မန်ချက်စတာယူနိုက်က်တက်အသင်း နည်းပြ အဲရစ်တန်ဟက်ဂ်က သူအပါအဝင် သူရဲ့ ကစားသမားတွေအားလုံးဟာ အိုးထရက်ဖို့ဒ်ကွင်းထဲမှာ ဘာစီလိုနအသင်းနဲ့ ရင်ဆိုင်သွားဖို့အတွက် အရမ်းကို စိတ်လှုပ်ရှားနေတယ်လို့ ကြုံးဝါး ပြောဆိုလိုက်ပါတယ်။

Barcelona 2-2 Manchester United: Player Ratings

Photo Credit : Barca News Network

နူးကမ့်မှာ ကစားထားခဲ့တဲ့ ယူရိုပါလိဂ် ပလေးအော့ ပထမအကျော့ ပွဲစဉ်အတွင်း တစ်ဖက်ကို (၂)ဂိုးစီသရေ ဖြစ်ထားခဲ့တဲ့ ဘာစီလိုနာ နဲ့ မန်ယူနိုက်တက်တို့ဟာ ဒီနေ့မှာပဲ အိုးထရက်ဖို့ဒ်ကွင်းအတွင်း ဒုတိယအကျော့ပွဲစဉ်ကို ဆက်လက် ဆင်နွဲရမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်နဲ့ ပတ်သတ်ပြီး ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က “ကျွန်တော်တို့တွေ ငယ်စဉ်ကတည်းက ပွဲကြီးပွဲကောင်းတွေမှာ ပါဝင်ကစားဖို့ အိမ်မက် မက်ခဲ့ရဖူးပါတယ်။ အခု ကျွန်တော်တို့က ဒီလို နေရာကို ရောက်နေပါပြီ။ အခု ဖေဖော်ဝါရီပဲ ရှိသေးပေမဲ့ ကျွန်တော်တို့မှာ ပွဲကြီးပွဲကောင်းတွေပါ ရှိနေပါပြီ။ ကျွန်တော်တို့အားလုံး စိတ်လှုပ်ရှားနေကြပြီး အကောင်းဆုံးတွေ ဖြစ်လာအောင် ကြိုးစားသွားမှာပါ” လို့ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

ဒါ့အပြင် မန်ယူနိုက်တက် နည်းပြဟောင်းကြီး ဆာအဲလက်စ်ဖာဂူဆန်နဲ့အတူ ညစာစားဖြစ်ခဲ့ကြောင်းကိုလည်း တန်ဟက်ဂ်က “ သူရဲ့ပံ့ပိုးကူညီမှုက ကြီးမားပါတယ်။ ဗဟုသုတနဲ့ အတွေ့အကြုံတွေ ကြွယ်ဝလွန်းတဲ့ သူတွေနဲ့ စကားပြောရတာကို နှစ်သက်ပါတယ်။ သူက ဒါတွေကို ဝေမျှချင်တယ်။ သူက ကူညီပံ့ပိုးချင်တယ်။ မန်ချက်စတာယူနိုက်တက်က သူရဲ့ကလပ် သူရဲ့အရေးပါတဲ့ အရာလို့ ခံယူထားတယ်။ သူက ကျွန်တော်တို့ကိုလည်း အောင်မြင်စေချင်တယ်။ အရမ်းကို ကောင်းမွန်တဲ့ ညတစ်ညပါပဲ” လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sky Sports

နည်းပြတန်ဟက်ဂ်ဟာ ဒီနှစ်ဘောလုံးရာသီမှ အေဂျက်စ်ကနေ မန်ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းကို အကောင်းဆုံးပုံစံ ရရှိအောင် ကိုင်တွယ်ထားနိုင်ခဲ့သလို လက်ရှိ ပွဲပေါင်း (၃၈)ပွဲ ကိုင်တွယ်ထားပြီးချိန်ထိ နိုင်ပွဲရာခိုင်နှုန်း (၇၁.၁)%အထိ စွမ်းဆောင်ထားခဲ့ပါတယ်။