အခုနှစ် နွေဈေးကွက်အတွင်းမှာ ကစားသမားသစ် တစ်ဦးမှကို မခေါ်ယူထားနိုင်သေးတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ အခုဆိုရင်တော့ ပထမဦးဆုံး ကစားသမား ခေါ်ယူမှုအဖြစ် အေဂျက်စ်အသင်းရဲ့ ဘရာဇီးလ် တောင်ပံကစားသမား အန်တိုနီကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၄၀)နဲ့ ခေါ်ယူသွားနိုင်ဖို့ နီးစပ်နေပြီလို့ The Sun သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

Man Utd This Week: De Jong move expected, will club pursue Antony or Raphinha? - Man Utd News

Photo Credit : Man Utd News

SunSport ရဲ့ဖော်ပြချက်အရ ယူနိုက်တက်အသင်း တာဝန်ရှိသူများဟာ ဘရာဇီးလ် လက်ရွေးစင် ကစားသမားကို စာချုပ်ချုပ်ဆို ခေါ်ယူသွားဖို့အတွက် ဒီကနေ့မှာပဲ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ကို ရောက်ရှိလာကြောင်း သိရပါတယ်။ ယူနိုက်တက်နည်းပြသစ် အဲရစ်တန်ဟက်ဂ်ကလည်း သူရဲ့ကလပ်အသင်းဟောင်းက တပည့်ဟောင်း အန်တိုနီကို ယူနိုက်တက်အသင်းဆီ ရောက်ရှိလာစေချင်နေပြီး အသင်းကို ထိပ်တန်းအဆင့် ပုံစံမျိုးနဲ့ ပရီးမီးယားလိဂ်မှာ ပြန်လည်ယှဉ်ပြိုင်စေနိုင်ဖို့အတွက် အန်တိုနီလို အရည်အသွေးမြင့် ကစားသမားမျိုး အလိုရှိတယ်လို့ တောင်းဆိုထားခဲ့တဲ့အတွက် အသင်းဘက်ကနေ စီစဉ်ဆောင်ရွက်ပေးလာခဲ့တာ ဖြစ်ပါတယ်။

Tottenham 'to rival Manchester United for Ajax star Antony' in potential swap deal | Daily Mail Online

Photo Credit : Daily News

အသက်(၂၂)နှစ်အရွွှယ်ရှိ အန်တိုနီဟာ ဘရာဇီးလ် နာမည်ကျော်ကလပ် ဆော်ပေါ်လိုအသင်းရဲ့ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တာဖြစ်ပြီး ၂၀၂၀ခုနှစ်ကမှ အေဂျက်စ်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အေဂျက်စ်အသင်းနဲ့ (၂)ရာသီ ဖြတ်သန်းထားပြီးတဲ့နောက် ပွဲပေါင်း (၇၉)ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး (၂၂)ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ အန်တိုနီဟာ ပြီးခဲ့တဲ့ရာသီမှာလည်း ဂိုး(၁၂)ဂိုး ဂိုးဖန်တီးမှု (၁၀)ကြိမ်ထိကို ပြုလုပ်နိုင်ခဲ့သလို အသင်းနဲ့လည်း နယ်သာလန် အမှတ်ပေးလိဂ်ဖလားကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ညာတောင်ပံနေရာမှာ ပါဝင်ကစားတတ်သူဖြစ်တဲ့ အန်တိုနီဟာ ဘယ်ခြမ်းမှာလည်း ကစားတတ်သလို သူရဲ့ဆရာဟောင်း တန်ဟက်ဂ်ကိုလည်း သံယောဇဉ် ကြီးမားသူဖြစ်ပြီး အေဂျက်စ်အသင်းကနေ တန်ဟက်ဂ် ထွက်ခွာသွားချိန်တုန်းကလည်း “ဆရာသာ ကျွန်တော့်ကို လိုအပ်တယ်ဆိုရင် အနားမှာ အမြဲရှိနေတယ်ဆိုတာကို သိထားပေးပါ” လို့ ပြောဆိုထားခဲ့ဖူးပါတယ်။ အေဂျက်စ်ဘက်ကတော့ အန်တိုနီလို ကစားသမားမျိုးကို လက်မလွတ်ချင်ပေမယ့်လည်း သူတို့ရဲ့ ပစ်မှတ် ဘာ့ဂျ်ဝင်းက အသင်းကို ရောက်လုနီးပါး ဖြစ်နေပြီမို့ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို လက်ခံသွားဖွယ် ရှိနေတဲ့အတွက် ဒီတစ်ကြိမ်တော့ ယူနိုက်တက်တို့ ကစားသမားသစ် စတင်ပိုင်ဆိုင်နိုင်တော့မယ့် အခြေအနေကို ရောက်နေပြီလို့ သတ်မှတ်ရတော့မှာ ဖြစ်ပါတယ်။