ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ ဂန္တဝင် ကွင်းလယ် ကစားသမား တစ်ဦးဖြစ်တဲ့ ပေါလ်စခိုးလ်ကတော့ လက်ရှိဘောလုံး ရာသီမှာ မန်ယူအသင်းဟာ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်တဲ့ အင်အားရှိကြောင်း သုံးသပ် ပြောဆို သွားခဲ့ပါတယ်။ မန်ယူအသင်းဟာ လက်ရှိ ချန်ပီယံလိဂ် ဘောလုံးရာသီမှာ မရဏအုပ်စုလို့ ပြောလို့ရတဲ့ အုပ်စုHထဲမှာ ကျရောက် နေခဲ့ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီ မှာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်တွေကို တက်ရောက် နိုင်ခဲ့ကြကာ လက်ရှိ ဘောလုံးရာသီ မှာလည်း အကောင်းဆုံး ခြေစွမ်းတွေကို ရရှိထားကြတဲ့ လစ်ဇက်အသင်းနဲ့ ပီအက်စ်ဂျီအသင်း တို့ကို အဖွင့်ပွဲ နှစ်ပွဲမှာ ရင်ဆိုင် ကစားခဲ့ရပေမယ့် နှစ်ပွဲစလုံးကို အနိုင်ယူနိုင်ခဲ့ပါတယ်။

Photo Credit: Metro

ဒါ့ကြောင့် လက်ရှိအချိန်မှာတော့ မန်ယူအသင်းဟာ အုပ်စုHရဲ့ အုပ်စုဗိုလ်ဖြစ်ဖို့ ရေပန်းစားလာပါတယ်။ ပေါလ်စခိုးလ် ကတော့ မန်ယူအသင်းရဲ့ ခြေစွမ်းပိုင်းကို အတော်လေး သဘောကျနေပြီး မန်ယူအသင်းဟာ လက်ရှိအချိန်မှာ မန်ယူအသင်းဟာ ဘိုင်ယန်မြူးနစ် အသင်းကလွဲရင် ကျန်တဲ့အသင်းတွေကို ယှဉ်ပြိုင်နိုင်တဲ့ အနေအထား ရှိနေကြောင်း ဆိုသွားပါတယ်။ ဒါ့အပြင် မန်ယူအသင်းဟာ လက်ရှိ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်တဲ့ အင်အားရှိကြောင်း သုံးသပ် သွားပါတယ်။ မန်ယူအသင်းရဲ့ ချန်ပီယံလိဂ် ဖလားကို ရယူနိုင်တဲ့ အခွင့်အရေးနဲ့ ပတ်သတ်ပြီး စခိုးလ်က –

Photo Credit: Metro

“ဒါပေါ့။ ကျွန်တော် ဒီစကားကို ကျွန်တော် အမြဲတမ်း ပြောခဲ့ဖူးပါတယ်။(မန်ယူအသင်းဟာ ချန်ပီယံလိဂ် ဖလားကို ရယူနိုင်စွမ်း ရှိတဲ့ အကြောင်း) လက်ရှိ ဥရောပ တစ်ဝှမ်းမှာ တကယ့်ကို ထူးခြားပြီး အရည်အသွေး ကောင်းတဲ့ အသင်းတွေ များများစားစား ရှိတယ်လို့ ကျွန်တော် မထင်ပါဘူး။ လက်ရှိမှာ ဘိုင်ယန်မြူးနစ် အသင်းကတော့ တကယ်ကို ကောင်းနေပါတယ်။ ဒါပေမယ့် ကျန်တဲ့ အသင်းတွေကတော့ တစ်သင်းထက် တစ်သင်း အများကြီး မသာလှပါဘူး။ ဒါ့ကြောင့် မန်ယူအသင်းက ချန်ပီယံလိဂ်ဖလား ရယူနိုင်ဖို့ ဘာ့ကြောင့် မဖြစ်နိုင်ရမှာလဲဗျာ” လို့ သုံးသပ် ပြောကြား သွားခဲ့ပါတယ်။