MySport Myanmar

လာဇီယိုနဲ့ လမ်းခွဲထားတဲ့ ဂိုးသမား စတာကိုရှာကို အလွတ်နဲ့ ခေါ်ဖို့ နီးစပ်နေတဲ့ မန်ယူ

ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ လစ်လပ်နေတဲ့ အရန်ဂိုးသမား နေရာအတွက် လာဇီယိုနဲ့ လမ်းခွဲထားတဲ့ ဝါရင့် ဂိုးသမား စတက်ကိုရှာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ ဒုတိယ ဂိုးသမား ဖြစ်သူ ဟန်ဒါဆန်ကို ပရီးမီးယားလိဂ် တန်းတက်ကလပ် နော်တင်ဟမ် ဖောရက်စ်ဆီ တရာသီအငှားနဲ့ စေလွှတ်ခဲ့ပြီးနောက် ဟန်ဒါဆန်ရဲ့ နေရာကို အစားဝင်နိုင်မယ့် အရန်ဂိုးသမား တဦးကို ရှာဖွေနေတဲ့ အသင်းပါ။

 

Photo Credit: Standard

တဖက်မှာတော့ အသက် ၂၇နှစ် အရွယ် အယ်ဘေးနီးယား လက်ရွေးစင် ဂိုးသမား စတာကိုရှာက စီးရီးအေ နာမည်ကြီးကလပ် လာဇီယိုနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တာကြောင့် အသင်းလက်မဲ့ ကစားသမား ဖြစ်နေသူ ဖြစ်ပြီး သူက လာဇီယိုအတွက် ၆နှစ်တာ ကာလအတွင်းမှာ ၂၀၈ပွဲ အထိ ပါဝင် ကစားပေးနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ဟန်ဒါဆန်ရဲ့ နေရာအတွက် အရန်ဂိုးသမား ရှာဖွေနေတဲ့ မန်ချက်စတာ ယူနိုက်တက်က စတာကိုရှာကို ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပြီး စတာကိုရှာကလည်း လာဇီယိုကနေ ထွက်ခွာခဲ့ပြီးနောက် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ကာ သူ့ရဲ့ ပုံရိပ်ကို မြှင့်တင်ချင်နေပါတယ်။

Photo Credit: Standard

ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေထဲက တခု ဖြစ်တဲ့ Talksports သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က စတာကိုရှာကို အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီး မကြာခင်မှာပဲ စတာကိုရှာနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ကြားမှာ အပြောင်းအရွှေ့ အတွက် သဘောတူညီမှု ရရှိဖွယ် ရှိနေကြောင်း သိရပါတယ်။

Exit mobile version