MySport Myanmar

ဖလာမင်ဂို လူငယ်ကြယ်ပွင့် လော်ရန်ကို အပြိုင် စိတ်ဝင်စားနေတဲ့ မန်ယူနဲ့ ချယ်လ်ဆီး

ပရီးမီးယားလိဂ် နာမည်ကြီးကလပ်တွေ ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့က ဘရာဇီးလ်ကလပ် ဖလာမင်ဂိုရဲ့ လူငယ်ကြယ်ပွင့် လော်ရန်ကို ခေါ်ယူရန် အပြိုင် စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၁၇နှစ် အရွယ်သာ ရှိသေးတဲ့ ဘရာဇီးလ် ယူ-၁၇ လက်ရွေးစင် လော်ရန်က ကွင်းလယ်တိုက်စစ် ၊ နောက်ချန်တိုက်စစ်နဲ့ ဗဟိုကွင်းလယ် နေရာတွေမှာ ကစားတတ်တဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး သူက ဖလာမင်ဂိုရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာသူပါ။

Photo Credit: Globo

လော်ရန်က ဖလာမင်ဂို ယူ-၂၀အသင်း အတွက် ပြိုင်ပွဲစုံမှာ ၉ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၅ဂိုး အထိ သွင်းယူပေးနိုင်ခဲ့တာကြောင့် မကြာသေးမီကပဲ ဖလာမင်ဂို အသင်းကြီးဆီ ခေါ်ဆောင်ခံခဲ့ရသလို ဖလာမင်ဂိုနဲ့အတူ ခြေစွမ်းကောင်းတွေ ထုတ်ပြထားနိုင်ပါတယ်။

လော်ရန်က ဖလာမင်ဂိုအတွက် ၁၂၃မိနစ် ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုး သွင်းယူထားနိုင်ပြီး သူ့ရဲ့ အတိုးအလှုပ် ၊ ဖန်တီးနိုင်စွမ်းနဲ့ ဂိုးသွင်းစွမ်းရည်တို့ကြောင့် မကြာခင် ဘောလုံးဇာတ်ခုံပေါ်မှာ တောက်ပလာမယ့် လူငယ်ကြယ်ပွင့် အဖြစ် သတ်မှတ်ခံထားရပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့က လော်ရန်ကို စောင့်ကြည့်ဖို့ အတွက် ကင်းထောက်တွေ စေလွှတ်ထားကြပြီး နှစ်သင်းစလုံးက လော်ရန်ရဲ့ ခြေစွမ်းကို နှစ်ခြိုက်နေကြကြောင်း သိရပါတယ်။

လော်ရန်ရဲ့ အေးဂျင့်ကတော့ ဘရာဇီးလ်ကြယ်ပွင့်တွေ ဖြစ်တဲ့ ဗီနီစီးယပ်စ် ၊ ပါကွေတာ ၊ မာတီနယ်လီ ၊ အန်ဒရစ်တို့ရဲ့ အေးဂျင့်ဖြစ်တဲ့ JayZအေးဂျင့်ကုမ္ပဏီ ဖြစ်ပြီး ဖလာမင်ဂိုနဲ့ လော်ရန်တို့ရဲ့ ကြားထဲမှာ ချုပ်ဆိုထားတဲ့ လက်ရှိစာချုပ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ယူရို ၅၀သန်း တန်ကြေးရှိကြောင်းလည်း ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ်။

Exit mobile version