ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူတို့အသင်းရဲ့ လူငယ်ကြယ်ပွင့် စုဆောင်းရေး စီမံကိန်းကြောင့် အီကွေဒေါ နာမည်ကြီး အသင်းဖြစ်တဲ့ အင်ဒီပန်းဒီယန့် အသင်းရဲ့ လူငယ် ကြယ်ပွင့် ကစားသမား ဖြစ်တဲ့ ကိုင်စီဒိုကို လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာပဲ အရ ခေါ်ယူသွားမှာ ဖြစ်ကြောင်း မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ အီကွေဒေါ လက်ရွေးစင် လူငယ်ကြယ်ပွင့် ကိုင်စီဒိုဟာ ကွင်းလယ်ဗဟိုနဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာ ကစားလေ့ ရှိတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး အနာဂတ်မှာ အီကွေဒေါ လက်ရွေးစင် အသင်းရဲ့ အားထားရမယ့် ကစားသမား အဖြစ် သတ်မှတ်ခံထားရသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: Metro

ကိုင်စီဒိုဟာ အင်ဒီပန်းဒီယန့် အသင်းရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား တစ်ဦး ဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ပြီး အသင်းအတွက် ပါဝင် ကစားပေးခွင့် ရခဲ့ကာ လက်ရှိရာသီ မှာတော့ အသင်းရဲ့ အဓိက ကွင်းလယ်လူ ဖြစ်လာခဲ့ပါတယ်။ ကိုင်စီဒိုဟာ လက်ရှိ ဘောလုံးရာသီမှာ အင်ဒီပန်းဒီယန့် အသင်းအတွက် ပြိုင်ပွဲစုံမှာ ၂၇ပွဲအထိ ပါဝင် ကစားပေးထားပြီး သွင်းဂိုး ၆ဂိုး သွင်းယူ ထားကာ ဂိုးဖန်တီးမှု ၆ကြိမ်အထိ ပြုလုပ် ထားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူတို့အသင်းရဲ့ လူငယ် ကြယ်ပွင့် စုဆောင်းရေး စီမံကိန်းကြောင့် ကိုင်စီဒိုကို လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အရ ခေါ်ယူ သွားဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

Photo Credit: Metro

ဥရောပရဲ့ နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်သူ Duncan Castles ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တာဝန်ရှိသူတွေဟာ ယနေ့မှာပဲ ကိုင်စီဒိုရဲ့ အေးဂျင့်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ကိုင်စီဒိုကို ပြောင်းရွှေ့ကြေး ယူရို ၆သန်း ဝန်းကျင်နဲ့ ခေါ်ယူသွားဖွယ် ရှိကြောင်း ဖွင့်ဟ ပြောကြား ထားပါတယ်။ မန်ချက်စတာ ညနေခင်း သတင်းဌာနကလည်း မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မကြာမီ ကာလအတွင်းမှာ စတင် အသက်ဝင်မယ့် ဗြိတိန်အစိုးရရဲ့ အလုပ်လုပ်ခွင့်နဲ့ ပတ်သတ်တဲ့ စည်းမျဉ်းတွေ တရားဝင် မဖြစ်ခင်မှာ ကိုင်စီဒိုလို လူငယ် ကြယ်ပွင့်တွေကို ရနိုင်သလောက် ခေါ်ယူသွားဖို့ ဆုံးဖြတ် ထားတာကြောင့် ကိုင်စီဒိုဟာ မကြာခင်မှာပဲ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမား ဖြစ်လာတော့မှာ ဖြစ်ကြောင်း ဖော်ပြ ထားခဲ့ပါတယ်။