ယခု ေဆာင္းရာသီအေျပာင္းအေရႊ႕ေစ်းကြက္ ျဖစ္တဲ့ ဇန္နဝါရီလအေျပာင္းအေရႊ႕ေစ်းကြက္မွာ အလွုပ္ခတ္ဆုံးနဲ႔ ပရိသတ္စိတ္အဝင္စားဆုံး သတင္းတစ္ခုျဖစ္တဲ့ စပို႔တင္းအသင္းရဲ့ ကြင္းလယ္လူ ဘ႐ူနိုဖာနန္ဒက္စ္နဲ႔ ယူနိုက္တက္ အသင္းတို႔ရဲ့ အေျပာင္းအေရႊ႕ကေတာ့ မၾကာခင္ မွာပဲ အၿပီးသတ္သြားေတာ့မယ္လို႔ သိရပါတယ္။

Photo Credit: Express.com

ဖာနန္ဒက္စ္ကို ေခၚယူဖို႔ ေႏြရာသီအေျပာင္းအေရႊ႕မွာကတည္းက ႀကိဳးပမ္းခဲ့တဲ့ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ လက္ရွိမွာေတာ့ ဖာနန္ဒက္စ္ကို ေခၚယူဖို႔ စပို႔တင္းအသင္းနဲ႔ သေဘာတူညီမွု ရရွိခဲ့တာျဖစ္ၿပီး ဖာနန္ဒက္စ္ အေနနဲ႔ လာမယ့္ ၄၈နာရီအတြင္း ယူနိုက္တက္ အသင္းရွိရာ မန္ခ်က္စတာၿမိဳ႕ကို ေဆးစစ္မွုခံယူရန္ ေရာက္လာေတာ့မယ္လို႔ ေပၚတူဂီသတင္းဌာနေတြေရာ ၊ ယုံၾကည္ရတဲ့ သတင္းဌာနေတြကပါ ေဖာ္ျပခဲ့ၾကတာပါ။

Photo Credit: Express.com

သတင္းေတြအရေတာ့ ယူနိုက္တက္ဟာ စုစုေပါင္း ေပါင္၆၈သန္းဝန္းက်င္အထိ တန္ေၾကးရွိတဲ့ ကမ္းလွမ္းမွုနဲ႔ ဖာနန္ဒက္စ္ကို ေခၚယူနိုင္မွာ ျဖစ္ေၾကာင္း သတင္းေတြအရ သိရွိထားရၿပီး ဖာနန္ဒက္စ္ရဲ့ အရင္းႏွီးဆုံး သူငယ္ခ်င္းေတြဟာလည္း သူတို႔ရဲ့ အင္စတာဂရမ္ေတြကေန ဖာနန္ဒက္စ္ရဲ့ အေျပာင္းအေရႊ႕နဲ႔ ပတ္သတ္ၿပီး ကံေကာင္းပါေစ သူငယ္ခ်င္းေရ လို႔ အသီးသီး တင္ခဲ့ၾကတာေၾကာင့္ အေျပာင္းအေရႊ႕ဟာ ၿပီးေျမာက္သြားၿပီလို႔ သတ္မွတ္ရမွာပါ။

Photo Credit: Express.com

ကဲ ေနာက္ဆုံးမွာေတာ့ ယူနိုက္တက္အသင္းရဲ့ အရွည္ၾကာဆုံး အေျပာင္းအေရႊ႕ပုံျပင္ဟာ ၿပီးဆုံးသြားခဲ့ၿပီလည္း ျဖစ္ပါတယ္…။

ယခု ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက် ဖြစ်တဲ့ ဇန်နဝါရီလအပြောင်းအရွှေ့စျေးကွက်မှာ အလှုပ်ခတ်ဆုံးနဲ့ ပရိသတ်စိတ်အဝင်စားဆုံး သတင်းတစ်ခုဖြစ်တဲ့ စပို့တင်းအသင်းရဲ့ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်နဲ့ ယူနိုက်တက် အသင်းတို့ရဲ့ အပြောင်းအရွှေ့ကတော့ မကြာခင် မှာပဲ အပြီးသတ်သွားတော့မယ်လို့ သိရပါတယ်။

Photo Credit: Express.com

ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ နွေရာသီအပြောင်းအရွှေ့မှာကတည်းက ကြိုးပမ်းခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လက်ရှိမှာတော့ ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ စပို့တင်းအသင်းနဲ့ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး ဖာနန်ဒက်စ် အနေနဲ့ လာမယ့် ၄၈နာရီအတွင်း ယူနိုက်တက် အသင်းရှိရာ မန်ချက်စတာမြို့ကို ဆေးစစ်မှုခံယူရန် ရောက်လာတော့မယ်လို့ ပေါ်တူဂီသတင်းဌာနတွေရော ၊ ယုံကြည်ရတဲ့ သတင်းဌာနတွေကပါ ဖော်ပြခဲ့ကြတာပါ။

Photo Credit: Express.com

သတင်းတွေအရတော့ ယူနိုက်တက်ဟာ စုစုပေါင်း ပေါင်၆၈သန်းဝန်းကျင်အထိ တန်ကြေးရှိတဲ့ ကမ်းလှမ်းမှုနဲ့ ဖာနန်ဒက်စ်ကို ခေါ်ယူနိုင်မှာ ဖြစ်ကြောင်း သတင်းတွေအရ သိရှိထားရပြီး ဖာနန်ဒက်စ်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေဟာလည်း သူတို့ရဲ့ အင်စတာဂရမ်တွေကနေ ဖာနန်ဒက်စ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ကံကောင်းပါစေ သူငယ်ချင်းရေ လို့ အသီးသီး တင်ခဲ့ကြတာကြောင့် အပြောင်းအရွှေ့ဟာ ပြီးမြောက်သွားပြီလို့ သတ်မှတ်ရမှာပါ။

Photo Credit: Express.com

ကဲ နောက်ဆုံးမှာတော့ ယူနိုက်တက်အသင်းရဲ့ အရှည်ကြာဆုံး အပြောင်းအရွှေ့ပုံပြင်ဟာ ပြီးဆုံးသွားခဲ့ပြီလည်း ဖြစ်ပါတယ်…။