မနေ့ညကတော့ ခါရာဘောင်းလိဂ်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ် ဒုတိယအကျော့ ပထမပွဲစဉ်အဖြစ် အက်စတွန်ဗီလာနဲ့ လက်စတာအသင်းတို့ ယှဉ်ပြိုင်ကစားသွားခဲ့ကြပြီး ဗီလာက ၂ဂိုး၁ဂိုးနဲ့ အနိုင်ရကာ ဖိုင်နယ်ကို တတ်ရောက်သွားခဲ့သလို ဒီနေ့ညမှာလည်း မန်စီးတီးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့က လိဂ်ဖလားဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို ဆက်လက်ယှဉ်ပြိုင်ကစားစေပြီး ယူနိုက်တက်က ၁ဂိုး ဂိုးမရှိနဲ့သာ အနိုင်ရခဲ့လို့ ၂ကျော့ပေါင်းရလဒ် ၃ဂိုး၂ဂိုးနဲ့ မန်စီးတီးပဲ လိဂ်ဖလားဖိုင်နယ်ကို တတ်လှမ်းသွားခဲ့ပါတယ်။

Photo Credit : Getty Images

ပထမအကျော့ အိုးထရက်ဖိုဒ့်မှာ ကစားခဲ့စဉ်တုန်းက ၁ဂိုး၃ဂိုးနဲ့ အနိုင်ယူထားခဲ့တဲ့ မန်စီးတီးက အခု အယ်တီဟတ်မှာ ကစားရတဲ့ပွဲစဉ်အတွင်း ၄-၃-၃ ကစားကွက်နဲ့သာ ပွဲထွက်လာခဲ့ပြီး အဂူရို စတာလင်း မာရက်ဇ် ဂန်ဒိုဂန် ဒေးဗစ်ဆေးဗား ဒီဘရိုင်း ကန်ဆယ်လို ရိုဒရီ အော်တာမန်ဒီ ဝေါ်ကာ ဘရာဗိုတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဒီပွဲမှာ ဂိုးပြတ်နိုင်ပွဲတစ်ပွဲကို အရယူသွားဖို့ လိုအပ်နေတဲ့ ယူနိုက်တက်အသင်းကတော့ ၃-၄-၁-၂ ပုံစံနဲ့ ပွဲထွက်လာခဲ့ပြီး မာစီယဲလ် ဂရင်းဝုဒ် လင်ဂတ် ဘစ်ခါဆာ မာတစ် ဖရက်ဒ် ဝီလီယံစ် လုခ်ရှော မက်ဂွိုင်းယား လင်ဒီလော့နဲ့ ဒီဂီယာတို့ကို အသုံးပြုလာခဲ့ပါတယ်။ ဒီပွဲရဲ့ ပထမပိုင်း ပွဲကစားချိန်တော်တော်များများမှာ လူစုံနီးပါး ပါဝင်လာတဲ့ မန်စီးတီးအသင်းက ယူနိုက်တက်ခံစစ်ကို အကြိမ်ကြိမ်ဒုက္ခပေးနိုင်ခဲ့ပြီး ဒီဂီယာရဲ့ကာကွယ်မှုတွေ ကောင်းမွန်ခဲ့လို့သာ ဂိုးစောစောမပေးခဲ့ရတာဖြစ်ပါတယ်။ ကောင်တာတွေနဲ့ပဲ မန်စီးတီးဘက်ကို ပြန်လည်ထိုးဖောက်ဖို့ ပြင်ဆင်ထားတဲ့ ယူနိုက်တက်အသင်းကတော့ ၃၅မိနစ်အရောက်မှသာ ဂိုးကန်ချက်စရခဲ့တာဖြစ်တာ အဲ့ဒီကန်ချက်ကနေပဲ ဂိုးစရရှိခဲ့တာဖြစ်ပါတယ်။ ဒီဂိုးကိုတော့ ကွင်းလယ်လူမာတစ်က သွင်းယူခဲ့တာဖြစ်ပါတယ်။ ၄၂မိနစ်မှာ အကောင်းဆုံးအချိတ်အဆက်ကနေ မန်စီးတီးတို့ ချေပဂိုးပြန်လည်ပိုင်ဆိုင်ခဲ့ပေမယ့်လည်း ဂိုးသွင်းယူခဲ့တဲ့ စတာလင်းက လူကျွံနေတာဖြစ်လို့ ဂိုးကိုပယ်ဖျက်ခဲ့ပါတယ်။

