လြန္ခဲ႔တဲ႔ ၂၀၁၂ခုႏွစ္က ေပါလ္ေပါ့ဘာဟာ မန္ခ်က္စတာယူႏုိက္တက္အသင္းကေန ဂ်ဳဗင္တပ္စ္အသင္းဆီကုိ အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ ထြက္ခြာသြားခဲ႔ၿပီး ယူႏုိက္တက္ဘက္ကေနလည္း သာမာန္လူငယ္ကစားသမားတစ္ေယာက္ကို လက္လြတ္လုိက္ရတာလုိ႔ သေဘာထားခဲ႔ေပမယ့္လည္း ေပါ့ဘာကေတာ့  ဂ်ဳဗင္တပ္စ္အသင္းမွာ တျဖည္းျဖည္းေနရာရလာခဲ့ၿပီး World Class ေျခစြမ္းမ်ိဳးကုိ ျပသလာႏုိင္လုိ႔ ယူႏုိက္တက္အသင္းအတြက္ လြတ္တဲ့ငါးႀကီးသလုိ ျဖစ္သြားခဲ႔ရပါတယ္။ အခုလည္း အလားတူကိစၥရပ္မ်ိဳးနဲ႔ ယူႏုိက္တက္အသင္း ရင္ဆုိင္ေနရၿပီပဲျဖစ္ပါတယ္။

Photo Credit : Getty Images

ဒီတစ္ခါ ယူႏုိက္တက္ရင္ဆုိင္ေနရတဲ႔ကိစၥရပ္ကလည္း ေပါ့ဘာကုိ အသင္းကေန အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ လက္လြတ္လုိက္ရတဲ႔ ကိစၥနဲ႔ပုံစံတူျဖစ္ေနၿပီး အသင္းရဲ႕နယ္သာလန္လူငယ္ကစားသမားေလး တာဟစ္ေခ်ာင္ကုိ ရာသီအကုန္မွာ ေျပာင္းေရႊ႔ေၾကးမဲ႔နဲ႔ လက္လြတ္သြားရမယ့္ အေျခအေနနဲ႔ ရင္ဆုိင္ေနရပါတယ္။ တာဟစ္ေခ်ာင္ကေတာ့ ယူႏုိက္တက္လူငယ္အသင္းမွာ အလားအလာအေကာင္းဆုံး ေတာင္ပံတုိက္စစ္ကစားသမားေလးျဖစ္ၿပီး ယူႏုိက္တက္စီနီယာအသင္းမွာပါ ပါဝင္ကစားခြင့္ရေနသူျဖစ္ပါတယ္။ ဒါေပမယ့္ အသင္းႀကီးမွာ ပါဝင္ကစားဖုိ႔က အကန္႔အသတ္ေတြ ရွိေနေသးတာေၾကာင့္ ဒီရာသီအကုန္မွာ အဆုံးသတ္သြားေတာ့မယ့္ စာခ်ဳပ္သက္တမ္းကုိ တာဟစ္ေခ်ာင္ဘက္ကေန သက္တမ္းတုိးဖုိ႔ ျငင္းဆန္သြားဖြယ္ရွိေနၿပီး သူ႔ကုိစိတ္ဝင္စားလုိ႔ေနတဲ႔ ဂ်ဳဗင္တပ္စ္အသင္းဆီ ေျပာင္းေရႊ႔သြားဖို႔ အစီအစဥ္ရိွလုိ႔ေနပါတယ္။

Photo Credit : Getty Images

အသက္၁၉ႏွစ္သာရွိေသးတဲ႔ လူငယ္ကစားသမားေလးဟာ ၂၀၁၆ခုႏွစ္ကမွ နယ္သာလန္နာမည္ေက်ာ္ကလပ္ ဖီယင္ေနာ့အသင္းကေန ေရာက္ရွိလာခဲ့တာျဖစ္ၿပီး သူရဲ႕ထူးျခားတဲ႔ အသြင္အျပင္နဲ႔ ကစားဟန္ေတြနဲ႔ ေျခစြမ္းေကာင္းေတြေၾကာင့္ အခ်ိန္တုိအတြင္းမွာပဲ ပရိသတ္ေတြရဲ႕စိတ္ဝင္စားမႈကုိ ရရွိလာခဲ႔တာျဖစ္ပါတယ္။ လက္ရွိမွာ တာဟစ္ေခ်ာင္ဟာ ဂ်ဳဗင္တပ္စ္အသင္းနဲ႔ သတင္းေတြ ဆက္တုိက္ထြက္ေပၚလ်က္ရွိေနၿပီး ယူႏုိက္တက္တုိ႔ တာဟစ္ေခ်ာင္ကုိ ေပါ့ဘာလုိပဲ ဂ်ဳဗင္တပ္စ္အသင္းဆီ လက္လြတ္သြားရေတာ့မယ္လုိ႔ သုံးသပ္ေျပာဆုိေနၾကေပမယ့္ ယူႏုိက္တက္အသင္းက တာဟစ္ေခ်ာင္ကုိ အသင္းမွာ ဆက္လက္ထိန္းသိမ္းထားႏုိင္ဖုိ႔ တစ္ပတ္လုပ္ခကုိ တုိးေပးၿပီး စာခ်ဳပ္သစ္ထပ္ခ်ဳပ္ႏုိင္ဖုိ႔အတြက္ ယုံၾကည္မႈရွိေနတယ္လုိ႔ သိရွိရပါတယ္။ တာဟစ္ေခ်ာင္ကေတာ့ သူရဲ႕အနာဂတ္အတြက္ မဆုံးျဖတ္ရေသးပဲ လက္ရွိမွာ မန္ခ်က္စတာယူႏုိက္တက္အသင္းသားျဖစ္ေနေသးတာေၾကာင့္ ယူႏုိက္တက္အသင္းအတြက္ပဲ အာရုံစုိက္ထားတယ္လုိ႔ ေျပာဆုိသြားခဲ႔ရပါတယ္။

