မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ စျေးကွက်အတွင်းမှာ အသင်းရဲ့ ကွင်းလယ်ပိုင်း အားဖြည့်တင်းသွားဖို့အတွက် လက်စတာအသင်းရဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်ကစားသမား တီလေမန်းစ်ကို အသင်းရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားလျက် ရှိနေတယ်လို့ ဗြိတိန်အခြေစိုက် သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Youri Tielemans: Leicester boss Brendan Rodgers cannot guarantee midfielder  will stay at club | Football News | Sky Sports

Photo Credit : Sky Sports

ယူနိုက်တက်အသင်းဟာ လတ်တလော အသင်းမှာ အားအနည်းဆုံး ဖြစ်လို့နေတဲ့ ကွင်းလယ်ပိုင်းအတွက် လာမယ့်နွေမှာပဲ ကစားသမားသစ် ဖြည့်တင်းမှုတွေ လုပ်ဆောင်သွားဖို့ စီစဉ်နေရာ လတ်တလောမှာတော့ အင်္ဂလန် ကွင်းလယ်လူတွေဖြစ်တဲ့ ဒက်ကလန်ရိုက်စ်နဲ့ ကယ်လ်ဗင်ဖီးလစ်တို့ကို ပစ်မှတ်ထားနေပေမယ့် ဒီကစားသမားတွေရဲ့ တန်ကြေးတွေက အလွန် မြင့်မားလွန်းနေတာကြောင့် ဒီကစားသမားတွေထက် ပြောင်းရွှေ့ကြေး ထက်ဝက်လောက် သက်သာနေရတဲ့ လက်စတာ ကွင်းလယ်လူ တီလေမန်းစ်ကို ပြောင်းလဲပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။

Liverpool keen on Youri Tielemans

Photo Credit : Euro Football Rumours

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ကစားသမား ခေါ်ယူမှုအတွက် ငွေကြေး သုံးစွဲမှုတွေ ခပ်ကြမ်းကြမ်း လုပ်ဆောင်ထားခဲ့ပြီး အသင်းအတွက် ထိရောက်မှု မရှိခဲ့ရခြင်းအပေါ် သင်ခန်းစာ ယူသွားမယ့် အနေနဲ့ လာမယ့် စျေးကွက်မှာတော့ လိုအပ်တဲ့ နေရာအတွက် ဒိတ်ဒိတ်ကြဲ ကစားသမားတွေထက် အရည်အသွေးမြင့်ပြီး ပြောင်းရွှေ့ကြေး အသင့်အတင့်သာ ရှိနေမယ့် ကစားသမားတွေကိုသာ ခေါ်ယူဖွယ် ရှိနိုင်ပါတယ်။ ဒါကြောင့် ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၀၀)လောက် သတ်မှတ်ထားကြတဲ့ ရိုက်စ်နဲ့ ဖီးလစ်တို့ထက် တန်ကြေး ပေါင်သန်း(၄၀)လောက်သာ ရှိနေနိုင်မယ့် လက်စတာအသင်းရဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်ကစားသမား တီလေမန်းစ်ကို အလိုရှိလာခဲ့ရတာ ဖြစ်ပါတယ်။ အသက်(၂၄)နှစ်အရွှယ်ရှိ ကွင်းလယ်လူ တီလေမန်းစ်ဟာ လက်စတာအသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်သလို ကွင်းလယ်တိုက်စစ်ရော ကွင်းလယ်ခံစစ်နေရာမှာပါ အကောင်းဆုံး ကစားနိုင်သူဖြစ်လို့ ဥရောပ ထိပ်တန်းကလပ်အသင်းတွေကပါ တီလေမန်းစ်ကို ခေါ်ယူသွားချင်နေတာ ဖြစ်ပါတယ်။

Youri Tielemans rejects latest contract offer from Leicester City

Photo Credit : FotMob

လက်စတာဘက်ကတော့ သူတို့ရဲ့ အဓိက ကစားသမားကို အသင်းကနေ ရောင်းထုတ်သွားဖို့ ဆန္ဒမရှိပေမယ့်လည်း လက်စတာက လက်ရှိမှာ အမှတ်ပေးဇယားရဲ့ အဆင့်(၁၀)နေရာ ရောက်ရှိနေတာကြောင့် လာမယ့်နှစ် ဥရောပဝင်ခွင့် လွဲချော်ရနိုင်ခြေ ရှိနေတဲ့အတွက် တီလေမန်းစ်ကိုပါ လက်လွတ်ရနိုင်ဖွယ် များနေရပါတယ်။ ဒီလို အခြေအနေတွေကြောင့်လည်း ယူနိုက်တက်ဘက်က တီလေမန်းစ်ကို ပစ်မှတ်ထားနေတာ ဖြစ်သလို အခြားကလပ်အသင်းတွေနဲ့ပါ အပြိုင်ကမ်းလှမ်းရဖွယ် ရှိနေပါတယ်။