မန်ချက်စတာယူနိုက်တက်အသင်းကတော့ နွေစျေးကွက်အတွင်းမှာ ဂိုးသမား တွမ်ဟီတန် နောက်ခံလူ ရာဖယ်ဗာရန်း တောင်ပံကစားသမား ဂျေဒန်ဆန်ချိုတို့ကို ခေါ်ယူအားဖြည့်ခဲ့သလို တကယ့်ကို အကြီးမားဆုံး အပြောင်းအရွှေ့တစ်ခုအဖြစ် ကစားသမားဟောင်း ခရစ္စတီယာနိုရော်နယ်လ်ဒိုကိုပါ ခေါ်ယူထားခဲ့တာကြောင့် အသင်းရဲ့လူအင်အားက ပိုမိုတောင့်တင်းလာခဲ့ရသလို စျေးကွက်အတွင်းမှာ ခေါ်ယူထားတဲ့ ကစားသမားတွေနဲ့ ဘယ်လိုပုံစံနဲ့ လူစာရင်းကို ဆောက်တည်သွားမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းလာခဲ့ရပါတယ်။

Photo Credit : The Sun

နွေစျေးကွက်အပြီးမှာ ယူနိုက်တက်အသင်းရဲ့ ဖြစ်နိုင်ခြေအရှိဆုံး လူစာရင်းဆိုရင်တော့ ၄-၂-၃-၁ ကစားကွက်ပေါ်မှာ အခြေခံပြီး ဂိုးသမားနေရာမှာ ဒေးဗစ်ဒီဂီယာ နောက်ခံလူ(၄)ယောက်တန်းမှာ ဘယ်ခြမ်းက လုခ်ရှော ညာခြမ်း အာရွန်ဝမ်ဘစ်ဆာခါ ဗဟိုနောက်ခံနေရာအတွက် အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွိုင်းယားနဲ့ ကစားသမားသစ် ရာဖယ်ဗာရန်း ကွင်းလယ်လူ(၂)ဦးနေရာမှာ မက်တွမ်မီနေးနဲ့ ပေါလ်ပေါ့ဘာ ကွင်းလယ်တိုက်စစ်နေရာမှာ ဘရူနိုဖာနန်ဒက်စ် ဘယ်တောင်ပံမှာ မေဆန်ဂရင်းဝုဒ် ညာတောင်ပံဘက်မှာ ဂျေဒန်ဆန်ချိုနဲ့ အထောင်တိုက်စစ်နေရာမှာ ခရစ္စတီယာနိုရော်နယ်လ်ဒိုတို့ကို ခင်းကျင်းလာနိုင်ပါတယ်။

Photo Credit : The Sun

ဒီကစားကွက်ကိုပဲ အရန်ကစားသမားတွေနဲ့ အစားထိုးမယ်ဆိုရင်လည်း ဂိုးသမားနေရာမှာ ဒင်းဟန်ဒါဆန် ဘယ်ခြမ်းခံစစ်မှာ တဲလက်စ် ညာခြမ်းမှာ ဒါလော့ ဗဟိုခံစစ်မှာ ဗစ်တာလင်ဒီလော့နဲ့ အဲရစ်ဘိုင်လီ ကွင်းလယ်ပိုင်းမှာ နီမန်ဂျာမာတစ်နဲ့ ဖရက် ဘယ်တောင်ပံမှာ အန်တိုနီမာစီယဲလ် ညာတောင်ပံမှာ မားကပ်စ်ရပ်ရှ်ဖိုဒ့် ကွင်းလယ်တိုက်စစ်ပိုင်းမှာ ဒွန်နီဗန်ဒယ်ဘိခ်ထက် ဂျက်ဆီလင်ဂတ်ကိုသာ ဦးစားပေးနိုင်ပြီး တိုက်စစ်ပိုင်းမှာတော့ အက်ဒီဆင်ကာဗာနီကို အသုံးပြုလာနိုင်ပါတယ်။ မနေ့ကပဲ အသင်းနဲ့အတူ လေ့ကျင့်ခန်းတွေ ဆင်းနေပြီဖြစ်တဲ့ ရော်နယ်လ်ဒိုကတော့ နယူးကာဆဲလ်နဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာပဲ ပွဲထွက်လာရဖွယ် ရှိနေပြီး ပွဲတိုင်းနီးပါး ပါဝင်ကစားရမယ့် ကျေနပ်တတ်တဲ့ ရော်နယ်လ်ဒိုကိုတော့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားအနေနဲ့ ပွဲတိုင်းမှာ ထည့်သွင်းရနိုင်ပါတယ်။ ဒါပေမယ့် အသင်းရဲ့ နယ်သာလန် ကွင်းလယ်လူ ဗန်ဒယ်ဘိခ်အတွက်တော့ အသင်းမှာ နေရာပျောက်ဖို့က သေချာသလောက် ရှိနေရပြီး ဆောင်းစျေးကွက်အတွင်းမှာပဲ အသင်းကနေ ထွက်ခွာသွားရနိုင်ပါတယ်။