ပရီးမီးယားလိဂ်ရဲ့ ထိပ်သီး အသင်း တစ်သင်း ဖြစ်တဲ့ မန်ယူအသင်းကတော့ ပရီးမီးယားလိဂ် ပြိုင်ဘက် ဝုဗ်အသင်းရဲ့ မက္ကဆီကို တိုက်စစ်မှူး ရာအူးလ် ဂျီမီနက်စ်ကို ခေါ်ယူဖို့အတွက် အလွန် နီးစပ်တဲ့ အခြေအနေတစ်ခုမှာ ရှိနေတယ်လို့ သတင်းတွေအရ သိရပါတယ်။

Photo Credit: Express

မန်ယူအသင်း ဟာ လက်ရှိမှာ မာရှယ် ၊ ရက်ဖို့ဒ် ၊ ဂရင်းဝုဒ် ၊ အစ်ဟာလို စတဲ့ တိုက်စစ်မှူးလေးဦးကို ပိုင်ဆိုင် ထားပေမယ့် အစ်ဟာလိုဟာ ဇန်နဝါရီမှာ အငှားစာချုပ် ပြည့်မှာ ဖြစ်တာကြောင့် အသင်းကို စွန့်ခွာသွားမယ့် ကစားသမား ဖြစ်သလို အစ်ဟာလို ထွက်ခွာသွားပါက နံပါတ် ၉ နေရာမှာ ကစားတတ်တဲ့ ကစားသမားဟာ မာရှယ်တစ်ဦးတည်းသာ ကျန်ရှိတော့မှာ ဖြစ်တာကြောင့် အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ဂျီမီနက်ကို ခေါ်ယူဖို့ ကြိုးစားလာခဲ့တာပါ။

Photo Credit: Express

အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သတ်ပြီး ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ် တစ်ခု ဖြစ်တဲ့ ပေါ်တူဂီသတင်းဌာန RTP သတင်းဌာနရဲ့ အဆိုအရတော့ ဂျီမီနက်စ်ဟာ လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက် ကစားခွင့်ရဖို့ စိတ်အား ထက်သန်နေတဲ့ ကစားသမား ဖြစ်ပြီး ဝုဗ်အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပြီးတဲ့ အချိန်မှာတော့ ဝုဗ် ကနေ ထွက်ခွာကာ မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ လုပ်ဆောင်လာတာလို့ သိရပါတယ်။

Photo Credit: Express

အသက် ၂၈နှစ်အရွယ် ဂျီမီနက်စ်ဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး လက်ရှိရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၃၈ပွဲစလုံးကို ပါဝင် ကစားပေးထားပြီး ၁၇ဂိုး သွင်းယူထားကာ ၆ဂိုးအထိ ဖန်တီးပေးထားနိုင်သူပါ။

Photo Credit: Express

ဂျီမီနက်စ်နဲ့ မန်ယူအသင်းတို့ရဲ့ အပြောင်းအရွှေ့ သတင်းကို နောက်ထပ် ခိုင်လုံစေတဲ့ အကြောင်းအရာ တစ်ခုကတော့ ဝုဗ်အသင်းဟာ ဘရာဂါတိုက်စစ်မှူး ပေါ်လင်ဟိုကို ပြောင်းရွှေ့ကြေး ယူရို၃၀သန်းနဲ့ ခေါ်ယူနိုင်တော့မယ် ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ RTP သတင်းဌာနရဲ့ ဖော်ပြမှုအရ ဝုဗ်အသင်းဟာ ပေါ်လင်ဟိုကို ပြောင်းရွှေ့ကြေး ယူရို ၃၀သန်းနဲ့ ခေါ်ယူပြီးပါက ဂျီမီနက်စ်ကို မန်ယူအသင်းထံ ပြောင်းရွှေ့ခွင့် ပေးသွားမှာ ဖြစ်ကြောင်း သိထားရပါတယ်။

Photo Credit: Express

ဂျီမီနက်စ် အတွက် မန်ယူ အသင်းဟာ ပြောင်းရွှေ့ကြေး ယူရို၄၀သန်းဝန်းကျင် ပေးချေရနိုင်တယ် လို့ ဥရောပ အခြေစိုက် အပြောင်းအရွှေ့ သုံးသပ်သူတွေက သုံးသပ်ထားကြပြီး အင်္ဂလန် သတင်းစာအချို့ကလည်း မန်ယူအသင်းဟာ ဂျီမီနက်စ်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားပြီးပြီလို့ ဆိုထားကြပါတယ်။