ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး တဦး ဖြစ်သူ ခရစ္စတီယာနို ရိုနယ်ဒိုဟာ လာမယ့် ဆောင်းဈေးကွက်မှာ အသင်းကနေ ထွက်ခွာမယ်လို့ ယုံကြည်ထားကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ပလက်တန်ဘက်က အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုဟာ ပြီးခဲ့တဲ့ နွေဈေးကွက်မှာထဲက မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာဖို့ ကြိုးစားခဲ့သူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က သူ့ကို ရောင်းချဖို့ ငြင်းဆန်ခဲ့တာကြောင့်သာ ယူနိုက်တက်မှာ ဆက်လက် ရှိနေခဲ့တာပါ။

Photo Credit: Mirror

ရိုနယ်ဒိုက မန်ချက်စတာ ယူနိုက်တက်မှာ ဆက်လက် ရှိနေခဲ့ပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်ကတော့ အတော်လေးကို ကျဆင်းသွားခဲ့ပြီး ရိုနယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက် အတွက် ယခုနှစ် ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၁၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုးသာ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၂ကြိမ်ပဲ ရရှိထားပါတယ်။

ဒါကြောင့် မန်ချက်စတာ ယူနိုက်တက် ဘုတ်အဖွဲ့က ခြေစွမ်းကျလာတဲ့ ရိုနယ်ဒိုကို အသင်းပြောင်းခွင့် ပေးဖို့ ဆုံးဖြတ်လိုက်ပြီး လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက် အတွင်းမှာ ရိုနယ်ဒိုကို ရောင်းချကာ သူ့ရဲ့ နေရာကို အစားဝင်နိုင်မယ့် တိုက်စစ်မှူး တဦး ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

Photo Credit: Mirror

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ပလက်တန်ဘက်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ရိုနယ်ဒိုဟာ လာမယ့် ဇန်နဝါရီဈေးကွက် အတွင်းမှာ သူတို့အသင်းကို စွန့်ခွာလိမ့်မယ်လို့ ယုံကြည်နေပြီး ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ရိုနယ်ဒိုရဲ့ နေရာကို အစားဝင်နိုင်မယ့် တိုက်စစ်မှူး တဦး ရှာဖွေနေသလို ရိုနယ်ဒိုကလည်း အသင်းဟောင်း စပို့တင်းဆီ ပြန်လည် ပြောင်းရွှေ့ဖို့ စဉ်းစားနေကြောင်း သိရပါတယ်။