(Unicode)

နယ်သာလန်ကြယ်ပွင့်ကို အသင်းမှာ ဆက်ထိန်းသွားဖို့ ယုံကြည်နေတဲ့ ယူနိုက်တက်

လွန်ခဲ့တဲ့ ၂၀၁၂ခုနှစ်က ပေါလ်ပေါ့ဘာဟာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ဂျုဗင်တပ်စ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားခဲ့ပြီး ယူနိုက်တက်ဘက်ကနေလည်း သာမာန်လူငယ်ကစားသမားတစ်ယောက်ကို လက်လွတ်လိုက်ရတာလို့ သဘောထားခဲ့ပေမယ့်လည်း ပေါ့ဘာကတော့  ဂျုဗင်တပ်စ်အသင်းမှာ တဖြည်းဖြည်းနေရာရလာခဲ့ပြီး World Class ခြေစွမ်းမျိုးကို ပြသလာနိုင်လို့ ယူနိုက်တက်အသင်းအတွက် လွတ်တဲ့ငါးကြီးသလို ဖြစ်သွားခဲ့ရပါတယ်။ အခုလည်း အလားတူကိစ္စရပ်မျိုးနဲ့ ယူနိုက်တက်အသင်း ရင်ဆိုင်နေရပြီပဲဖြစ်ပါတယ်။

Photo Credit : Getty Images

ဒီတစ်ခါ ယူနိုက်တက်ရင်ဆိုင်နေရတဲ့ကိစ္စရပ်ကလည်း ပေါ့ဘာကို အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်လိုက်ရတဲ့ ကိစ္စနဲ့ပုံစံတူဖြစ်နေပြီး အသင်းရဲ့နယ်သာလန်လူငယ်ကစားသမားလေး တာဟစ်ချောင်ကို ရာသီအကုန်မှာ ပြောင်းရွှေ့ကြေးမဲ့နဲ့ လက်လွတ်သွားရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ တာဟစ်ချောင်ကတော့ ယူနိုက်တက်လူငယ်အသင်းမှာ အလားအလာအကောင်းဆုံး တောင်ပံတိုက်စစ်ကစားသမားလေးဖြစ်ပြီး ယူနိုက်တက်စီနီယာအသင်းမှာပါ ပါဝင်ကစားခွင့်ရနေသူဖြစ်ပါတယ်။ ဒါပေမယ့် အသင်းကြီးမှာ ပါဝင်ကစားဖို့က အကန့်အသတ်တွေ ရှိနေသေးတာကြောင့် ဒီရာသီအကုန်မှာ အဆုံးသတ်သွားတော့မယ့် စာချုပ်သက်တမ်းကို တာဟစ်ချောင်ဘက်ကနေ သက်တမ်းတိုးဖို့ ငြင်းဆန်သွားဖွယ်ရှိနေပြီး သူ့ကိုစိတ်ဝင်စားလို့နေတဲ့ ဂျုဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့သွားဖို့ အစီအစဉ်ရှိလို့နေပါတယ်။

Photo Credit : Getty Images

အသက်၁၉နှစ်သာရှိသေးတဲ့ လူငယ်ကစားသမားလေးဟာ ၂၀၁၆ခုနှစ်ကမှ နယ်သာလန်နာမည်ကျော်ကလပ် ဖီယင်နော့အသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရဲ့ထူးခြားတဲ့ အသွင်အပြင်နဲ့ ကစားဟန်တွေနဲ့ ခြေစွမ်းကောင်းတွေကြောင့် အချိန်တိုအတွင်းမှာပဲ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို ရရှိလာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ တာဟစ်ချောင်ဟာ ဂျုဗင်တပ်စ်အသင်းနဲ့ သတင်းတွေ ဆက်တိုက်ထွက်ပေါ်လျက်ရှိနေပြီး ယူနိုက်တက်တို့ တာဟစ်ချောင်ကို ပေါ့ဘာလိုပဲ ဂျုဗင်တပ်စ်အသင်းဆီ လက်လွတ်သွားရတော့မယ်လို့ သုံးသပ်ပြောဆိုနေကြပေမယ့် ယူနိုက်တက်အသင်းက တာဟစ်ချောင်ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ တစ်ပတ်လုပ်ခကို တိုးပေးပြီး စာချုပ်သစ်ထပ်ချုပ်နိုင်ဖို့အတွက် ယုံကြည်မှုရှိနေတယ်လို့ သိရှိရပါတယ်။ တာဟစ်ချောင်ကတော့ သူရဲ့အနာဂတ်အတွက် မဆုံးဖြတ်ရသေးပဲ လက်ရှိမှာ မန်ချက်စတာယူနိုက်တက်အသင်းသားဖြစ်နေသေးတာကြောင့် ယူနိုက်တက်အသင်းအတွက်ပဲ အာရုံစိုက်ထားတယ်လို့ ပြောဆိုသွားခဲ့ရပါတယ်။