ယခု ဇန္နဝါရီလအေျပာင္းအေရႊ႕ကာလမွာ ပရိသတ္ စိတ္ဝင္စားမွု အမ်ားဆုံးအေျပာင္းအေရႊ႕ ေဆြးေႏြးမွုျဖစ္တဲ့ ယူနိုက္တက္အသင္းနဲ႔ စပို႔တင္းလစၥဘြန္း အသင္းရဲ့ အဓိက ကြင္းလယ္ ကစားသမား ဖာနန္ဒက္စ္တို႔ရဲ့ အေျပာင္းအေရႊ႕ ဟာ ေနာက္ဆုံးမွာေတာ့ ပ်က္ျပယ္သြားခဲ့ပါၿပီ။

Photo Credit: Daily Star.com

ယူနိုက္တက္အသင္းဟာ အသင္းရဲ့ ကြင္းလယ္ပိုင္းကို အားျဖည့္ဖို႔အတြက္ ဖာနန္ဒက္စ္ ကို ေခၚယူဖို႔ ကမ္းလွမ္းမွုေတြ အႀကိမ္ႀကိမ္ ျပဳလုပ္ခဲ့ေပမယ့္ စပို႔တင္းအသင္း ေတာင္းဆိုတဲ့ ေျပာင္းေရႊ႕ေၾကးနဲ႔ မကိုက္ညီတဲ့ အေနအထားေၾကာင့္ ႏွစ္သင္းၾကားမွာ အေျပာင္းအေရႊ႕ ေဆြးေႏြးမွုေတြဟာ ပ်က္ျပယ္သြားခဲ့ၿပီလို႔ အဂၤလန္ သတင္းမီဒီယာေတြေရာ ၊ ေပၚတူဂီသတင္းစာေတြကပါ တူညီစြာ ေဖာ္ျပခဲ့ၾကပါတယ္။

Photo Credit: Daily Star.com

ေပၚတူဂီလိဂ္ရဲ့ အေကာင္းဆုံး ကစားသမားဆုကို ႏွစ္ႏွစ္ဆက္တိုက္ ရယူထားနိုင္ခဲ့တဲ့ ကြင္းလယ္လူ ဖာနန္ဒက္စ္အတြက္ စပို႔တင္းအသင္း ဟာ ေျပာင္းေရႊ႕ေၾကးအျဖစ္ ယူရို၈၀သန္း အလိုရွိခဲ့တာျဖစ္ၿပီး ယူနိုက္တက္အသင္းဘက္က ကနဦးေျပာင္းေရႊ႕ေၾကး ယူရို ၅၀သန္း + အပိုဆုေၾကး ယူရို၂၀သန္း စုစုေပါင္း ယူရို၇၀သန္းနဲ႔သာ ကမ္းလွမ္းခဲ့တာေၾကာင့္ အေျပာင္းအေရႊ႕ဟာ ပ်က္ျပယ္ခဲ့ရတာပါ။

Photo Credit: Daily Star.com

လက္ရွိမွာေတာ့ စပို႔တင္းအသင္းဘက္က ဖာနန္ဒက္စ္ကို ရာသီကုန္မွသာ ထုတ္ေရာင္းဖို႔ ဆုံးျဖတ္ခဲ့ၿပီး သူတို႔ေတာင္းဆိုတဲ့ ေျပာင္းေရႊ႕ေၾကးကို ေပးေခ်နိုင္မယ့္ ဥေရာပအသင္းႀကီးေတြနဲ႔သာ ဖာနန္ဒက္စ္ရဲ့အေျပာင္းအေရႊ႕ကို ဆက္လက္ေဆြးေႏြးသြားမယ္လို႔ သိရပါတယ္။ ယူနိုက္တက္အသင္းကေတာ့ လက္က်န္ရက္ အနည္းငယ္မွာ အငွားကစားသမား ေခၚယူမွုကိုသာ ဆက္လက္လုပ္ေဆာင္သြားဖြယ္ ရွိလို႔ေနပတယ္။

ယခု ဇန်နဝါရီလအပြောင်းအရွှေ့ကာလမှာ ပရိသတ် စိတ်ဝင်စားမှု အများဆုံးအပြောင်းအရွှေ့ ဆွေးနွေးမှုဖြစ်တဲ့ ယူနိုက်တက်အသင်းနဲ့ စပို့တင်းလစ္စဘွန်း အသင်းရဲ့ အဓိက ကွင်းလယ် ကစားသမား ဖာနန်ဒက်စ်တို့ရဲ့ အပြောင်းအရွှေ့ ဟာ နောက်ဆုံးမှာတော့ ပျက်ပြယ်သွားခဲ့ပါပြီ။

Photo Credit: Daily Star.com

ယူနိုက်တက်အသင်းဟာ အသင်းရဲ့ ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့အတွက် ဖာနန်ဒက်စ် ကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပေမယ့် စပို့တင်းအသင်း တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးနဲ့ မကိုက်ညီတဲ့ အနေအထားကြောင့် နှစ်သင်းကြားမှာ အပြောင်းအရွှေ့ ဆွေးနွေးမှုတွေဟာ ပျက်ပြယ်သွားခဲ့ပြီလို့ အင်္ဂလန် သတင်းမီဒီယာတွေရော ၊ ပေါ်တူဂီသတင်းစာတွေကပါ တူညီစွာ ဖော်ပြခဲ့ကြပါတယ်။

Photo Credit: Daily Star.com

ပေါ်တူဂီလိဂ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို နှစ်နှစ်ဆက်တိုက် ရယူထားနိုင်ခဲ့တဲ့ ကွင်းလယ်လူ ဖာနန်ဒက်စ်အတွက် စပို့တင်းအသင်း ဟာ ပြောင်းရွှေ့ကြေးအဖြစ် ယူရို၈၀သန်း အလိုရှိခဲ့တာဖြစ်ပြီး ယူနိုက်တက်အသင်းဘက်က ကနဦးပြောင်းရွှေ့ကြေး ယူရို ၅၀သန်း + အပိုဆုကြေး ယူရို၂၀သန်း စုစုပေါင်း ယူရို၇၀သန်းနဲ့သာ ကမ်းလှမ်းခဲ့တာကြောင့် အပြောင်းအရွှေ့ဟာ ပျက်ပြယ်ခဲ့ရတာပါ။

Photo Credit: Daily Star.com

လက်ရှိမှာတော့ စပို့တင်းအသင်းဘက်က ဖာနန်ဒက်စ်ကို ရာသီကုန်မှသာ ထုတ်ရောင်းဖို့ ဆုံးဖြတ်ခဲ့ပြီး သူတို့တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေနိုင်မယ့် ဥရောပအသင်းကြီးတွေနဲ့သာ ဖာနန်ဒက်စ်ရဲ့အပြောင်းအရွှေ့ကို ဆက်လက်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ ယူနိုက်တက်အသင်းကတော့ လက်ကျန်ရက် အနည်းငယ်မှာ အငှားကစားသမား ခေါ်ယူမှုကိုသာ ဆက်လက်လုပ်ဆောင်သွားဖွယ် ရှိလို့နေပတယ်။