Photo Credit : Getty Images

ပထမပိုင်းမှာ သွင်းဂိုးပိုင်ဆိုင်ခဲ့လို့ ဒုတိယပိုင်းမှာလည်း နောက်ထပ်ဂိုးတွေ ထပ်မံသွင်းယူနိုင်ဖို့အတွက် ယူနိုက်တက်အသင်းက ဂရင်းဝုဒ်ရဲ့နေရာမှာ ဒင်နီရယ်ဂျိမ်းစ်ကို လူစားလဲလာခဲ့ပါတယ်။ ဒါပေမယ့်လည် တကယ်တမ်း ပွဲကိုစိုးမိုးနိုင်တာက မန်စီးတီးအသင်းသာဖြစ်ပြီး လုံးဝကို စိတ်ချသေချာရမယ့် သွင်းဂိုးတစ်ဂိုးလောက်ကို ပိုင်ဆိုင်နိုင်ဖို့အတွက် အသည်းအသန်းကြိုးပမ်းခဲ့ပြီး ၅၈မိနစ်မှာ စတာလင်း ချေပဂိုးရဖို့ အခွင့်အရေးရခဲ့ပေမယ့် ကန်ချက်က အရှိန်များနေတာကြောင့် ဂိုးလွန်ဘောပဲ ဖြစ်ခဲ့ရပါတယ်။ မန်စီးတီးရဲ့အလုံးအရင်းလိုက် တိုက်စစ်ဆင်မှုတွေကြောင့် ယူနိုက်တက်အသင်းက ခံစစ်မှာသာ အချိန်ကုန်နေရပြီး ရ၆မိနစ်မှာလည်း မာတစ်က ၂ဝါ၁နီနဲ့ အထုတ်ပယ်ခံလိုက်ရတာကြောင့် ကစားသမားတစ်ယောက်ပါ လျော့နည်းသွားခဲ့ရပါတယ်။ ကစားသမားတစ်ယောက်သာသွားခဲ့တဲ့ မန်စီးတီးအသင်းကတော့ ထိုးဖောက်မှုတွေကို ပိုမိုပြုလုပ်လာခဲ့ပြီး ၈၅မိနစ်မှာ အဂူရို ဂိုးရယူခဲ့ပေမယ့်လည်း လူကျွံနေပြန်ပါတယ်။ ပွဲပြီးခါနီးမှာ ယူနိုက်တက်က ဧရိယာနားမှာ ဖရီးကစ်ကန်ခွင့်ရခဲ့ပေမာ့် ဖရက်ဒ်ကန်ရာမှာ လူထိခဲ့သလို ဆက်လက်ပြီးတာ့ ဂိုးပေါက်မခြိမ်းခြောက်နိုင်တော့တာကြောင့် မန်စီးတီးကပဲ ၂ကျော့ပေါင်းရလဒ်အသာနဲ့ ဖိုင်နယ်ကို ထပ်မံတတ်ရောက်ခဲ့ရပါတယ်။

(Zawgyi)

မန္စီတီးကုိ ႏုိင္ပြဲရခဲ႔ေပမယ့္ လိဂ္ဖလားဖုိင္နယ္နဲ႔ေတာ့ လြဲေခ်ာ္ခဲ႔ရတဲ႔ ယူႏုိက္တက္

