ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း တစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် အသင်းဟာ သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် ပရီးမီးယားလိဂ်ရဲ့ ကွင်းလယ်လူတွေ ဖြစ်ကြတဲ့ ဂရီးလစ်ချ်နဲ့ မက်ဒီဆင်တို့ကို ခေါ်ယူဖို့အတွက် စောင့်ကြည့်နေတာဖြစ်ပြီး လက်ရှိမှာတော့ ယူနိုက်တက်အသင်းဟာ မက်ဒီဆင်ထက် ဂရီးလစ်ချ်ကိုသာ ခေါ်ယူဖို့ ပိုမိုဖြစ်နိုင်တော့မယ် လို့ သိရပါတယ်။

Photo Credit: Daily Express.com

ယူနိုက်တက်အသင်းဟာ ယခု ဇန်နဝါရီ အပြောင်းအရွှေ့မှာ စပို့တင်းအသင်းရဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူထားခဲ့ပေမယ့် လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ အသင်းရဲ့ ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ ပေါ့ဘာဟာ အသင်းပြောင်းနိုင်ချေရှိတဲ့ အနေအထားကြောင့် နောက်ထပ် ကွင်းလယ်လူတစ်ဦးကို ခေါ်ယူဖို့ စောင့်ကြည့်နေတာလည်း ဖြစ်ပါတယ်။

Photo Credit: Daily Express.com

ဘောလုံးကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက် အရတော့ ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ ကွင်းလယ်တိုက်စစ်ပိုင်းအတွက် လက်စတာ အသင်းရဲ့ မက်ဒီဆင်နဲ့ အက်စ်တွန်ဗီလာရဲ့ အသင်းခေါင်းဆောင် ဂရီးလစ်ချ်တို့ကို လေ့လာနေရာမှာ ဂရီးလစ်ချ်ကို ခေါ်ယူဖို့ဟာ ပိုမို ဖြစ်တန်ရာ ရှိကြောင်း သိရပါတယ်။ အကြောင်းကတော့ မက်ဒီဆင်ဟာ လက်စတာအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ နီးစပ်နေတာကြောင့်ပဲ ဖြစ်ပါတယ်။

Photo Credit: Daily Express.com

လက်စတာအသင်းနဲ့အတူ ဒီရာသီမှာ ခြေစွမ်းကောင်းတွေကို ထုတ်ပြထားနိုင်ခဲ့တဲ့ မက်ဒီဆင်ဟာ လက်စတာအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိဘောလုံးရာသီမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိဖို့ရှိနေတာကြောင့် မက်ဒီဆင်အနေနဲ့ စာချုပ်သစ်မှာ လက်မှတ်ရေးထိုးတော့မှာပါ။ ဂရီးလစ်ချ်အနေနဲ့ကတော့ ယူနိုက်တက်အသင်းရဲ့ အိုးထရက်ဖို့ဒ် ကွင်းမှာ ကစားချင်ကြောင်း အရိပ်အမြွက်ဖွင့်ဟထားသလို သူ့ရဲ့စာချုပ်ဖျက်သိမ်းကြေးဟာ ၄၅ သန်းသာ ရှိတာကြောင့် ယူနိုက်တက်အသင်းဟာ သူ့ကို ဝယ်ယူရာမှာ ပိုမိုပြီး အောင်မြင်နိုင်ဖို့ ရှိပါတယ်။