ပရီးမီးယားလိဂ္ရဲ့ နာမည္ႀကီးအသင္းျဖစ္တဲ့ မန္ခ်က္စတာယူနိုက္တက္အသင္းကေတာ့ ယခု ဇန္နဝါရီအေျပာင္းအေရႊ႕ေစ်းကြက္မွာ ထဲထဲ ဝင္ဝင္ လွုပ္ရွားေနၿပီး အသင္းကို တတ္နိုင္သမၽွ အင္အားျဖည့္တင္းဖို႔ လုပ္ေဆာင္ေနပါတယ္။ ယေန႔မနက္မွာ ထြက္ေပၚလာတဲ့ သတင္းေတြအရ ယူနိုက္တက္အသင္းဟာ ခ်န္ပီယံရွစ္ အသင္းတစ္သင္းျဖစ္တဲ့ ဘာမင္ဂမ္အသင္းရဲ့ လူငယ္ကြင္းလယ္လူ ဘယ္လင္ဟမ္ကို ေခၚယူဖို႔အတြက္ ကမ္းလွမ္းထားတယ္လို႔ သိရပါတယ္။

Photo Credit: Daily Express.com

အဂၤလန္နာမည္ႀကီး သတင္းဌာနျဖစ္တဲ့ Sky Sportsရဲ့ ေဖာ္ျပခ်က္အရ ယူနိုက္တက္အသင္းဟာ ဘယ္လင္ဟမ္ကို ေခၚယူဖို႔အတြက္ ေပါင္ ၃၀သန္းနဲ႔ ကမ္းလွမ္းထားေၾကာင္း ေဖာ္ျပလာတာပဲ ျဖစ္ပါတယ္။ ဘယ္လင္ဟမ္ဟာ အသက္ ၁၆ႏွစ္အရြယ္သာ ရွိေသးေပမယ့္ လက္ရွိ ေဘာလုံးရာသီမွာ ဘာမင္ဂမ္အသင္းရဲ့ အဓိက ကြင္းလယ္လူျဖစ္ၿပီး သြင္းဂိုး ၄ဂိုးအထိ သြင္းယူေပးထားနိုင္သူပါ။

Photo Credit: Daily Express.com

၁၆ႏွစ္အရြယ္ ဘယ္လင္ဟမ္ဟာ ဘာမင္ဂမ္ အသင္းရဲ့ လူငယ္အသင္းကေန အသင္းႀကီးထံ လက္ရွိရာသီမွ ေရာက္ရွိလာခဲ့သူျဖစ္ၿပီး ယခုႏွစ္ ေဘာလုံးရာသီမွာ အသင္းအတြက္ ခ်န္ပီယံရွစ္ ပြဲစဥ္ေပါင္း ၂၅ပြဲအထိ ကစားခြင့္ရရွိထားသူ ျဖစ္ေပမယ့္ လစာပိုင္းမွာေတာ့ တစ္ပတ္လုပ္ခ ၁၂၅ေပါင္သာ ရရွိသူ ျဖစ္ပါတယ္။

Photo Credit: Daily Express.com

ထြက္ေပၚလာတဲ့ သတင္းေတြအရေတာ့ ဘာမင္ဂမ္အသင္းဟာ ဘယ္လင္ဟမ္ကို လက္ရွိ ဇန္နဝါရီအေျပာင္းအေရႊ႕မွာပဲ ေရာင္းခ်လိုေနၿပီး ယူနိုက္တက္ဘက္ကေန ရာသီဝက္ အငွားစာခ်ဳပ္နဲ႔ ဘယ္လင္ဟမ္ကို ရာသီကုန္အထိ အသင္းမွာ အငွားခ်ေပးဖို႔ပါ ေဆြးေႏြးထားေၾကာင္း သိထားရပါတယ္။

ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကတော့ ယခု ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ ထဲထဲ ဝင်ဝင် လှုပ်ရှားနေပြီး အသင်းကို တတ်နိုင်သမျှ အင်အားဖြည့်တင်းဖို့ လုပ်ဆောင်နေပါတယ်။ ယနေ့မနက်မှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ယူနိုက်တက်အသင်းဟာ ချန်ပီယံရှစ် အသင်းတစ်သင်းဖြစ်တဲ့ ဘာမင်ဂမ်အသင်းရဲ့ လူငယ်ကွင်းလယ်လူ ဘယ်လင်ဟမ်ကို ခေါ်ယူဖို့အတွက် ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

Photo Credit: Daily Express.com

အင်္ဂလန်နာမည်ကြီး သတင်းဌာနဖြစ်တဲ့ Sky Sportsရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ ဘယ်လင်ဟမ်ကို ခေါ်ယူဖို့အတွက် ပေါင် ၃၀သန်းနဲ့ ကမ်းလှမ်းထားကြောင်း ဖော်ပြလာတာပဲ ဖြစ်ပါတယ်။ ဘယ်လင်ဟမ်ဟာ အသက် ၁၆နှစ်အရွယ်သာ ရှိသေးပေမယ့် လက်ရှိ ဘောလုံးရာသီမှာ ဘာမင်ဂမ်အသင်းရဲ့ အဓိက ကွင်းလယ်လူဖြစ်ပြီး သွင်းဂိုး ၄ဂိုးအထိ သွင်းယူပေးထားနိုင်သူပါ။

Photo Credit: Daily Express.com

၁၆နှစ်အရွယ် ဘယ်လင်ဟမ်ဟာ ဘာမင်ဂမ် အသင်းရဲ့ လူငယ်အသင်းကနေ အသင်းကြီးထံ လက်ရှိရာသီမှ ရောက်ရှိလာခဲ့သူဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ အသင်းအတွက် ချန်ပီယံရှစ် ပွဲစဉ်ပေါင်း ၂၅ပွဲအထိ ကစားခွင့်ရရှိထားသူ ဖြစ်ပေမယ့် လစာပိုင်းမှာတော့ တစ်ပတ်လုပ်ခ ၁၂၅ပေါင်သာ ရရှိသူ ဖြစ်ပါတယ်။

Photo Credit: Daily Express.com

ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ဘာမင်ဂမ်အသင်းဟာ ဘယ်လင်ဟမ်ကို လက်ရှိ ဇန်နဝါရီအပြောင်းအရွှေ့မှာပဲ ရောင်းချလိုနေပြီး ယူနိုက်တက်ဘက်ကနေ ရာသီဝက် အငှားစာချုပ်နဲ့ ဘယ်လင်ဟမ်ကို ရာသီကုန်အထိ အသင်းမှာ အငှားချပေးဖို့ပါ ဆွေးနွေးထားကြောင်း သိထားရပါတယ်။