မေန႔ညကေတာ့ ခါရာေဘာင္းလိဂ္ဖလား ဆီမီးဖုိင္နယ္ပြဲစဥ္ ဒုတိယအေက်ာ့ ပထမပြဲစဥ္အျဖစ္ အက္စတြန္ဗီလာနဲ႔ လက္စတာအသင္းတုိ႔ ယွဥ္ၿပိဳင္ကစားသြားခဲ႔ၾကၿပီး ဗီလာက ၂ဂုိး၁ဂုိးနဲ႔ အႏုိင္ရကာ ဖုိင္နယ္ကုိ တတ္ေရာက္သြားခဲ့သလုိ ဒီေန႔ညမွာလည္း မန္စီးတီးနဲ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းတုိ႔က လိဂ္ဖလားဆီမီးဖုိင္နယ္ ဒုတိယအေက်ာ့ပြဲစဥ္ကုိ ဆက္လက္ယွဥ္ၿပိဳင္ကစားေစၿပီး ယူႏုိက္တက္က ၁ဂုိး ဂုိးမရွိနဲ႔သာ အႏုိင္ရခဲ႔လုိ႔ ၂ေက်ာ့ေပါင္းရလဒ္ ၃ဂုိး၂ဂုိးနဲ႔ မန္စီးတီးပဲ လိဂ္ဖလားဖုိင္နယ္ကုိ တတ္လွမ္းသြားခဲ႔ပါတယ္။

Photo Credit : Getty Images

ပထမအေက်ာ့ အုိးထရက္ဖုိဒ့္မွာ ကစားခဲ႔စဥ္တုန္းက ၁ဂုိး၃ဂုိးနဲ႔ အႏိုင္ယူထားခဲ့တဲ႔ မန္စီးတီးက အခု အယ္တီဟတ္မွာ ကစားရတဲ႔ပြဲစဥ္အတြင္း ၄-၃-၃ ကစားကြက္နဲ႔သာ ပြဲထြက္လာခဲ႔ၿပီး အဂူရုိ စတာလင္း မာရက္ဇ္ ဂန္ဒုိဂန္ ေဒးဗစ္ေဆးဗား ဒီဘရုိင္း ကန္ဆယ္လုိ ရုိဒရီ ေအာ္တာမန္ဒီ ေဝၚကာ ဘရာဗုိတုိ႔နဲ႔ ပြဲထြက္လာခဲ႔ပါတယ္။ ဒီပြဲမွာ ဂုိးျပတ္ႏုိင္ပြဲတစ္ပြဲကုိ အရယူသြားဖုိ႔ လုိအပ္ေနတဲ႔ ယူႏုိက္တက္အသင္းကေတာ့ ၃-၄-၁-၂ ပုံစံနဲ႔ ပြဲထြက္လာခဲ႔ၿပီး မာစီယဲလ္ ဂရင္းဝုဒ္ လင္ဂတ္ ဘစ္ခါဆာ မာတစ္ ဖရက္ဒ္ ဝီလီယံစ္ လုခ္ေရွာ မက္ဂြိဳင္းယား လင္ဒီေလာ့နဲ႔ ဒီဂီယာတုိ႔ကုိ အသုံးျပဳလာခဲ႔ပါတယ္။ ဒီပြဲရဲ႕ ပထမပုိင္း ပြဲကစားခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ လူစုံနီးပါး ပါဝင္လာတဲ႔ မန္စီးတီးအသင္းက ယူႏုိက္တက္ခံစစ္ကုိ အႀကိမ္ႀကိမ္ဒုကၡေပးႏုိင္ခဲ႔ၿပီး ဒီဂီယာရဲ႕ကာကြယ္မႈေတြ ေကာင္းမြန္ခဲ႔လုိ႔သာ ဂုိးေစာေစာမေပးခဲ႔ရတာျဖစ္ပါတယ္။ ေကာင္တာေတြနဲ႔ပဲ မန္စီးတီးဘက္ကုိ ျပန္လည္ထုိးေဖာက္ဖုိ႔ ျပင္ဆင္ထားတဲ႔ ယူႏုိက္တက္အသင္းကေတာ့ ၃၅မိနစ္အေရာက္မွသာ  ဂုိးကန္ခ်က္စရခဲ႔တာျဖစ္တာ အဲ႔ဒီကန္ခ်က္ကေနပဲ ဂုိးစရရွိခဲ႔တာျဖစ္ပါတယ္။ ဒီဂုိးကုိေတာ့ ကြင္းလယ္လူမာတစ္က သြင္းယူခဲ႔တာျဖစ္ပါတယ္။ ၄၂မိနစ္မွာ အေကာင္းဆုံးအခ်ိတ္အဆက္ကေန မန္စီးတီးတုိ႔ ေခ်ပဂုိးျပန္လည္ပုိင္ဆုိင္ခဲ႔ေပမယ့္လည္း ဂုိးသြင္းယူခဲ႔တဲ႔ စတာလင္းက လူကြ်ံေနတာျဖစ္လုိ႔ ဂုိးကုိပယ္ဖ်က္ခဲ႔ပါတယ္။

