ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ရဲ့ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဝက်စ်ဟမ်းအသင်းရဲ့ ဦးဆောင်မှုကို ခံရကာ နောက်ကနေ ပြန်လည် ကစားခဲ့ရပြီး ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ အနိုင်ရရှိပြီး နောက်မှာတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ သမိုင်းမှာ Comeback ရမှတ် အများဆုံး အသင်းအဖြစ် မှတ်တမ်း ဝင်ခဲ့ကြောင်း နာမည်ကြီး သတင်းဌာနတွေရဲ့ ဖော်ပြချက် အရ သိရှိ ရပါတယ်။ ဝက်စ်ဟမ်းအသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပထမပိုင်းမှာ ဝက်စ်ဟမ်းအသင်းရဲ့ ကွင်းလယ်လူ ဆူဆက်ရဲ့ သွင်းဂိုးနဲ့ အရေးနိမ့်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူ နိုင်ခဲ့တာကြောင့် ပွဲအပြီးမှာ ၁-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: BBC

ဝက်စ်ဟမ်းအသင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေ ရယူထားနိုင်တဲ့ အသင်းတွေ ဖြစ်တာကြောင့် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်ဟာ အတော်လေးကို အကြိတ်အနယ် ရှိခဲ့ကြတာပါ။ အဆိုပါ ပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်း အတွက် ဦးဆောင်ဂိုးကို ပွဲကစားချိန် ၃၈မိနစ်မှာ ဆူဆက်က သွင်းယူပေးခဲ့တာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်ကတ် အသင်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ကိုတော့ ပွဲကစားချိန် ၆၅မိနစ်မှာ ပေါ့ဘာ ၊ ၆၈မိနစ်မှာ ဂရင်းဝုဒ်နဲ့ ၇၈မိနစ်မှာ ရက်ဖို့ဒ်တို့က သွင်းယူ ပေးခဲ့ကြပါတယ်။ ဝက်စ်ဟမ်းအသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပရီးမီးယားလိဂ် နှစ်ပွဲဆက်တိုက် အနိုင်ရရှိတဲ့ ပွဲစဉ်လည်း ဖြစ်ခဲ့ပါတယ်။

Photo Credit: BBC

နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ BBC သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ ဝက်စ်ဟမ်း အသင်းကို Comebackနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ် အပြီးမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ သမိုင်းတစ်လျှောက်မှာ ရှုံးနိမ့်နေရာ ကနေ ရမှတ် အများဆုံး စုဆောင်းနိုင်ခဲ့တဲ့ အသင်း ဖြစ်လာခဲ့ကြောင်း သိရှိ ရပါတယ်။ မှတ်တမ်းတွေအရ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ သမိုင်းမှာ ရှုံးနိမ့်နေရာ ကနေ ရမှတ် ၃၈၅မှတ်အထိ စုဆောင်းနိုင်ခဲ့ပြီး အဆိုပါစာရင်းရဲ့ ဒုတိယ နေရာမှာ ရှိနေတဲ့ စပါးအသင်းထက် ၂မှတ် အသာရသွားခဲ့ကြောင်း သိထား ရပါတယ်။ ရှုံးနိမ့်နေရာ ကနေ ရမှတ် အများဆုံး စုဆောင်းနိုင်ခဲ့တဲ့ အသင်းစာရင်းရဲ့ ဒုတိယ နေရာမှာ ရှိနေတဲ့ အသင်းကတော့ စပါးအသင်း ဖြစ်ပြီး စပါးအသင်းဟာ ရမှတ် ၃၈၃မှတ်အထိ စုဆောင်း ထားနိုင်ခဲ့ပါတယ်။ တတိယ နေရာမှာတော့ အာဆင်နယ်အသင်းက ရှိနေပြီး အာဆင်နယ် အသင်းဟာ ရမှတ် ၃၅၆မှတ်အထိ စုဆောင်းနိုင်ခဲ့ပါတယ်။