မရီ ခ်န္ နဲ႔ နယူးကာဆယ္ ကြင္းလယ္လူ ေလာင္းစတပ္တုိ႔ကုိ ပစ္မွတ္ထားေနတယ္လုိ႔ ေဖာ္ျပခဲ့ပါတယ္။ နယူးကာဆယ္ ကြင္းလယ္လူ ေလာင္းစတပ္ဟာ ေအာက္တုိဘာလက မန္ယူအသင္းကုိ (၁-၀) နဲဲ႔ အႏုိင္ရခဲ့တဲ့ ပဲြစဥ္မွာ သူ႔ရဲ႕ ျမင့္မားလွတဲ့ အရည္အခ်င္းကုိ ျပသေပးႏုိင္ခဲ့တာပဲ ျဖစ္ပါတယ္။ မန္ယူအသင္းဟာ နယူးကာဆယ္ ကြင္းလယ္လူ ေလာင္းစတပ္ကုိ သေဘာက်ေနၿပီး အခုလ ဇန္နဝါရီလ အေျပာင္းအေရြ႕အတြင္းမွာ ေခၚယူႏုိင္ေခ် အလြန္ ျမင့္မားတယ္လုိ႔ သိရပါတယ္။

Photo Credit: DailyMail

လီဗာပူးလ္ ကြင္းလယ္ ကစားသမားေဟာင္း အမ္မရီ ခ်န္ကေတာ့ ဂ်ဳဗင္တပ္ကုိ နည္းျပ ဆာရီ ေရာက္လာၿပီးေနာက္ ေနရာမရခဲ့ဘဲ အခုႏွစ္ စီးရီးေအ ၿပိဳင္ပဲြမွာ (၂၇၂) မိနစ္ပဲ ကစားရပါတယ္။ ကြင္းလယ္လူ အမ္မရီ ခ်န္ဟာ ၿပီးခဲ့တဲ့ ရာသီမွာ ေျခစြမ္းျပႏုိင္ခဲ့ေပမဲ့ လက္ရွိရာသီမွာကေတာ့ နည္းျပ ဆာရီက သူ႔ရဲ႕ ေနရာမွာ ကြင္းလယ္လူ ရမ္ေဆးလ္ကုိ အဓိက အသုံးျပဳလာခဲ့ပါတယ္။ မန္ယူအသင္းဟာ လက္ရွိ ကြင္းလယ္ ဒဏ္ရာ ျပႆနာကုိ ေျဖရွင္းႏုိင္ဖုိ႔အတြက္ ကြင္းလယ္လူ ခ်န္ နဲ႔ ေလာင္းစတပ္ကုိ ေခၚယူဖုိ႔ ျပင္ဆင္ေနၿပီး ဘယ္လုိ အဆုံးသတ္မလဲ ေစာင့္ၾကည့္ရမွာပါ။

{Unicode}

မန်ယူအသင်းဟာ တွန်မီနေး နဲ့ ပေါ့ဘာတို့လို ကမ္ဘာ့အဆင့် ကွင်းလယ် ကစားသမားတွေ ရှိနေပေမဲ့လည်း နှစ်ဦးစလုံးက ဒဏ်ရာရနေတာကြောင့် ကွင်းလယ်လူ ခေါ်ယူဖို့ အရေးကြီးနေပါတယ်။ ကွင်းလယ်လူ တွန်မီနေးဟာ နောက် (၂) လကြာအထိ ပွဲထွက်ပါဝင်လာနိုင်ဖွယ် မရှိသေးသလို ကွင်းလယ်လူ ပေါ့ဘာကလည်း နောက် (၁) လကြာ ကစားနိုင်ဖွယ် မရှိသေးတာပဲ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ပေါ့ဘာ နဲ့ တွန်မီနေး မပါဘဲ လက်ကျန်ပွဲစဉ်တွေကို ဆက် ကစားသွားမယ့် ဆိုရင် အာဆင်နယ်အသင်းကို ရှုံးခဲ့သလိုပဲ အခြား ပွဲစဉ်တွေကို ရှုံးနိမ့်သွားနိုင်တာ ဖြစ်ပါတယ်။

Photo Credit: DailyMail

ESPN နဲ့ DailyMail သတင်းကတော့ မန်ယူအသင်းဟာ ဂျုဗင်တပ် ကွင်းလယ်လူ အမ်မရီ ချန် နဲ့ နယူးကာဆယ် ကွင်းလယ်လူ လောင်းစတပ်တို့ကို ပစ်မှတ်ထားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ နယူးကာဆယ် ကွင်းလယ်လူ လောင်းစတပ်ဟာ အောက်တိုဘာလက မန်ယူအသင်းကို (၁-ဝ) နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ သူ့ရဲ့ မြင့်မားလှတဲ့ အရည်အချင်းကို ပြသပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ နယူးကာဆယ် ကွင်းလယ်လူ လောင်းစတပ်ကို သဘောကျနေပြီး အခုလ ဇန်နဝါရီလ အပြောင်းအရွေ့အတွင်းမှာ ခေါ်ယူနိုင်ချေ အလွန် မြင့်မားတယ်လို့ သိရပါတယ်။

Photo Credit: DailyMail

လီဗာပူးလ် ကွင်းလယ် ကစားသမားဟောင်း အမ်မရီ ချန်ကတော့ ဂျုဗင်တပ်ကို နည်းပြ ဆာရီ ရောက်လာပြီးနောက် နေရာမရခဲ့ဘဲ အခုနှစ် စီးရီးအေ ပြိုင်ပွဲမှာ (၂၇၂) မိနစ်ပဲ ကစားရပါတယ်။ ကွင်းလယ်လူ အမ်မရီ ချန်ဟာ ပြီးခဲ့တဲ့ ရာသီမှာ ခြေစွမ်းပြနိုင်ခဲ့ပေမဲ့ လက်ရှိရာသီမှာကတော့ နည်းပြ ဆာရီက သူ့ရဲ့ နေရာမှာ ကွင်းလယ်လူ ရမ်ဆေးလ်ကို အဓိက အသုံးပြုလာခဲ့ပါတယ်။ မန်ယူအသင်းဟာ လက်ရှိ ကွင်းလယ် ဒဏ်ရာ ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ကွင်းလယ်လူ ချန် နဲ့ လောင်းစတပ်ကို ခေါ်ယူဖို့ ပြင်ဆင်နေပြီး ဘယ်လို အဆုံးသတ်မလဲ စောင့်ကြည့်ရမှာပါ။