Photo Credit : Getty Images

ပထမပုိင္းမွာ သြင္းဂုိးပုိင္ဆုိင္ခဲ့လုိ႔ ဒုတိယပုိင္းမွာလည္း ေနာက္ထပ္ဂုိးေတြ ထပ္မံသြင္းယူႏုိင္ဖုိ႔အတြက္ ယူႏုိက္တက္အသင္းက ဂရင္းဝုဒ္ရဲ႕ေနရာမွာ ဒင္နီရယ္ဂ်ိမ္းစ္ကုိ လူစားလဲလာခဲ႔ပါတယ္။ ဒါေပမယ့္လည္ တကယ္တမ္း ပြဲကိုစုိးမုိးႏုိင္တာက မန္စီးတီးအသင္းသာျဖစ္ၿပီး လုံးဝကုိ စိတ္ခ်ေသခ်ာရမယ့္ သြင္းဂုိးတစ္ဂုိးေလာက္ကုိ ပုိင္ဆုိင္ႏုိင္ဖုိ႔အတြက္ အသည္းအသန္းႀကိဳးပမ္းခဲ႔ၿပီး ၅၈မိနစ္မွာ စတာလင္း ေခ်ပဂုိးရဖုိ႔ အခြင့္အေရးရခဲ႔ေပမယ့္ ကန္ခ်က္က အရွိန္မ်ားေနတာေၾကာင့္ ဂုိးလြန္ေဘာပဲ ျဖစ္ခဲ႔ရပါတယ္။ မန္စီးတီးရဲ႕အလုံးအရင္းလုိက္ တုိက္စစ္ဆင္မႈေတြေၾကာင့္ ယူႏုိက္တက္အသင္းက ခံစစ္မွာသာ အခ်ိန္ကုန္ေနရၿပီး ၇၆မိနစ္မွာလည္း မာတစ္က ၂ဝါ၁နီနဲ႔ အထုတ္ပယ္ခံလုိက္ရတာေၾကာင့္ ကစားသမားတစ္ေယာက္ပါ ေလ်ာ့နည္းသြားခဲ႔ရပါတယ္။ ကစားသမားတစ္ေယာက္သာသြားခဲ့တဲ႔ မန္စီးတီးအသင္းကေတာ့ ထုိးေဖာက္မႈေတြကုိ ပုိမုိျပဳလုပ္လာခဲ႔ၿပီး ၈၅မိနစ္မွာ အဂူရုိ ဂုိးရယူခဲ့ေပမယ့္လည္း လူကြ်ံေနျပန္ပါတယ္။ ပြဲၿပီးခါနီးမွာ ယူႏုိက္တက္က ဧရိယာနားမွာ ဖရီးကစ္ကန္ခြင့္ရခဲ႔ေပမာ့္ ဖရက္ဒ္ကန္ရာမွာ လူထိခဲ့သလို ဆက္လက္ၿပီးတာ့ ဂုိးေပါက္မၿခိမ္းေျခာက္ႏုိင္ေတာ့တာေၾကာင့္ မန္စီးတီးကပဲ ၂ေက်ာ့ေပါင္းရလဒ္အသာနဲ႔ ဖုိင္နယ္ကုိ ထပ္မံတတ္ေရာက္ခဲ႔ရပါတယ္။